ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ နမ့္ဆန္ႏွင့္ နမၼတူကို ဆက္သြယ္သည့္ လီလုတံတား စတင္ ဖြင့္လွစ္

ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ နမ့္ဆန္ႏွင့္ နမၼတူကို ဆက္သြယ္သည့္ လီလုတံတား စတင္ ဖြင့္လွစ္
သြဂုတ် 22, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ပေလာင္ကုိယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ နမ့္ဆန္ၿမိဳ႕ရိွ  နမ့္ဆန္ၿမိဳ႕နယ္ႏွင့္ နမၼတူၿမိဳ႕နယ္ကို ဆက္သြယ္ေပးထားသည့္ လီလုတံတားကို တံတားတည္ေဆာက္ၿပီးစီးၿပီး (၅)လခန္႔ အၾကာ ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၂၂)ရက္ေန႔တြင္ တံတားဖြင့္ပြဲ က်င္းပသည္။

အဆိုပါ တံတားအား တံတားတည္ေဆာက္ေရးအထူးအဖြဲ႕(၁)က ၂၀၁၇ ခုႏွစ္ ဇူလုိင္လ(၁)ရက္ေန႔မွစ၍ တာဝန္ယူေဆာက္လုပ္ခဲ့ျခင္းျဖစ္ၿပီး ၂၀၁၈ ခုႏွစ္ မတ္လ(၃၁)ရက္ေန႔တြင္ လုပ္ငန္းၿပီးစီးျခင္းျဖစ္ေၾကာင္း သိရသည္။

တံတားအရွည္ (၃၆၀)ေပ၊ အက်ယ္ ယာဥ္သြားလမ္း(၂၄)ေပႏွင့္ လူသြားလမ္း တစ္ဖက္ (၃)ေပစီရိွသည့္ အဆိုပါ သံကူကြန္ကရစ္တံတား၏ ခံႏုိင္ဝန္မွာ ယာဥ္တစ္စီးခ်င္း (၇၅)တန္ရိွေၾကာင္း သိရသည္။

လီလုတံတားအတြက္ ဘတ္ဂ်က္ေငြက်ပ္သန္းေပါင္း (၁၂၀၀)ကို ၂ဝ၁၇-၂ဝ၁၈ ဘ႑ာေရးႏွစ္အတြင္း ခ်ထား ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါတံတားဖြင့္ပြဲသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ စိုက္ပ်ိဳးေရးေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီး ဦးစိုင္းလံုေက်ာ္၊ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြး၊ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြံဆိုင္း၊ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာ ညီညီေအာင္၊ ရွမ္းျပည္နယ္ ဥပေဒခ်ဳပ္ ဦးတင္ဦးတို႔ႏွင့္အတူ ပေလာင္ကိုယ္ပိုင္အုပ္ခ်ုဳပ္ခြင့္ရေဒသဦးစီးအဖြဲ႕ဝင္မ်ားလည္း တက္ေရာက္ၾကေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - SLK


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ရှိ နမ့်ဆန်မြို့နယ်နှင့် နမ္မတူမြို့နယ်ကို ဆက်သွယ်ပေးထားသည့် လီလုတံတားကို တံတားတည်ဆောက်ပြီးစီးပြီး (၅)လခန့် အကြာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂၂)ရက်နေ့တွင် တံတားဖွင့်ပွဲ ကျင်းပသည်။

အဆိုပါ တံတားအား တံတားတည်ဆောက်ရေးအထူးအဖွဲ့(၁)က ၂၀၁၇ ခုနှစ် ဇူလိုင်လ(၁)ရက်နေ့မှစ၍ တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် မတ်လ(၃၁)ရက်နေ့တွင် လုပ်ငန်းပြီးစီးခြင်းဖြစ်ကြောင်း သိရသည်။

တံတားအရှည် (၃၆၀)ပေ၊ အကျယ် ယာဉ်သွားလမ်း(၂၄)ပေနှင့် လူသွားလမ်း တစ်ဖက် (၃)ပေစီရှိသည့် အဆိုပါ သံကူကွန်ကရစ်တံတား၏ ခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်း (၇၅)တန်ရှိကြောင်း သိရသည်။

လီလုတံတားအတွက် ဘတ်ဂျက်ငွေကျပ်သန်းပေါင်း (၁၂၀၀)ကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်အတွင်း ချထား ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတံတားဖွင့်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်၊ ရှမ်းပြည်နယ် ဥပဒေချုပ် ဦးတင်ဦးတို့နှင့်အတူ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဝင်များလည်း တက်ရောက်ကြကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - SLK

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~