တောင်ကြီးနှင့်အေးသာယာတို့တွင် ဖောက်ခွဲမှု လုပ်ဆောင်ခဲ့ကြောင်း တောင်ကြီး PDF သတင်းထုတ်ပြန်

တောင်ကြီးနှင့်အေးသာယာတို့တွင် ဖောက်ခွဲမှု လုပ်ဆောင်ခဲ့ကြောင်း တောင်ကြီး PDF သတင်းထုတ်ပြန်

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ရှိ ဆက်သွယ်ရေးတပ် ၂၁၂ တပ်အဝင်ဝနှင့် အေးသာယာတွင် အာဏာသိမ်းစစ်ကောင်စီတပ်၏ ယာဉ်တို့ကို ဖေါက်ခွဲမှုများပြုလုပ်ခဲ့သည်ဟု တောင်ကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၂၀၂၁ ခုနှစ် မေလ (၂၇) ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

တောင်ကြီးမြို့ရှိ ဆက်သွယ်ရေးတပ် ၂၁၂ တပ်အဝင်ဝတွင် ဖေါက်ခွဲမှုအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်မှ (၁) ဦးသေဆုံးခဲ့ပြီး အေးသာယာမြို့ မြို့လယ်ဓမ္မာရုံအနီး၌ အကြမ်းဖက်စစ်ကောင်စီကားကို ကြားဖြတ်ဖောက်ခွဲတိုက်ခိုက်မှုအတွင်း သေဆုံးသူမရှိကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

တောင်ကြီးမြို့နယ်အတွင်း ပြည်သူလူထုအပေါ် အကြမ်းဖက်လုပ်ဆောင်မှုများမှ ကာကွယ်ရေးအတွက် တောင်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို မေလ (၁၀) ရက်နေ့က စတင်ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။