တာချီလိတ်တွင် မော်တော်ယာဉ်ဘေးအန္တရာယ်ကင်းရှင်းရေး တစ်ပတ်လျှင် သုံးကြိမ် စစ်ဆေးမည်

တာချီလိတ်တွင် မော်တော်ယာဉ်ဘေးအန္တရာယ်ကင်းရှင်းရေး တစ်ပတ်လျှင် သုံးကြိမ် စစ်ဆေးမည်
ဒီဇင်ဘာ 21, 2019
By Tachileik News Agency
တာချီလိတ်တွင် မော်တော်ယာဉ်ဘေးအန္တရာယ်ကင်းရှင်းရေး တစ်ပတ်လျှင် သုံးကြိမ် စစ်ဆေးမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မော်တော်ယာဉ် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်များနှင့် ယာဉ်မောင်းများကို စစ်ဆေးခြင်းအား မြို့အဝင်ရှိ တာချီလိတ် - ကျိုင်းတုံလမ်းမကြီး၌ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်နေ့တွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့်ပူးပေါင်းအဖွဲ့က လုပ်ဆောင်သည်။

"တစ်ပတ်ကို သုံးကြိမ်၊ တစ်လကို (၁၂) ကြိမ်လောက် စစ်မှာပါ။ အဓိက က ခရီးသည်တင်ယာဉ်တွေမှာ ခရီးသည်တွေ ထိုင်ခုံခါးပတ် ပတ်ထားလား၊ မပတ်ထားဘူးလား။ ကားပေါ်မှာ မီးသတ်ဆေးဘူး ပါ၊ မပါ၊ အရေးပေါ် ထွက်ပေါက်တွေမှာ ပစ္စည်းတွေ ပိတ်မထားဘဲ လွယ်လွယ်ကူကူ ထွက်နိုင်ခြင်း ရှိ၊ မရှိ၊ တာယာတွေကောင်း၊ မကောင်း ဒါတွေ အဓိကထားပြီး စစ်တာပါ"ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာချီလိတ်ခရိုင် ဦးစီးမှူး ဦးထွန်းထွန်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယင်းကဲ့သို့ စစ်ဆေးမှုကို ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန၊ အမှတ်(၁၁၉) ယာဉ်ထိန်းတပ်ဖွဲ့စု(တာချီလိတ်ခရိုင်)မှ တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်သည့် အဖွဲ့ဖြင့် နံနက် (၈)နာရီမှ (၁၀)နာရီအထိ ဆောင်ရွက်ကြခြင်းဖြစ်သည်။

ယင်းကဲ့သို့ စစ်ဆေးရာတွင် မော်တော်ယာဉ်မောင်းများ အရက်သောက်ထားမှု ရှိ မရှိကိုပါ စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း -  ဟန်စိုးထိုက်
ဓါတ်ပုံ -  ကညန

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~