က်ဳိင္းတံုၿမိဳ႕တြင္း အမႈိက္ကားမေရာက္သည့္ ရပ္ကြက္လမ္းၾကားမ်ားအထိ အမႈိက္သိမ္းႏုိင္ေရး အမႈိက္သိမ္းယာဥ္ (၂)စီးျဖင့္ ထပ္တိုးေဆာင္ရြက္မည္

က်ဳိင္းတံုၿမိဳ႕တြင္း အမႈိက္ကားမေရာက္သည့္ ရပ္ကြက္လမ္းၾကားမ်ားအထိ အမႈိက္သိမ္းႏုိင္ေရး အမႈိက္သိမ္းယာဥ္ (၂)စီးျဖင့္ ထပ္တိုးေဆာင္ရြက္မည္
စက်တင်ဘာ 24, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ လက္ရိွ အမိႈက္ကားမဝင္ႏုိင္ေသးသည့္ ရပ္ကြက္မ်ားအထိ အမိႈက္သိမ္းနုိင္ေရးအတြက္ စည္ပင္သာယာေရးေကာ္မတီက အမိႈက္သိမ္း ယာဥ္ (၂) စီးထပ္မံ ျဖည့္တင္းၿပီး ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလမွစ၍ အမိႈက္သိမ္းစနစ္ တိုးတက္ေရး လုပ္ေဆာင္မည္ျဖစ္ေၾကာင္း သိရသည္။

"ေအာက္တိုဘာလ (၁) ရက္ေန႔ ဘတ္ဂ်က္အသစ္ကေနစၿပီးေတာ့မွ အမိႈက္သိမ္းစနစ္ တိုးတက္ ေကာင္းမြန္ေအာင္ လုပ္မယ္ဆိုၿပီး ဆံုးျဖတ္ထားတယ္။ အမိႈက္ကား (၂) စီးထပ္ဝယ္ၿပီးရင္ အမိႈက္ကား မေရာက္တဲ့ေနရာေတြကို လိုက္ၿပီးအမိႈက္ေတြ သိမ္းမယ္။ စည္ပင္သာယာေရးဌာနက ကုမၸဏီနဲ႔ေပါင္းၿပီး လမ္းဆံု၊ လမ္းခြကအမိႈက္ေတြ၊ လမ္းေပၚမွာရိွတဲ့အမိႈက္ေတြ သိမ္းဆည္းသြားမယ္"ဟု က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရိွ ဦးေက်ာ္မင္းထိုက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔  စက္တင္ဘာလ (၂၃)ရက္ေန႔က ေျပာသည္။

က်ိဳင္းတံုၿမို႕တြင္း အမိႈက္သိမ္းလုပ္ငန္းကို ႏွစ္ (၃၀)စာခ်ဳပ္ျဖင့္ လုပ္ကိုင္ခြင့္ ရထားသည့္ ပုဂၢလိကကုမၸဏီ စိမ္ေရကန္ႏွင့္ စည္ပင္သာယာေရးေကာ္မတီတို႔ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၀) ရက္ေန႔က ေတြ႕ဆံုၿပီး အမိႈက္သိမ္းစနစ္ တိုးတက္ေကာင္းမြန္ေစေရး ေဆြးေႏြးခ့ဲၾကျခင္းျဖစ္ေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕တြင္းရိွ လမ္းဆံုလမ္းခြမ်ားတြင္ အမိႈက္ပံုမ်ားျဖစ္ေပၚေနသည့္အတြက္ အမိႈက္မ်ားကို ပူးေပါင္းသိမ္းဆည္းႏိုင္ရန္စီစဥ္ခဲ့ၾကသည့္အျပင္ အမိႈက္မ်ားစနစ္တက် စြန္႔ပစ္ေရးအတြက္ အသိေပး ဆိုင္းဘုတ္မ်ားကိုလည္း စိုက္ထူထားေၾကာင္း သိရသည္။

"အမိႈက္ေတြက သိမ္းေနေပမဲ့ ရပ္ကြက္ေတြက အခြန္ေတြကို အျပည့္အဝမေဆာင္တာေတြရိွတယ္။ အမိႈက္ေတြကို ပံုမွန္လာမသိမ္းဘူးဆိုၿပီးေတာ့ အေၾကာင္းျပတယ္။ စက္တင္ဘာလနဲ႔ ေအာက္တိုဘာလကို ဝန္ေဆာင္မႈအျပည့္ေပးဖို႔ အစီအစဥ္ရိွတယ္။ ကုမၸဏီနဲ႔ စီစဥ္ထားတယ္။ သက္မွတ္ရက္အတိုင္း အမိႈက္သိမ္းမယ္။ ဝန္ေဆာင္မႈ အျပည့္ေပးမယ္။ (၁၀) လကုန္ေနာက္ပိုင္းမွာ ေငြေၾကးေကာက္ခံမႈ အပိုင္းေတြကို စည္ပင္သာယာေရးေကာ္မတီက အမိႈက္သိမ္းဆည္းေရးေကာ္မတီနဲ႔ ပူးေပါင္းၿပီးမွ ကူညီေဆာင္ရြက္ေပးမွာပါ"ဟု က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရိွ ဦးေက်ာ္မင္းထုိက္က ေျပာသည္။

က်ိဳင္းတံုၿမို႕တြင္း အမိႈက္သိမ္းဆည္းေရးအတြက္ ႏွစ္ (၃၀) စာခ်ဳပ္ျဖင့္ ေဆာင္ရြက္ေနသည့္ စိန္ေရကန္ကုမၸဏီ၏  (၅) ႏွစ္ေက်ာ္ကာလအတြင္း အမိႈက္သိမ္းဆည္းေရးႏွင့္ ပတ္သက္ၿပီး ေတြ႕ဆံုေဆြးေႏြးခဲ့ၾကကာ ရပ္ကြက္မ်ားအတြင္း အမိႈက္မ်ားပံုမွန္သိမ္းဆည္းႏိုင္ေရးအတြက္ စီမံခ်က္မ်ား ေရးဆြဲခဲ့ၾကသည္ဟု သိရသည္။

Tachileik News Agency
သတင္း  - ဟန္စိုးထုိက္
ဓါတ္ပံု - က်ဳိင္းတံုစည္ပင္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် လက်ရှိ အမှိုက်ကားမဝင်နိုင်သေးသည့် ရပ်ကွက်များအထိ အမှိုက်သိမ်းနိုင်ရေးအတွက် စည်ပင်သာယာရေးကော်မတီက အမှိုက်သိမ်း ယာဉ် (၂) စီးထပ်မံ ဖြည့်တင်းပြီး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှစ၍ အမှိုက်သိမ်းစနစ် တိုးတက်ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

"အောက်တိုဘာလ (၁) ရက်နေ့ ဘတ်ဂျက်အသစ်ကနေစပြီးတော့မှ အမှိုက်သိမ်းစနစ် တိုးတက် ကောင်းမွန်အောင် လုပ်မယ်ဆိုပြီး ဆုံးဖြတ်ထားတယ်။ အမှိုက်ကား (၂) စီးထပ်ဝယ်ပြီးရင် အမှိုက်ကား မရောက်တဲ့နေရာတွေကို လိုက်ပြီးအမှိုက်တွေ သိမ်းမယ်။ စည်ပင်သာယာရေးဌာနက ကုမ္ပဏီနဲ့ပေါင်းပြီး လမ်းဆုံ၊ လမ်းခွကအမှိုက်တွေ၊ လမ်းပေါ်မှာရှိတဲ့အမှိုက်တွေ သိမ်းဆည်းသွားမယ်"ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ (၂၃)ရက်နေ့က ပြောသည်။

ကျိုင်းတုံမြို့တွင်း အမှိုက်သိမ်းလုပ်ငန်းကို နှစ် (၃၀)စာချုပ်ဖြင့် လုပ်ကိုင်ခွင့် ရထားသည့် ပုဂ္ဂလိကကုမ္ပဏီ စိမ်ရေကန်နှင့် စည်ပင်သာယာရေးကော်မတီတို့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့က တွေ့ဆုံပြီး အမှိုက်သိမ်းစနစ် တိုးတက်ကောင်းမွန်စေရေး ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင်းရှိ လမ်းဆုံလမ်းခွများတွင် အမှိုက်ပုံများဖြစ်ပေါ်နေသည့်အတွက် အမှိုက်များကို ပူးပေါင်းသိမ်းဆည်းနိုင်ရန်စီစဉ်ခဲ့ကြသည့်အပြင် အမှိုက်များစနစ်တကျ စွန့်ပစ်ရေးအတွက် အသိပေး ဆိုင်းဘုတ်များကိုလည်း စိုက်ထူထားကြောင်း သိရသည်။

"အမှိုက်တွေက သိမ်းနေပေမဲ့ ရပ်ကွက်တွေက အခွန်တွေကို အပြည့်အဝမဆောင်တာတွေရှိတယ်။ အမှိုက်တွေကို ပုံမှန်လာမသိမ်းဘူးဆိုပြီးတော့ အကြောင်းပြတယ်။ စက်တင်ဘာလနဲ့ အောက်တိုဘာလကို ဝန်ဆောင်မှုအပြည့်ပေးဖို့ အစီအစဉ်ရှိတယ်။ ကုမ္ပဏီနဲ့ စီစဉ်ထားတယ်။ သက်မှတ်ရက်အတိုင်း အမှိုက်သိမ်းမယ်။ ဝန်ဆောင်မှု အပြည့်ပေးမယ်။ (၁၀) လကုန်နောက်ပိုင်းမှာ ငွေကြေးကောက်ခံမှု အပိုင်းတွေကို စည်ပင်သာယာရေးကော်မတီက အမှိုက်သိမ်းဆည်းရေးကော်မတီနဲ့ ပူးပေါင်းပြီးမှ ကူညီဆောင်ရွက်ပေးမှာပါ"ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က ပြောသည်။

ကျိုင်းတုံမြို့တွင်း အမှိုက်သိမ်းဆည်းရေးအတွက် နှစ် (၃၀) စာချုပ်ဖြင့် ဆောင်ရွက်နေသည့် စိန်ရေကန်ကုမ္ပဏီ၏ (၅) နှစ်ကျော်ကာလအတွင်း အမှိုက်သိမ်းဆည်းရေးနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးခဲ့ကြကာ ရပ်ကွက်များအတွင်း အမှိုက်များပုံမှန်သိမ်းဆည်းနိုင်ရေးအတွက် စီမံချက်များ ရေးဆွဲခဲ့ကြသည်ဟု သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျိုင်းတုံစည်ပင်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net