တာချီလိတ်သို့ ခိုးဝင်လာသည့် ထိုင်းနိုင်ငံသားတစ်ဦးကို ပြစ်ဒဏ်စေ့၍ ထိုင်းဘက်သို့ ပြည်နှင်

တာချီလိတ်သို့ ခိုးဝင်လာသည့် ထိုင်းနိုင်ငံသားတစ်ဦးကို ပြစ်ဒဏ်စေ့၍ ထိုင်းဘက်သို့ ပြည်နှင်
ဇန်နဝါရီ 21, 2020
By Tachileik News Agency

တာချီလိတ်သို့ ခိုးဝင်လာသည့် ထိုင်းနိုင်ငံသားတစ်ဦးကို ပြစ်ဒဏ်စေ့၍ ထိုင်းဘက်သို့ ပြည်နှင်

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့သို့ တရားမဝင် ဝင်ရောက်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသည့် ထိုင်းနိုင်ငံသားတစ်ဦး ပြစ်ဒဏ်စေ့ပြီဖြစ်၍ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၁)ရက်နေ့၌ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ် (၁) တံတားမှနေ၍ ပြည်နှင်ဒဏ်ပေးလိုက်ပြီဖြစ်သည်။

ထိုင်းနိုင်ငံသား နောင်ငင်းကို တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ နေအိမ်တွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၈)ရက်နေ့က ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်မှနေ၍ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက် အတွင်းရှိ မယ်ဆိုင်ချောင်းမှ တရားမဝင် ဖြတ်ကူးလာခြင်းဖြစ်ကြောင်း  စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတွင်း တရားမဝင် ဝင်ရောက်သဖြင့် ၁၉၅၇ ခုနှစ်၊ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၃(၁) ကျူး/၁၃(၁)အရ ဒဏ်ငွေကျပ် (၅)သိန်း သို့မဟုတ် ထောင်ဒဏ် (၆)လ ကျခံစေရန် တာချီလိတ်မြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~