ကယားပြည်နယ်အတွင်းရှိ တောင်သူလယ်သမားများအတွက် ငွေစု၊ ချေးငွေ ဥပဒေမူကြမ်းဖြစ်မြောက်ရန် ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေး
ကယားပြည်နယ်အတွင်းရှိ တောင်သူလယ်သမားများအတွက် ငွေစု၊ ချေးငွေ ဥပဒေမူကြမ်းဖြစ်မြောက်ရန် ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေး
ဇူလိုငျ 26, 2019
By Tachileik News Agency
၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့တွင်ပြုလုပ်သည့် ကယားပြည်နယ် လွှတ်တော်နှင့် တောင်သူလယ်သမားများ တွေ့ဆုံပွဲတွင်  တောင်သူများအနေဖြင့် တောင်ယာမြေများမှာ ပုံစံ(၇)များမရှိသောကြောင့် စိုက်ပျိုးရေး ချေးငွေရယူရန် အခက်အခဲရှိကြောင်း တင်ပြခဲ့သဖြင့် တောင်သူများအတွက် စိုက်ပျိုးချေးငွေများရယူရန် ပိုမိုလွယ်ကူ အကျိုးရှိစေမည့် စိုက်ပျိုးရေးဆိုင်ရာ ငွေစု၊ ချေးငွေ ဥပဒေကြမ်းအား စတင်ရေးဆွဲရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
တောင်သူများအတွက် ရေးဆွဲထားသည့် စိုက်ပျိုးရေးဆိုင်ရာငွေစု၊ ချေးငွေ ဥပဒေမူကြမ်းတွင် အခန်း(၁)မှ အခန်း (၁၂) အထိ ပါဝင်ပြီး စုငွေ၊ ချေးငွေများအတွက် အဆင်ပြေလွယ်ကူစေရန် ပြည်နယ်လွှတ်တော်နှင့် ဥပဒေအိမ် ဥပဒေပညာရပ်ဆိုင်ရာအသင်းတို့မှ ပူးပေါင်းကာ ပြည်နယ်တွင်း မြို့ နယ်(၇)မြို့နယ်ရှိ ကျေးရွာ (၁၄)ရွာသို့ သွားရောက်သုတေသနပြုလုပ်ကာ ဥပဒေကြမ်းအားရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ(၂၆) ရက်နေ့တွင် ပြုလုပ်သည့် ပြည်နယ်အဆင့် ပြည်သူလူထုတွေ့ဆုံဆွေးနွေးပွဲမှ ရရှိလာသော အချက်အလက်များအား ကယားပြည်နယ်လွှတ်တော်မှ ကော်မတီများ၊ ဥပဒေပညာရှင်များ၊ သက်ဆိုင်ရာ ဌာနများနှင့် ထပ်မံ တွေ့ဆုံဆွေးနွေးကာ လာမည့်လွှတ်တော်အစည်းအဝေးတွင် တင်သွင်းသွားနိုင်ရန် ရည်မှန်းထားကြောင်း ကယားပြည်နယ်လွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဌ ဦးရန်နိုင်ဆွေ ကပြောသည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကယားပြည်နယ်တွင်းရှိ တောင်သူ လယ်သမားများအတွက် ရေးဆွဲမည့် စိုက်ပျိုးရေးဆိုင်ရာ ငွေစု ချေးငွေ ဥပဒေ မူကြမ်းဖြစ်မြောက်ရန် ပြည်နယ်အဆင့် ပြည်သူလူထုများအား တွေ့ဆုံရှင်းလင်းခြင်းဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့တွင် လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ (၂၂) ရက်နေ့တွင်ပြုလုပ်သည့် ကယားပြည်နယ် လွှတ်တော်နှင့် တောင်သူလယ်သမားများ တွေ့ဆုံပွဲတွင် တောင်သူများအနဖြေင့် တောင်ယာမြေများမှာ ပုံစံ(၇)များမရှိသောကြောင့် စိုက်ပျိုးရေး ချေးငွေရယူရန် အခက်အခဲရှိကြောင်း တင်ပြခဲ့သဖြင့် တောင်သူများအတွက် စိုက်ပျိုးချေးငွေများရယူရန် ပိုမိုလွယ်ကူ အကျိုးရှိစေမည့် စိုက်ပျိုးရေးဆိုင်ရာ ငွေစု၊ ချေးငွေ ဥပဒကြေမ်းအား စတင်ရေးဆွဲရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
" ဒါက ဥပဒကြေမ်းပဲ ရှိသေးတယ်။ အတည် မပြုသေးဘူး။ နောက်ဒီဥပဒကြေမ်းကို သုံးနိုင်ဖို့ နည်းဥပဒေတွေ လိုသေးတယ်။ ဥပဒကြေမ်းတောင် မပြီးသေးဘူးပေါ့။ လက်ရှိတောင်သူလယ်သမားတွေကို အစိုးရက ဆောင်ရွက်ပေးတာရှိတယ်။ စိုက်ဘဏ်ကနေ ငွေချေးပေးတာမျိုးပေါ့။ သို့သော် ကန့်သတ်မှုလေးတွေရှိနေတော့ တောင်သူတိုင်းက မရဘူး။ ဒါလေးတွေကြောင့် ယာမြေရှိသူတိုင်း တောင်သူလယ်သမား စိုက်ပျိုးရေးမွေးမြူရေးပေါ့။ အားလုံး ချေးငွေပိုင်းမှာပဲဖြစ်ဖြစ် ပိုပြီးအဆင်ပြေအောင် လွယ်ကူအောင် တောင်သူတိုင်းရနိုင်အောင် ရည်ရွယ်ပြီး ဒီဥပဒကြေမ်း ရေးဆွဲထားတာပါ။ တစ်ဖက်တစ်လမ်းက တောင်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြေလျော့မှုတွေပေးအောင် နောက်စီမံခန့်ခွဲမယ့်လူတွေအတွက်လည်း အဆင်ပြေအောင် ထည့်သွင်းရေးဆွဲထား တယ် " ဟု ကယားပြည်နယ်လွှတ်တော် ဥပဒပြေုရေးဆိုင်ရာကော်မတီ ဥက္ကဌ ဦးရန်နိုင်ဆွေက ပြောသည်။
တောင်သူများအတွက် ရေးဆွဲထားသည့် စိုက်ပျိုးရေးဆိုင်ရာငွေစု၊ ချေးငွေ ဥပဒေမူကြမ်းတွင် အခန်း(၁)မှ အခန်း (၁၂) အထိ ပါဝင်ပြီး စုငွေ၊ ချေးငွေများအတွက် အဆင်ပြေလွယ်ကူစေရန် ပြည်နယ်လွှတ်တော်နှင့် ဥပဒေအိမ် ဥပဒေပညာရပ်ဆိုင်ရာအသင်းတို့မှ ပူးပေါင်းကာ ပြည်နယ်တွင်း မြို့ နယ်(၇)မြို့နယ်ရှိ ကျေးရွာ (၁၄)ရွာသို့ သွားရောက်သုတေသနပြုလုပ်ကာ ဥပဒကြေမ်းအားရေးဆွဲထားခြင်းဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးရေး စုငွေ၊ ချေးငွေဥပဒေမူကြမ်းအား မြို့နယ်အဆင့် ပြည်သူလူထုများအား တွေ့ဆုံရှင်းလင်းတင်ပြခြင်း အား ဇူလိုင်လအတွင်း လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖားဆောင်းမြို့များတွင် ပြုလုပ်ခဲ့ပြီး ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးပွဲအား လွိုင်ကော်မြို့ရှိ ပြည်နယ်ခန်းမတွင် ကျင်းပခြင်းဖြစ်သည်။
ဇူလိုင်လ(၂၆) ရက်နေ့တွင် ပြုလုပ်သည့် ပြည်နယ်အဆင့် ပြည်သူလူထုတွေ့ဆုံဆွေးနွေးပွဲမှ ရရှိလာသော အချက်အလက်များအား ကယားပြည်နယ်လွှတ်တော်မှ ကော်မတီများ၊ ဥပဒေပညာရှင်များ၊ သက်ဆိုင်ရာ ဌာနများနှင့် ထပ်မံ တွေ့ဆုံဆွေးနွေးကာ လာမည့်လွှတ်တော်အစည်းအဝေးတွင် တင်သွင်းသွားနိုင်ရန် ရည်မှန်းထားကြောင်း ကယားပြည်နယ်လွှတ်တော် ဥပဒပြေုရေးဆိုင်ရာကော်မတီဥက္ကဌ ဦးရန်နိုင်ဆွေ ကပြောသည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net