တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းအတြင္းရွိ မီးခိုးေရွာင္ေနရာတြင္ မုန္႔လက္ေဆာင္းတိုက္မည္

တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းအတြင္းရွိ မီးခိုးေရွာင္ေနရာတြင္ မုန္႔လက္ေဆာင္းတိုက္မည္
ဧပြီ 2, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ မီးခိုးျမဴေၾကာင့္ ေလထုညစ္ညမ္းမႈျဖစ္ပြားေနသျဖင့္ မီးခိုးေငြ႕ေရွာင္ရွားႏုိင္ရန္ မီးခိုးေငြ႕ကင္းမဲ့ရာ ယာယီနားခိုေဆာင္ျပဳလုပ္ေပးထားၿပီး ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၃)ရက္ေန႔ ေန႔လယ္ (၂)နာရီတြင္ မုန္႔လက္ေဆာင္းတိုက္ရန္ ျပင္ဆင္ေနေၾကာင္း သိရသည္။

“မီးခိုးေရွာင္ခ်င္တဲ့လူေတြ နားခိုၾကတဲ့ေနရာမွာ မနက္ျဖန္ေတာ့ မုန္႔လက္ေဆာင္း စတုဒီသာေကၽြးဖို႔ ျပင္ေနပါတယ္။ ေနာက္ေန႔ေတြမွာလည္း ေကၽြးခ်င္တဲ့အလွဴရွင္ေတြရိွရင္လည္း ေကၽြးနုိင္ပါတယ္”ဟု မဇၨ်ိမလူမႈကူညီေရးအသင္း ဥကၠဌ ဦးတင့္ေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မီးခိုးျမဴေၾကာင့္ ေလထုညစ္ညမ္းမႈအား ေရွာင္ႏုိင္ရန္ တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းတြင္ ယာယီနားခိုရန္ေနရာအျဖစ္ မိုးကာတဲမ်ားကို ေဘးပတ္လည္တြင္ ေရမႈန္ေရမႊားမ်ားဖ်န္းပက္ေပးထားၿပီး လုပ္ေဆာင္ထားျခင္းျဖစ္သည္။

မီးခိုးျမဴထူထပ္စြာဖံုးလႊမ္းၿပီး ေလထုအတြင္း ေသးငယ္သည့္အမႈန္ပါဝင္မႈမ်ားေနသျဖင့္ မီးသတ္ယာဥ္ျဖင့္ ေရမႈန္ေရမႊားဖ်န္းေပးျခင္း၊ ႏွာေခါင္းစည္းမ်ား အခမဲ့ျဖန္႔ေဝေပးျခင္း၊ က်န္းမာေရးအသိေပးျခင္းႏွင့္ မီးခိုးေရွာင္ရန္ ယာယီနားခိုေဆာင္တည္ေဆာက္ေပးျခင္းတို႔ကို ခရိုင္၊ ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီတို႔က လုပ္ေဆာင္ေနရာ လူမႈကူညီေရးအသင္းမ်ားက ပူးေပါင္းကူညီေနေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မီးခိုးမြူကြောင့် လေထုညစ်ညမ်းမှုဖြစ်ပွားနေသဖြင့် မီးခိုးငွေ့ရှောင်ရှားနိုင်ရန် မီးခိုးငွေ့ကင်းမဲ့ရာ ယာယီနားခိုဆောင်ပြုလုပ်ပေးထားပြီး ၂၀၁၉ ခုနှစ်၊ ဧပြီလ (၃)ရက်နေ့ နေ့လယ် (၂)နာရီတွင် မုန့်လက်ဆောင်းတိုက်ရန် ပြင်ဆင်နေကြောင်း သိရသည်။

“မီးခိုးရှောင်ချင်တဲ့လူတွေ နားခိုကြတဲ့နေရာမှာ မနက်ဖြန်တော့ မုန့်လက်ဆောင်း စတုဒီသာကျွေးဖို့ ပြင်နေပါတယ်။ နောက်နေ့တွေမှာလည်း ကျွေးချင်တဲ့အလှူရှင်တွေရှိရင်လည်း ကျွေးနိုင်ပါတယ်”ဟု မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မီးခိုးမြူကြောင့် လေထုညစ်ညမ်းမှုအား ရှောင်နိုင်ရန် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းတွင် ယာယီနားခိုရန်နေရာအဖြစ် မိုးကာတဲများကို ဘေးပတ်လည်တွင် ရေမှုန်ရေမွှားများဖျန်းပက်ပေးထားပြီး လုပ်ဆောင်ထားခြင်းဖြစ်သည်။

မီးခိုးမြူထူထပ်စွာဖုံးလွှမ်းပြီး လေထုအတွင်း သေးငယ်သည့်အမှုန်ပါဝင်မှုများနေသဖြင့် မီးသတ်ယာဉ်ဖြင့် ရေမှုန်ရေမွှားဖျန်းပေးခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကျန်းမာရေးအသိပေးခြင်းနှင့် မီးခိုးရှောင်ရန် ယာယီနားခိုဆောင်တည်ဆောက်ပေးခြင်းတို့ကို ခရိုင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့က လုပ်ဆောင်နေရာ လူမှုကူညီရေးအသင်းများက ပူးပေါင်းကူညီနေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net