ရန်ကုန်လူမိုက် ကျော်ဝင်းစိန်ကို သတ်ခံသူ (၉)ဦးအား စစ်တပ်နှင့်ရဲက အင်အား(၄၀)ကျော် အသုံးပြုကာ ဖမ်းဆီးရ

ရန်ကုန်လူမိုက် ကျော်ဝင်းစိန်ကို သတ်ခံသူ (၉)ဦးအား စစ်တပ်နှင့်ရဲက အင်အား(၄၀)ကျော် အသုံးပြုကာ ဖမ်းဆီးရ

 ရန်ကုန်လူမိုက် ကျော်ဝင်းစိန်ကို သတ်ခဲ့သည်ဆိုသည့် ရဲမျိုးသိန်း (ခ) ငမျိုး အပါအဝင် (၉)ဦးကို စစ်ကိုင်းမြို့တွင် စစ်တပ်နှင့်ရဲ အင်အား (၄၀)ကျော် အသုံးပြုပြီး ဖမ်းဆီးလိုက်ရကြောင်း သိရသည်။ 

ရန်ကုန်လူမိုက် ကျော်ဝင်းစိန်ကို သတ်ရာတွင် ဦးဆောင်သူဟု သတ်မှတ်ထားသည့် ရဲမျိုးသိန်း (ခ) ငမျိုး အပါအဝင် (၉)ဦးကို ၂၀၂၄ခုနှစ် မတ်လ(၆)ရက်နေ့ မွန်းလွဲပိုင်းအချိန်က  စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ သစ္စစေတီဘုရားအနီး ပုဗ္ပာရုံကျောင်းအတွင်း စစ်တပ်နှင့်ရဲ အင်အား (၄၀)ကျော် အသုံးပြုပြီး ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ သစ္စစေတီဘုရားအနီး ပုဗ္ပာရုံကျောင်းအတွင်း၌ ဘုရားတည်ရန်ဟု ဆိုကာ တိမ်းရှေင်နေရင်း ရဲတပ်ဖွဲ့က သတင်းအရ ဖမ်းဆီးခြင်းဖြစ်ပြီး ဖမ်းဆီးချိန်တွင်လည်း ထွက်ပြေးရန်ကြိုးစားသည့်အတွက် ပစ်ခတ်ဖမ်းဆီးရသည်ဟု သိရသည်။

ဦးဆောင်သူ  ရဲမျိုးသိန်း (ခ) ငမျိုး

စစ်တပ်နှင့်ရဲ အင်အားသုံးကာ   ရဲမျိုးသိန်း (ခ) ငမျိုး ၊ အောင်ကျော်ကြား (ခ) ကျော်ကြီး၊ ဟိန်းထက်အောင် (ခ) ခေါင်းကြီး၊  အောင်မြတ်မင်း (ခ) အောင်ကြီး၊ ဥက္ကာ၊ အောင်တင်မြင့်ထွေး (ခ) အောင်လေး၊ ကျော်ဆန်းလင်း (ခ) သံမဏိ၊  မျိုးမင်းနိုင် (ခ) အရှည်ကြီး နှင့်   ဇော်မင်းဦး (ခ) တွတ်ပီတို့အား ဖမ်းဆီးရမိချိန်တွင် ၎င်းတို့ထံမှ ဓါးရှည် (၅) ချောင်း၊ ဓါးမြှောင် (၂) ချောင်း၊ လေးခွ (၁) လက်၊ သံကုန်းသီး (၄၂) လုံးနှင့် အခြားဆက်စပ်ပစ္စည်းများ အပြင် ကား(၂)စီးလည်း သိမ်းဆည်းရရှိကြောင်း သိရသည်။

 ၎င်းတို့အား ရန်ကုန်တိုင်း အလုံမြို့နယ်ရဲစခန်းတွင် (ပ)၅၄/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅/၃၉၇ ဖြစ် အမှုဖွင့်ထားသည့်အတွက် ရန်ကုန်တိုင်းသို့ လွှဲပြောင်းပေးထားကြောင်း သိရသည်။

သတ်ခံရသည့် ရန်ကုန်လူမိုက် ကျော်ဝင်းစိန်သည် ထောင်ဖောက်ပြေးမှု၊ ပြန်ပေးဆွဲမှု၊ လုယက်မှု၊ ဓားပြမှုများနှင့် မူးယစ်မှုများဖြင့် ထောင်ဒဏ် (၇၅)နှစ်ကျော် ချခံထားရာမှာ ၂၀၂၁ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် လွတ်ငြိမ်းဖြင့် ပြန်လည် လွတ်မြောက်လာပြီးနောက် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၈)ရက်နေ့ ည(၁၁)နာရီအချိန်က ကြည့်မြင်တိုင်မြို့နယ်တွင် ဓါးဖြင့် ခုတ်သတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။