ဂျပန်နိုင်ငံတွင် ငလျင်ဘေးသရုပ်ပြအဖြစ် လွှတ်တော်ကိုယ်စားလှယ်များ လေ့ကျင့်

ဂျပန်နိုင်ငံတွင် ငလျင်ဘေးသရုပ်ပြအဖြစ် လွှတ်တော်ကိုယ်စားလှယ်များ လေ့ကျင့်
နိုဝင်ဘာ 29, 2019
By Tachileik News Agency
ဂျပန်နိုင်ငံတွင် ငလျင်ဘေးသရုပ်ပြအဖြစ် လွှတ်တော်ကိုယ်စားလှယ်များ လေ့ကျင့်

ငလျင်ဒဏ် မကြာခဏကြုံတွေ့ရသည့် ဂျပန်နိုင်ငံတွင် လွှတ်တော်ကိုယ်စားလှယ်များမှ ငလျင်ဘေးသရုပ်ပြလေ့ကျင့်မှုအဖြစ် အောက်လွှတ်တော်တွင် အရေးပေါ်ကာကွယ်ရေးဦးထုပ် ဆောင်းခြင်းကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်နေ့က ပြုလုပ်ခဲ့ကြသည်။

လွှတ်တော်အစည်းအဝေးကျင်းပချိန်တွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ထိုင်ခုံအောက်၌ ထည့်ပေးထားသည့် အရေးပေါ်ကာကွယ်ရေးဦးထုပ်များကို ထုတ်ယူပြီး ဆောင်းခြင်းအား အောက်လွှတ်တော် ဥက္ကဌ တဒမိုရီ အိုရှိမ ဦးဆောင်၍ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သဘာဝဘေးကြုံပါက အရေးပေါ်အသုံးပြုနိုင်ပြီး ခေါက်သိမ်း၍ရသည့် အဆိုပါ အရေးပေါ်ကာကွယ်ရေး ဦးထုပ်များကို ထိုင်ခုံအောက်တွင် ချိတ်၍ထားရှိပေးထားခြင်းဖြစ်ရာ အရေးပေါ် ကြုံတွေ့ရသည့် အခါမျိုးတွင် ဦးခေါင်းထိခိုက်မှုမရှိစေရန် အသုံးပြုနည်းကို လေ့ကျင့်ကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် ၂၀၁၇ ခုနှစ်၊ မတ်လက ပြုလုပ်ခဲ့ပြီးကတည်းက ဒုတိယအကြိမ်မြောက်အဖြစ် လေ့ကျင့်မှုလုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

အရေးပေါ်သရုပ်ပြမှုအတွင်း အချို့သောလွှတ်တော်ကိုယ်စားလှယ်များမှာ အရေးပေါ်ကာကွယ်ရေးဦးထုပ် အသုံးပြုပုံကို အကူအညီရယူနေရသည်ကိုလည်းတွေ့ရကြောင်း သိရသည်။

Tachileik News Agency
Ref; Japan Times



~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~