တာချီလိတ်ရှိ တိုင်းရင်းသားလူငယ်သက်မွေးသင်တန်းကျောင်းက အခမဲ့ ဖွင့်လှစ်သင်ကြားပေးသည့် သင်တန်းမှ သင်တန်းသား လူငယ်(၁၆)ဦး သင်တန်းဆင်း

တာချီလိတ်ရှိ တိုင်းရင်းသားလူငယ်သက်မွေးသင်တန်းကျောင်းက အခမဲ့ ဖွင့်လှစ်သင်ကြားပေးသည့် သင်တန်းမှ သင်တန်းသား လူငယ်(၁၆)ဦး သင်တန်းဆင်း
ဒီဇင်ဘာ 14, 2019
By Tachileik News Agency
တာချီလိတ်ရှိ တိုင်းရင်းသားလူငယ်သက်မွေးသင်တန်းကျောင်းက အခမဲ့ ဖွင့်လှစ်သင်ကြားပေးသည့် 
သင်တန်းမှ သင်တန်းသား လူငယ်(၁၆)ဦး သင်တန်းဆင်း
 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လူငယ်များအတွက် အခမဲ့သက်မွေးသင်တန်းကျောင်းများ ဖွင့်ပေးနေသည့် တိုင်းရင်းသားလူငယ်သက်မွေးသင်တန်းကျောင်းမှ အလုပ်သင် သင်တန်းဆင်းပွဲကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် အဆိုပါ သင်တန်းကျောင်း၌ ကျင်းပသည်။

 သက်မွေးသင်တန်းကျောင်းကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လမှ နိုဝင်ဘာလအထိ (၄)လတာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသူ၊ သင်တန်းသား (၁၆) ဦးကို သင်တန်းပြီးမြောက်ကြောင်းလက်မှတ်များ ချီးမြှင့်ပေးခြင်းဖြစ်သည်။

“အလုပ်သင် ဝင်နေတယ်။ တစ်ချို့တွေက ဟိုတယ်၊ ဝပ်ရှော့တွေမှာ (၃)လအလုပ်သင် ဝင်နေကြရပြီ။ အများစုကတော့ ဟိုတယ်မှာ အလုပ်ဝင်ကြတယ်။ အခု နောက်ထပ် ဇန်နဝါရီမှာ ပြန်စမယ့်သင်တန်းမှာလည်း သင်တန်းသား (၁၆) ယောက် ဒါမှမဟုတ် (၁၈)ယောက်လောက် လက်ခံနိုင်မယ်ခင်ဗျ။ လျှောက်ထားသူတွေထဲကမှ သင်တန်းနဲ့ ကိုက်ညီမယ့်သူတွေ ရွေးပါတယ်။ အဓိကကတော့ အလုပ်လုပ်ချင်တဲ့သူတွေကို အဓိကထားရွေးပါတယ်”ဟု တိုင်းရင်းသားလူငယ်သက်မွေးသင်တန်းကျောင်း ဥက္ကဌဖြစ်သူ ဦးယုဒက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ သင်တန်းကျောင်းမှ (၄)လတာ သက်မွေးသင်တန်းများကို ဆက်တိုက်ဖွင့်လှစ်ပေးနေရာ ယခုသင်တန်းမှာ (၅)ကြိမ်မြောက် သင်တန်းဖြစ်ကြောင်း သိရပြီး အခြားသော အလုပ်ခွင်အတွက် ကြိုတင်ပြင်ဆင်သည့် သင်တန်းများကိုလည်း ဖွင့်လှစ်ပေးနေကြောင်း သိရသည်။

သက်မွေးသင်တန်းကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲသို့  တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်နှင့် ဖိတ်ကြားထားသူများ တက်ရောက်ချီးမြှင့်ကြကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - EYT

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~