အခြေခံကျောင်းများရှိ ဘွဲ့ရအထွေထွေလုပ်သားများ မူလတန်းပြဆရာအဖြစ် အခြားဘွဲ့ရများနည်းတူ ၀င်ရောက်လျှောက်ထားခွင့်ရတော့မည်

အခြေခံကျောင်းများရှိ ဘွဲ့ရအထွေထွေလုပ်သားများ မူလတန်းပြဆရာအဖြစ် အခြားဘွဲ့ရများနည်းတူ ၀င်ရောက်လျှောက်ထားခွင့်ရတော့မည်
ဒီဇငျဘာ 6, 2018
By Tachileik News Agency

ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းများရှိ ဘွဲ့ရအထွေထွေလုပ်သားများ အနေဖြင့် မူလတန်းပြဆရာ အဖြစ် အခြားဘွဲ့ရများနည်းတူ ဝင်ရောက် လျှောက်ထားရတော့မည်ဖြစ်ပြီး ဌာနတွင်း ဦးစားပေး အချိုးအစားအဖြစ် သတ်မှတ်ခန့်ထားခြင်း လုပ်ဆောင်တော့မည် မဟုတ်ကြောင်း သိရသည်။

ယခင်က အခြေခံပညာကျောင်းများတွင် ဘွဲ့ရ အထွေထွေလုပ်သားများကို မူလတန်းပြအဖြစ်သို့ တိုးမြှင့် ခန့်ထားပေးခြင်းကို ဌာနတွင်း ဦးစားပေး အချိုးအစား တစ်ခုအနေဖြင့် သတ်မှတ်လုပ်ဆောင်ပေးနေခြင်း ဖြစ်ပြီး လက်ရှိတွင် သင်ကြားရေး ဆရာ ဆရာမများ၏ အရည်အသွေးတိုးတက် မြင့်မားစေရန်အတွက် သင်တန်းဝင်ခွင့် အရည်အချင်း သတ်မှတ်ချက်များ၊ ရာထူးတိုးမြှင့်ရေးဆိုင်ရာ သတ်မှတ်မှုများနှင့် ကိုက်ညီသူများကိုသာ ဆရာအတတ်သင် သင်တန်းတက်ရောက်စေပြီး မူလတန်းအဖြစ် ခန့်ထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဟုမ္မလင်း မဲဆန္ဒနယ်မှ ဦးမျိုးညွန့်က ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်နေသော မူလတန်းကျောင်းများရှိ ဘွဲ့ရ အထွေထွေ လုပ်သားများသည် မူလတန်းပြအဖြစ် ရာထူးတိုးပေးရန် သို့မဟုတ် ပညာရေးကောလိပ်သို့ တက်ရောက် ခွင့်ပြုပြီး မူလတန်းပြဆရာ အဖြစ် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ခြင်းကို ပညာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီး ဌာနအနေဖြင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်သင်ပညာသင်တန်း (PPTT) အမှတ်စဉ် (၁)မှ အမှတ်စဉ်(၅/၂၀၁၈)ထိ သင်တန်းများကို ခန့်ထားရေးမူအရ  တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူ၊ ပြင်ပဘွဲ့ရများကို သင်တန်းစတင်မည့်နေ့တွင် အသက် ၃၀ နှစ်ထက် မကြီးသူ၊ ဝန်ထမ်းဖြစ်ပါက အမြဲတမ်းဝန်ထမ်းဖြစ်ပြီး အသက် ၃၅ နှစ်ထက်မကြီးသူတို့ကို သက်ဆိုင်ရာဌာနခွင့်ပြုချက်ဖြင့် ယှဉ်ပြိုင်ရေးဖြေ ဖြေဆိုစနစ်ဖြင့် ခေါ်ယူနေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းများရှိ ဘွဲ့ရအထွေထွေလုပ်သားများ အနဖြေင့် မူလတန်းပြဆရာ အဖြစ် အခြားဘွဲ့ရများနည်းတူ ဝင်ရောက် လျှောက်ထားရတော့မည်ဖြစ်ပြီး ဌာနတွင်း ဦးစားပေး အချိုးအစားအဖြစ် သတ်မှတ်ခန့်ထားခြင်း လုပ်ဆောင်တော့မည် မဟုတ်ကြောင်း သိရသည်။

ယခင်က အခြေခံပညာကျောင်းများတွင် ဘွဲ့ရ အထွေထွေလုပ်သားများကို မူလတန်းပြအဖြစ်သို့ တိုးမြှင့် ခန့်ထားပေးခြင်းကို ဌာနတွင်း ဦးစားပေး အချိုးအစား တစ်ခုအနဖြေင့် သတ်မှတ်လုပ်ဆောင်ပေးနခြေင်း ဖြစ်ပြီး လက်ရှိတွင် သင်ကြားရေး ဆရာ ဆရာမများ၏ အရည်အသွေးတိုးတက် မြင့်မားစေရန်အတွက် သင်တန်းဝင်ခွင့် အရည်အချင်း သတ်မှတ်ချက်များ၊ ရာထူးတိုးမြှင့်ရေးဆိုင်ရာ သတ်မှတ်မှုများနှင့် ကိုက်ညီသူများကိုသာ ဆရာအတတ်သင် သင်တန်းတက်ရောက်စပြေီး မူလတန်းအဖြစ် ခန့်ထား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဟုမ္မလင်း မဲဆန္ဒနယ်မှ ဦးမျိုးညွန့်က ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်နေသော မူလတန်းကျောင်းများရှိ ဘွဲ့ရ အထွေထွေ လုပ်သားများသည် မူလတန်းပြအဖြစ် ရာထူးတိုးပေးရန် သို့မဟုတ် ပညာရေးကောလိပ်သို့ တက်ရောက် ခွင့်ပြုပြီး မူလတန်းပြဆရာ အဖြစ် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ခြင်းကို ပညာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြန်လည်ဖြကြေားခဲ့ခြင်းဖြစ်သည်။

ဝန်ကြီး ဌာနအနဖြေင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်သင်ပညာသင်တန်း (PPTT) အမှတ်စဉ် (၁)မှ အမှတ်စဉ်(၅/၂၀၁၈)ထိ သင်တန်းများကို ခန့်ထားရေးမူအရ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူ၊ ပြင်ပဘွဲ့ရများကို သင်တန်းစတင်မည့်နေ့တွင် အသက် ၃၀ နှစ်ထက် မကြီးသူ၊ ဝန်ထမ်းဖြစ်ပါက အမြဲတမ်းဝန်ထမ်းဖြစ်ပြီး အသက် ၃၅ နှစ်ထက်မကြီးသူတို့ကို သက်ဆိုင်ရာဌာနခွင့်ပြုချက်ဖြင့် ယှဉ်ပြိုင်ရေးဖြေ ဖြေဆိုစနစ်ဖြင့် ခေါ်ယူနခြေင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~