မမှန်သတင်းပေးခဲ့သူများအား ပြန်လည်တရားစွဲဆိုသွားမည်ဟု အမှုမှတရားသေလွတ်မြောက်လာသူ ကျန်းမာရေးဝန်ထမ်း သားဖွားဆရာမက မီဒီယာသို့ ပြောကြား
မမှန်သတင်းပေးခဲ့သူများအား ပြန်လည်တရားစွဲဆိုသွားမည်ဟု အမှုမှတရားသေလွတ်မြောက်လာသူ ကျန်းမာရေးဝန်ထမ်း သားဖွားဆရာမက မီဒီယာသို့ ပြောကြား
ဇူလိုငျ 21, 2019
By Tachileik News Agency
ဒေါ်သန်းသန်းမြင့်သည် နေပြည်တော်တိုင်းမ်မှုခင်းဂျာနယ်မှ ဦးဝရိန်မိုးကို ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် လည်းကောင်း၊ နေပြည်တော်တိုင်းမ်မှုခင်းဂျာနယ်တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဦးသန်းထွန်းဝင်း (ခေါ်) မောင်ဇော်ပွင့်ဖြူအား ပုဒ်မ ၄၂၀ ဖြင့် လည်းကောင်း တရားစွဲဆို ရင်ဆိုင်နေဆဲကာလတွင် ၂၀၁၈ ခုနှစ် စက် တင်ဘာ (၁၁) ရက်နေ့က စိတ်ကြွဆေးပြားလက်ဝယ်တွေ့ရှိသည်ဟုဆိုကာ အဆိုပါအမှု ဖြင့် (၁၉) ရက် ကြာ ရဲစခန်း၌ ဖမ်းဆီးခံခဲ့ရကာ ၂၀၁၈ခုနှစ် အောက်တိုဘာ (၂) ရက်တွင် အာမခံရ၍ ဂန့်ဂေါမြို့နယ်တရားရုံး တွင် အမှုကို အချုပ်လွတ်ဖြင့် ရင်ဆိုင်ခဲ့ရပြီးနောက် ၂၀၁၉ခုနှစ် ဇူလိုင်လ(၁၅)ရက်နေ့တွင် တရားရုံးမှ အပြစ် မရှိဟု ဆိုကာ တရားသေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဖီးနစ်
~~~~~~~~⊰❂ Unicode Version ~~~~~~~~
မူးယစ်ဆေးမှုဖြင့် ဖမ်းဆီးခံခဲ့ရပြီး ဂန့်ဂေါမြို့နယ်တရားရုံးတွင် (၁၀)လကျော်ကြာအမှုရင်ဆိုင်ခဲ့ပြီးနောက် အမှုမှ တရားသေလွှတ်ရန် ဇူလိုင် (၁၅) ရက်က အမိန့်ချမှတ်၍ လွတ်မြောက်ခဲ့သူ ဂန့်ဂေါမြို့နယ်မှ ကျန်းမာရေး ဆရာမက မမှန်သတင်းပေးခဲ့သူများအား ပြန်လည်တရားစွဲဆိုသွားမည်ဟု ဇူလိုင်လ(၁၉)ရက်နေ့ တွင် မီဒီယာသို့ ပြောကြားခဲ့သည်။
“နပြေည်တော်တိုင်းမ်မှုခင်းဂျာနယ်က ဦးဝရိန်မိုးကို ကာမလိမ်လည်မှု၊ နပြေည်တော်တိုင်းမ်မှုခင်းဂျာနယ်မှာ တာဝန်ထမ်းဆောင်ခဲ့သူ ဦးသန်းထွန်းဝင်း(ခေါ်)မောင်ဇော်ပွင့်ဖြူကို ငွေကျပ် သိန်းနှစ်ဆယ်လိမ်လည်မှုတို့ နဲ့ တရားစွဲဆိုရင်ဆိုင်နေဆဲကာလမှာ လူယုတ်မာတစ်စုရဲ့ စိတ်ကြွဆေးပြားပစ်ပြီး အကွက်ဆင်အဖမ်း ခံခဲ့ ရတာပါ။ ဒီလ ဇူလိုင်(၁၅)ရက်နေ့မှာ ကျွန်မမှာ အပြစ်မရှိဘူးလို့ တရားရုံးကဆုံးဖြတ်ပြီး တရားသေလွှတ်လိုက်ပါပြီ။ ကျွန်မကို ဖမ်းဆီးအရေးယူခံရအောင် လုပ်ကြံဆေးပစ်ပြီး သတင်းပေးခဲ့သူတွေကို ပြန်အရေးယူ နိုင်ဖို့ ဥပဒေ နားလည်သူတွေ၊ ကျွန်မကို ကူညီနိုင်မယ့် သူတွေနဲ့ တိုင်ပင်ပြီး ဆောင်ရွက်သွားမှာပါ” ဟု မူးယစ် ဆေးမှုဖြင့် တရားရင်ဆိုင်ခဲ့ရသူ ကျန်းမာရေးဝန်ထမ်း သားဖွားဆရာမ ဒေါ်သန်းသန်းမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဒေါ်သန်းသန်းမြင့်သည် နပြေည်တော်တိုင်းမ်မှုခင်းဂျာနယ်မှ ဦးဝရိန်မိုးကို ရာဇသတ်ကြီးပုဒ်မ ၄၁၇ ဖြင့် လည်းကောင်း၊ နပြေည်တော်တိုင်းမ်မှုခင်းဂျာနယ်တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဦးသန်းထွန်းဝင်း (ခေါ်) မောင်ဇော်ပွင့်ဖြူအား ပုဒ်မ ၄၂၀ ဖြင့် လည်းကောင်း တရားစွဲဆို ရင်ဆိုင်နေဆဲကာလတွင် ၂၀၁၈ ခုနှစ် စက် တင်ဘာ (၁၁) ရက်နေ့က စိတ်ကြွဆေးပြားလက်ဝယ်တွေ့ရှိသည်ဟုဆိုကာ အဆိုပါအမှု ဖြင့် (၁၉) ရက် ကြာ ရဲစခန်း၌ ဖမ်းဆီးခံခဲ့ရကာ ၂၀၁၈ခုနှစ် အောက်တိုဘာ (၂) ရက်တွင် အာမခံရ၍ ဂန့်ဂေါမြို့နယ်တရားရုံး တွင် အမှုကို အချုပ်လွတ်ဖြင့် ရင်ဆိုင်ခဲ့ရပြီးနောက် ၂၀၁၉ခုနှစ် ဇူလိုင်လ(၁၅)ရက်နေ့တွင် တရားရုံးမှ အပြစ် မရှိဟု ဆိုကာ တရားသေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တရားစွဲဆိုထားသော ပုဒ်မ ၄၁၇ အမှုနှင့်ပတ်သက်၍ ဖေ့စ်ဘုတ်မက်စင်ဂျာ(Facebook Messenger )မှ အပြန်အလှန်ပြောကြားချက်များ၊ အသံဖိုင်များကို ထပ်တိုး သက်သေခံအဖြစ် တရားရုံးသို့ တင်သွင်းနိုင်ရန်လည်း ကြိုးပမ်း သွားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဖီးနစ်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
owif