တာချီလိတ်မြို့တွင် ရက်အတော်ကြာ ပျောက်နေသည့် (၆၈)နှစ်အရွယ် အဘွားအိုအား (၂၅)ရက်အကြာတွင် တောင်အောက်ပြုတ်ကျသေဆုံးနေသည်ကိုတွေ့ရှိ

တာချီလိတ်မြို့တွင် ရက်အတော်ကြာ ပျောက်နေသည့် (၆၈)နှစ်အရွယ် အဘွားအိုအား (၂၅)ရက်အကြာတွင် တောင်အောက်ပြုတ်ကျသေဆုံးနေသည်ကိုတွေ့ရှိ
ဧပြီ 16, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ရက္အေတာ္ၾကာ ေပ်ာက္ဆံုးေနသည့္ အသက္(၆၈)ႏွစ္အဘြားကို ေပ(၄၀၀)ဝန္းက်င္ ေတာင္ေအာက္သို႔ ျပဳတ္က်ေသဆံုးေနသည္ကို ( ၂၅ )ရက္အၾကာတြင္ ရွာေဖြေတြ႔ရိွရေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ စန္းလုေက်းရြာတြင္ ေတာင္ေပၚမွ ေပ (၄၀၀)ဝန္းက်င္နက္သည့္ ေတာင္ေအာက္၌ အေလာင္းေတြ႔ရေၾကာင္း ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၁၅)ရက္ေန႔ ေန႔လယ္ (၂)နာရီခြဲဝန္းက်င္က တာခ်ီလိတ္နာေရးကူညီမႈအသင္းသို႔ ဖုန္းဆက္အေၾကာင္းၾကားသျဖင့္ သြားသယ္ေပးရာ ပုန္းထြန္ရပ္ကြက္မွ ေပ်ာက္ဆံုးေနသည့္ ေဒၚနန္းေအြ႕ျဖစ္ေနသည္ကို ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

အခင္းျဖစ္ေနရာသို႔ ရဲတပ္ဖြဲ႕ႏွင့္ ပုန္းထြန္ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕တို႔ႏွင့္အတူသြားေရာက္၍ တာခ်ီလိတ္နာေရးကူညီမႈအသင္းက အေလာင္းအား သယ္ယူေပးခဲ့ကာ သၿဂဳႋဟ္ေပးခဲ့ေၾကာင္း သိရသည္။

ေဒၚနန္းေအြ႕သည္ ေနအိမ္မွ မၾကာခဏထြက္သြားၿပီး ေပ်ာက္ဆံုးေလ့ရိွၿပီး မတ္လ (၂၂)ရက္ေန႔ နံနက္ (၁၀)နာရီဝန္းက်င္က ပုန္းထြန္ရပ္ကြက္ေနအိမ္မွ ထြက္သြားၿပီး ေပ်ာက္ဆံုးေနသျဖင့္ မိသားစုက လူေပ်ာက္တုိင္ၾကားကာ လူေပ်ာက္ေၾကာ္ျငာမ်ားထည့္သြင္း ရွာေဖြေနျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ရက်အတော်ကြာ ပျောက်ဆုံးနေသည့် အသက်(၆၈)နှစ်အဘွားကို ပေ(၄၀၀)ဝန်းကျင် တောင်အောက်သို့ ပြုတ်ကျသေဆုံးနေသည်ကို ( ၂၅ )ရက်အကြာတွင် ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ စန်းလုကျေးရွာတွင် တောင်ပေါ်မှ ပေ (၄၀၀)ဝန်းကျင်နက်သည့် တောင်အောက်၌ အလောင်းတွေ့ရကြောင်း ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့ နေ့လယ် (၂)နာရီခွဲဝန်းကျင်က တာချီလိတ်နာရေးကူညီမှုအသင်းသို့ ဖုန်းဆက်အကြောင်းကြားသဖြင့် သွားသယ်ပေးရာ ပုန်းထွန်ရပ်ကွက်မှ ပျောက်ဆုံးနေသည့် ဒေါ်နန်းအွေ့ဖြစ်နေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ ရဲတပ်ဖွဲ့နှင့် ပုန်းထွန်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့နှင့်အတူသွားရောက်၍ တာချီလိတ်နာရေးကူညီမှုအသင်းက အလောင်းအား သယ်ယူပေးခဲ့ကာ သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။

ဒေါ်နန်းအွေ့သည် နေအိမ်မှ မကြာခဏထွက်သွားပြီး ပျောက်ဆုံးလေ့ရှိပြီး မတ်လ (၂၂)ရက်နေ့ နံနက် (၁၀)နာရီဝန်းကျင်က ပုန်းထွန်ရပ်ကွက်နေအိမ်မှ ထွက်သွားပြီး ပျောက်ဆုံးနေသဖြင့် မိသားစုက လူပျောက်တိုင်ကြားကာ လူပျောက်ကြော်ငြာများထည့်သွင်း ရှာဖွေနခြေင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net