ပင်လုံမြို့တွင် ဖွင့်လှစ်မည့် မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း တက်ရောက်လိုသူများ ဇန်နဝါရီလ (၂၇)ရက်နေ့ နောက်ဆုံးထားကာ စာရင်းပေးသွင်းနိုင်

ပင်လုံမြို့တွင် ဖွင့်လှစ်မည့် မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း တက်ရောက်လိုသူများ ဇန်နဝါရီလ (၂၇)ရက်နေ့ နောက်ဆုံးထားကာ စာရင်းပေးသွင်းနိုင်
ဇန်နဝါရီ 25, 2020
By Tachileik News Agency

ပင်လုံမြို့တွင် ဖွင့်လှစ်မည့် မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း တက်ရောက်လိုသူများ ဇန်နဝါရီလ (၂၇)ရက်နေ့ နောက်ဆုံးထားကာ စာရင်းပေးသွင်းနိုင်

ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လုံမြို့၊ ပန်းတန်းဘောကျေးရွာတွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့မှ ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့အထိ မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်း အခြေခံအဆင့်ကို ဖွင့်လှစ်မည်ဖြစ်၍ တက်ရောက်လိုသူများ ဇန်နဝါရီလ (၂၇)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်း နိုင်ကြကြောင်း သိရသည်။

“သင်တန်းမှာ အသက်အရွယ်၊ ပညာအရည်အချင်း ကန့်သတ်ထားတာမရှိပါဘူး။ သင်တန်းတက်မယ်ဆိုရင် ဇန်နဝါရီလ (၂၇)ရက်နေ့လောက် နောက်ဆုံးထားပြီး ဆက်သွယ်စာရင်းပေးထားပြီး နေဖို့ထိုင်ဖို့ အဆင်ပြေမပြေ ပြောထားပေးရုံပါပဲ။ သင်တန်းက ဘုန်းကြီးကျောင်းမှာပဲ ဖွင့်မှာဆိုတော့ အကယ်၍ နေထိုင်ဖို့ အခက်အခဲရှိရင် အဲဒီမှာတော့ နေလို့ရပါတယ်။ သင်တန်းကို အဓိက စီစဉ်တာကတော့ အဲဒီက ကိုရဲနိုင်က စီစဉ်တာပါ။ ကျွန်တော်တို့ဌာနက သင်တန်းပေးတဲ့အပိုင်း လုပ်ပေးတာပါ”

ဟု ရှမ်းပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသက်နိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်မည့်အပြင် ကိုယ်ပိုင်ဆိုင်ကယ်ပြုပြင်ရေးဆိုင် ဖွင့်လှစ်နိုင်သည်အထိ သင်ကြားပေးမည်ဖြစ်ကြောင်း သိရပြီး သင်တန်းတက်ရောက်လိုသူများအနေဖြင့် ဖုန်း ၀၈၁ ၂၀၆၈၂၉ နှင့် ၀၉ ၄၀၂၅၅၅၃၉၁ တို့သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း မိမိတို့ဒေသနှင့်သင့်လျော်သည့်သင်တန်းများ ရရှိလိုပါက ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဖုန်း ၀၈၁ ၂၀၆၈၂၉ သို့ ဆက်သွယ်နိုင်ကြောင်းသိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~