တာခ်ီလိတ္တြင္ ႏွစ္ဆန္းတစ္ရက္ေန႔၌ က်င္းပမည့္ သက္ႀကီးပူေဇာ္ပြဲအတြက္ အသက္(၈၀)အထက္ ဘိုးဘြားမ်ားအား စာရင္းေကာက္ခံတာခ်ီလိတ္တြင္ ႏွစ္ဆန္းတစ္ရက္ေန႔၌ က်င္းပမည့္ သက္ႀကီးပူေဇာ္ပြဲအတြက္ အသက္(၈၀)အထက္ ဘိုးဘြားမ်ားအား စာရင္းေကာက္ခံ

တာခ်ီလိတ္တြင္ ႏွစ္ဆန္းတစ္ရက္ေန႔၌ က်င္းပမည့္ သက္ႀကီးပူေဇာ္ပြဲအတြက္ အသက္(၈၀)အထက္ ဘိုးဘြားမ်ားအား စာရင္းေကာက္ခံတာခ်ီလိတ္တြင္ ႏွစ္ဆန္းတစ္ရက္ေန႔၌ က်င္းပမည့္ သက္ႀကီးပူေဇာ္ပြဲအတြက္ အသက္(၈၀)အထက္ ဘိုးဘြားမ်ားအား စာရင္းေကာက္ခံ
မတ် 20, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ ျမန္မာႏွစ္သစ္ဆန္း (၁)ရက္ေန႔၌ အသက္ (၈၀)ႏွင့္အထက္ ဘိုးဘြားမ်ား ကန္ေတာ့ရန္အတြက္ ရပ္ကြက္မ်ားအလုိက္ ရပ္ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ားက စာရင္းေကာက္ခံေနၿပီျဖစ္ေၾကာင္း သိရသည္။

“ႏွစ္ဆန္းတစ္ရက္ေန႔ ၿမိဳ႕လယ္ဓမၼာရံုမွာ မနက္ (၉)နာရီစက်င္းပပါမယ္။ အသက္ (၈၀)အထက္ ဘိုးဘြားေတြကို ကန္ေတာ့ပါမယ္။ မနက္ပိုင္းမွာ နဂါးႏွစ္ေကာင္ေက်ာင္းတုိက္ ဆရာေတာ္ႀကီးအပါအဝင္ ဆရာေတာ္(၉)ပါးပင့္ၿပီး အႏၱရာယ္ကင္း ပရိတ္ရြတ္မယ္။ ၿပီးရင္ ဘိုးဘြားေတြကို လွဴဖြယ္ပစၥည္းေတြနဲ႔ ကန္ေတာ့မယ္။ က်န္းမာေရးစစ္ေဆးမႈေတြ လုပ္ေပးမယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္ ဧၿပီလက   ႏွစ္သစ္ကူးသက္ႀကီးပူေဇာ္ပြဲက်င္းပရာတြင္ အသက္(၈၀)ႏွစ္ႏွင့္အထက္ ဘိုးဘြား (၁၁၀)ဦး စာရင္းေကာက္ယူရရိွခဲ့ျခင္းျဖစ္ၿပီး ယခုႏွစ္အတြက္ သက္ဆုိင္ရာ ရပ္ကြက္မ်ားအလုိက္ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားက စာရင္းေကာက္ခံေနေၾကာင္း ႏွင့္ သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးတြင္လည္း လာေရာက္ စာရင္းေပးႏိုင္ေၾကာင္း သိရသည္။

၂၀၁၉ ခုနွစ္ ဧၿပီလအတြင္းက်င္းပမည့္ ျမန္မာႏွစ္ဆန္း(၁)ရက္ေန႔ သက္ႀကီးပူေဇာ္ပြဲအတြက္ ညိႇႏိႈင္းအစည္းအေဝးကို မတ္လ (၁၄)ရက္ေန႔က ခရိုင္၊ၿမိဳ႕နယ္စုေပါင္းရံုး အစည္းအေဝးခန္းတြင္ က်င္းပခဲ့ျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မြန်မာနှစ်သစ်ဆန်း (၁)ရက်နေ့၌ အသက် (၈၀)နှင့်အထက် ဘိုးဘွားများ ကန်တော့ရန်အတွက် ရပ်ကွက်များအလိုက် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက စာရင်းကောက်ခံနပြေီဖြစ်ကြောင်း သိရသည်။

“နှစ်ဆန်းတစ်ရက်နေ့ မြို့လယ်ဓမ္မာရုံမှာ မနက် (၉)နာရီစကျင်းပပါမယ်။ အသက် (၈၀)အထက် ဘိုးဘွားတွေကို ကန်တော့ပါမယ်။ မနက်ပိုင်းမှာ နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ကြီးအပါအဝင် ဆရာတော်(၉)ပါးပင့်ပြီး အန္တရာယ်ကင်း ပရိတ်ရွတ်မယ်။ ပြီးရင် ဘိုးဘွားတွေကို လှူဖွယ်ပစ္စည်းတွေနဲ့ ကန်တော့မယ်။ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ပေးမယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဧပြီလက နှစ်သစ်ကူးသက်ကြီးပူဇော်ပွဲကျင်းပရာတွင် အသက်(၈၀)နှစ်နှင့်အထက် ဘိုးဘွား (၁၁၀)ဦး စာရင်းကောက်ယူရရှိခဲ့ခြင်းဖြစ်ပြီး ယခုနှစ်အတွက် သက်ဆိုင်ရာ ရပ်ကွက်များအလိုက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက စာရင်းကောက်ခံနေကြောင်း နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်လည်း လာရောက် စာရင်းပေးနိုင်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဧပြီလအတွင်းကျင်းပမည့် မြန်မာနှစ်ဆန်း(၁)ရက်နေ့ သက်ကြီးပူဇော်ပွဲအတွက် ညှိနှိုင်းအစည်းအဝေးကို မတ်လ (၁၄)ရက်နေ့က ခရိုင်၊မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net