တာခ်ီလိတ္ၿမိဳ႕ BHS English School တြင္ သီတင္းကၽြတ္မိဘကန္ေတာ့ပြဲ က်င္းပ

တာခ်ီလိတ္ၿမိဳ႕ BHS English School တြင္ သီတင္းကၽြတ္မိဘကန္ေတာ့ပြဲ က်င္းပ
အောက်တိုဘာ 20, 2018
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ BHS English School တြင္ ၂၀၁၈ ခုႏွစ္၊ ေအာက္တိုဘာလ (၂၀)ရက္ နံနက္ပိုင္းက သီတင္းကၽြတ္မိဘကန္ေတာ့ပြဲ က်င္းပေၾကာင္း သိရသည္။

“သီတင္းကၽြတ္မွာ မိဘကန္ေတာ့ရတယ္ဆိုတာ ကေလးေတြကို သိေစခ်င္တာရယ္၊ ကန္ေတာ့တဲ့အခါမွာ မိဘေတြက ကေလးေတြကို မုန္႔ဖိုးျပန္ေပးတယ္ဆိုတဲ့ ဓေလ့ေလးကိုလည္းသိေစခ်င္လို႔ မိဘေတြကို မုန္႔ဖိုးျပန္ေပးခိုင္းပါတယ္”ဟု BHS English Schoolမွ ေက်ာင္းအုပ္ႀကီး ေဒၚသီသီေအာင္က အခမ္းအနားက်င္းပျခင္းႏွင့္ ပတ္သက္၍ ေျပာသည္။

BHS English School တြင္ သီတင္းကၽြတ္မိဘကန္ေတာ့ပြဲကို ႏွစ္စဥ္က်င္းပေနျခင္းျဖစ္ၿပီး မိဘကန္ေတာ့ပြဲအၿပီး ညပိုင္းတြင္လည္း ကေလးမ်ားက ေက်ာင္းႏွင့္ ေက်ာင္းပတ္၀န္းက်င္တြင္ မီးထြန္းပြဲက်င္းပေပးမည္ျဖစ္ေၾကာင္း သိရသည္

သတင္း၊ဓါတ္ပံု #ဇြဲျမတ္၊ ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ BHS English School တွင် သီတင်းကျွတ်မိဘကန်တော့ပွဲ ကျင်းပ
***********
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ BHS English School တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက် နံနက်ပိုင်းက သီတင်းကျွတ်မိဘကန်တော့ပွဲ ကျင်းပကြောင်း သိရသည်။

“သီတင်းကျွတ်မှာ မိဘဆရာကန်တော့ရတယ်ဆိုတာ ကလေးတွေကို သိစေချင်တာရယ်၊ ကန်တော့တဲ့အခါမှာ မိဘတွေက ကလေးတွေကို မုန့်ဖိုးပြန်ပေးတယ်ဆိုတဲ့ ဓလေ့လေးကိုလည်းသိစေချင်လို့ မိဘတွေကို မုန့်ဖိုးပြန်ပေးခိုင်းပါတယ်”ဟု BHS English Schoolမှ ကျောင်းအုပ်ကြီး ဒေါ်သီသီအောင်က အခမ်းအနားကျင်းပခြင်းနှင့် ပတ်သက်၍ ပြောသည်။

BHS English School တွင် သီတင်းကျွတ်မိဘကန်တော့ပွဲကို နှစ်စဉ်ကျင်းပနေခြင်းဖြစ်ပြီး မိဘကန်တော့ပွဲအပြီး ညပိုင်းတွင်လည်း ကလေးများက ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်တွင် မီးထွန်းပွဲကျင်းပပေးမည်ဖြစ်ကြောင်း သိရသည်

သတင်း၊ဓါတ်ပုံ #ဇွဲမြတ်၊ ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~