[ကြော်ငြာ]🌾 အစားအသောက်ကောင်းကောင်း သဘာဝရှုခင်းတွေနဲ့ မယ်ဆိုင်က ထုန့်နားခေါက် (ทุ่งนาข้าว)

[ကြော်ငြာ]🌾 အစားအသောက်ကောင်းကောင်း သဘာဝရှုခင်းတွေနဲ့ မယ်ဆိုင်က ထုန့်နားခေါက် (ทุ่งนาข้าว)
ဒီဇင်ဘာ 30, 2019
By 🌸
[ကြော်ငြာ]🌾 အစားအသောက်ကောင်းကောင်း သဘာဝရှုခင်းတွေနဲ့ မယ်ဆိုင်က ထုန့်နားခေါက် (ทุ่งนาข้าว)

🌾 မယ်ဆိုင်ကိုရောက်လို့ သဘာဝရှုခင်းတွေကြည့်ရင်း အေးချမ်းဆိတ်ငြိမ်တဲ့ သီးသန့်နေရာလေးမှာ အစားအသောက် ကောင်းကောင်းနဲ့ အနားယူချင်တယ်ဆိုရင် မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ် (၁)တံတားကနေ နာရီဝက်လောက်ခရီးမှာရှိနေတဲ့ ထုန့်နားခေါက် စားသောက်ဆိုင် (ทุ่งนาข้าว)က ကြိုဆိုပါတယ်

🌾 ထိုင်း၊ ရှမ်း၊ တရုတ်၊ ယူနန်စတိုင် ထူးကဲ အရသာရှိလှ အစားအသောက်မျိုးစုံကို စိတ်ကြိုက် ရွေးချယ်နိုင်မှာဖြစ်တဲ့အပြင် ပင်လယ်စာနဲ့ အပူ၊အအေး၊ အဖျော်ယမကာမျိုးစုံလည်း ရရှိနိုင်ပါတယ်

🌾 ထုန့်နားခေါက် (ทุ่งนาข้าว)က ဧည့်သည်တော်တို့ မှာယူတဲ့အစားအသောက်များ အရသာထူးကဲစေရန်နဲ့ မြန်ဆန်တဲ့ ဝန်ဆောင်မှုတို့အတွက် အမြဲအလေးထားပါတယ်

🌾 ပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်စရာကင်းတဲ့ နေရာလေးမှာ သဘာဝရှုခင်းတွေကို ဓါတ်ပုံရိုက်ရင်း မိသားစု၊ အပေါင်းအသင်းများနဲ့ လည်ပတ်ရင်း စားသောက်တာပဲဖြစ်ဖြစ် မွေးနေ့ပွဲ၊ အထိမ်းအမှတ်ပွဲတွေ ထူးထူးခြားခြား လှလှပပ အမှတ်တရ ကျင်းပချင်တာပဲဖြစ်ဖြစ်၊ အလုပ်ကိစ္စအေးအေးဆေးဆေး ဆွေးနွေးချင်ကြတာပဲဖြစ်ဖြစ် ထုန့်နားခေါက် (ทุ่งนาข้าว)ရှိနေပါပြီ

🌾 အထူးအစီအစဉ်အနေနဲ့ ထုန့်နားခေါက် (ทุ่งนาข้าว)ကို အဖွဲ့လိုက်လာလည်ချင်ပေမဲ့ သွားလာရ အခက်အခဲရှိတယ်ဆိုရင် ထိုင်းဖုန်း 082 760 3934 ကို ခေါ်လိုက်တာနဲ့ ဆိုင်ကိုလာလည်နိုင်ဖို့ စီစဉ်ပေးပါတယ်

🌾 မယ်ဆိုင်ဂူလို့ အများသိထားတဲ့ ထမ့်လွမ်ဂူရှိရာ ဒွိုင်းနန်းနွန်းတောင်အပါအဝင် သဘာဝပတ်ဝန်းကျင် ရှုခင်းလှလှတွေနဲ့ ဓါတ်ပုံရိုက်ချင်သူတွေအတွက် ဝါးနဲ့တည်ဆောက်ပေးထားတဲ့ မျှော်စင်လေးလည်း ရှိနေပါတယ်

🌾 တာချီလိတ်ဘက်ကလာမယ်ဆိုရင် မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၁)တံတားကနေ မယ်ဆိုင်လမ်းမကြီးအတိုင်း ချင်းရိုင်းသွားတဲ့ဘက်က ဘန့်ထန့်စစ်ဆေးရေးဂိတ်မရောက်ခင် ပုံဖာရပ်ကွက်ထဲက ကားလမ်းမကြီး ဘေးမှာပဲ ရှိနေပါတယ်။ တံတားကူးလက်မှတ်နဲ့ လာလို့ရတဲ့နေရာမှာပဲ ရှိနေပါတယ်

🌾 ဆိုင်ကို ပိတ်ရက်မရှိ နေ့စဉ် ထိုင်းစံတော်ချိန် နံနက် (၉)နာရီကနေ ည (၉)နာရီအထိဖွင့်လှစ်ပါတယ်

Tachileik News Agency