မင်းဘူး မန်းစက်တော်ရာ ဘုရားပွဲတော်ကို ဇန်နဝါရီ (၂၉)မှစ၍ ရက်ပေါင်း(၈၀)ကြာ ကျင်းပမည်

မင်းဘူး မန်းစက်တော်ရာ ဘုရားပွဲတော်ကို ဇန်နဝါရီ (၂၉)မှစ၍ ရက်ပေါင်း(၈၀)ကြာ ကျင်းပမည်
ဇန်နဝါရီ 20, 2020
By Tachileik News Agency

မင်းဘူး မန်းစက်တော်ရာ ဘုရားပွဲတော်ကို ဇန်နဝါရီ (၂၉)မှစ၍ ရက်ပေါင်း(၈၀)ကြာ ကျင်းပမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု)မြို့နယ်တွင် မန်းစက်တော်ရာဘုရားပွဲကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၉)ရက်နေ့တွင် စတင်ဖွင့်လှစ်ပြီး ရက်ပေါင်း(၈၀)ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“ဘုရားပွဲတော်ကို နှစ်စဉ်ဖွင့်ပွဲကျင်းပမြဲဖြစ်တဲ့ ၁၃၈၁ ခုနှစ် တပို့တွဲလဆန်း(၅)ရက်၊ ၂၀၂၀ခုနှစ် ဇန္နဝါရီလ (၂၉)ရက်နေ့ မနက်ပိုင်းမှာ သီတဂူဆရာတော်ကြီးက စတင်ဖွင့်လှစ်ပေးမှာဖြစ်ပြီး အောက်စက်တော်ရာ၊ အထက်စက်တော်ရာ ဖွင့်ပြီးတာနဲ့ ကိုးခန်းကြီးတန်ဆောင်းတော်ဖွင့်ပွဲနဲ့ အထက်စက်တော်ရာစေတီရွှေထီးတော်၊ ငှက်မြတ်နားတော်တင်လှူ ပူဇော်ပွဲကို ဆက်လက်ပြုလုပ်ကျင်းပသွားမှာပါ”ဟု ရွှေစက်တော်ဘုရားကြီး ဗုဒ္ဓပူဇနိယ ပွဲတော်ကျင်းရေး လုပ်ငန်းကော်မတီဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇန်နဝါရီလ (၂၀)ရက်နေ့တွင် ပြောသည်။

ဖွင့်ပွဲအကြိုနေ့ဖြစ်သည့် ဇန်နဝါရီလ(၂၈)ရက်နေ့ ညနေပိုင်းတွင် နိုင်ငံကျော်တေးသံရှင် အဆိုတော် မာမာအေး၊ ရန်ပိုင်စိုး၊ စိုးစန္ဒာထွန်း၊ ဗညားဟန်တို့နှင့်အတူ Myanmar Idol Winner ဆုရှင်  အက်စတာနှင့် အေးမြဖြူတို့၏ ဖျော်ဖြေပွဲ ရှိမည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်ကာလအတွင်း လုံခြုံရေးဝန်ထမ်း(၃၀) ဦးခန့်က တာဝန်ယူထားမည်အပြင် ဘုရားပွဲတော်ကျင်းပရာ နေရာအတွင်း CCTV ကင်မရာအလုံး (၅၀) ကျော် တပ်ဆင်ထားမည်ဖြစ်ကြောင်း သိရသည်။

ဘုရားပွဲတော်ကို ၂၀၁၉ ခုနှစ်က (၆၈) ရက်ကြာကျင်းပခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် ဇန်နဝါရီလ(၂၉) ရက်မှ ဧပြီလ(၁၇)ရက်နေ့အထိ ရက်ပေါင်း(၈၀)ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~