လူမႈကြန္ယက္တြင္ ပ်ံ႕ႏွံ႔ေနသည့္ လားရိႈးၿမိဳ႕ ဟူးမြန္ဆည္ေရထိန္းနံရံေရယိုစိမ့္မႈကို စစ္ေဆးထားၿပီး ေရယိုသည့္ေနရာကို ျပဳျပင္ေန

လူမႈကြန္ယက္တြင္ ပ်ံ႕ႏွံ႔ေနသည့္ လားရိႈးၿမိဳ႕ ဟူးမြန္ဆည္ေရထိန္းနံရံေရယိုစိမ့္မႈကို စစ္ေဆးထားၿပီး ေရယိုသည့္ေနရာကို ျပဳျပင္ေန
ဧပြီ 24, 2019
By 🌸
လူမႈကြန္ယက္တြင္ပ်ံ႕ႏွ႔ံေနသည့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရိႈးၿမိဳ႕မွ ဟူးမြန္ဆည္တြင္ ေရထိန္းနံရံမ်ား အက္ကြဲေနသည့္ အေၾကာင္းအရာႏွင့္ပတ္သက္၍ ဆည္ေျမာင္းႏွင့္ ေရအသံုးခ်မႈစီမံခန္႔ခြဲေရးဦးစီးဌာနက ကြင္းဆင္းစစ္ေဆးထားၿပီး လုိအပ္သည့္ျပင္ဆင္မႈမ်ား လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း သိရသည္။

ဆည္ေရထိန္းနံရံမွ ေရယိုစိမ့္မႈျဖစ္ေနသည့္ဓါတ္ပံုကို အဆိုပါဆည္သို႔အလည္အပတ္သြားသူတစ္ဦးက ဓါတ္ပံုရိုက္၍ လူမႈကြန္ယက္တြင္ တင္လုိက္ရာမွ သတင္းပ်ံ႕ႏွံ႔ေနသျဖင့္ ဆည္ေျမာင္းႏွင့္ေရအသံုးခ်မႈ စီမံခန္႔ခြဲေရးဦးစီးဌာန (ေတာင္ႀကီး)မွ ညႊန္ၾကားေရးမႈးႏွင့္ ဒုတိယ ညႊန္ၾကားေရးမွဴး၊ ဆည္ေျမာင္းႏွင့္ ေရအသံုးခ်မႈ စီမံခန္႔ခြဲမႈဦးစီးဌာန လားရိႈးခရိုင္မွ တာဝန္ရွိသူမ်ားက ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၂)ရက္ေန႔တြင္ သြားေရာက္စစ္ေဆးျခင္းျဖစ္ေၾကာင္း သိရသည္။

"မိုးတြင္းကာလမွာ မိုးရြာသြန္းမႈမ်ားတဲ့အခ်ိန္ေတြက ဆည္ေျမာင္းရဲ့ တစ္ခ်ိဳ႕ေနရာေတြမွာ ေျမသားအနည္းငယ္ က်ြံၿပီး ေရယိုစိမ့္တာေတြရွိတယ္။ သဲအိတ္ေတြနဲ႔ ယာယီစီတားၿပီး ကာထားခဲ့ရတယ္။ အခုေျမျပင္ကြင္းဆင္းၿပီး စစ္ေဆးတဲ့အခါမွာ အဲဒီလိုေနရာေတြကို အခိုင္အမာျပဳျပင္သင့္တာေတြကို တစ္ခါတည္းျပဳျပင္တယ္။ တစ္ခ်ိဳ႕ ေနရာေတြကို ကြန္ကရစ္ေလာင္းၿပီး အခိုင္အမာလုပ္ေဆာင္ဖို႔စီစဥ္ထားပါတယ္" ဟု ဆည္ေျမာင္းႏွင့္ ေရအသံုးခ်မႈ စီမံခန္႔ခြဲေရးဦးစီးဌာန(လားရႈိး)မွ ဒုတိယဦးစီးမွဴး(ၿမိဳ႕ျပ) ဦးေအာင္မင္းစိုးက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ဟူးမြန္ေရေလွာင္တမံ၏ေအာက္ဘက္ ေပ ( ၃၀၀၀) အကြာရွိ ဟူးမြန္ေရထိန္းတမံ ( အလယ္ဆည္ ) ေရလႊတ္ေနရာမ်ားအနီးတြင္ ေရယိုစိမ့္ေနသည္ကိုေတြ႔ရသျဖင့္ ျပဳျပင္ေနၿပီျဖစ္ေၾကာင္း သိရသည္။
လားရိႈးၿမိဳ႕နယ္အတြင္းရွိ ေကာက္ေကြ႔ေရေလွာင္တမံ၊ ဟူးမြန္ေရေလွာင္တမံ၊ နမ့္က်န္ေရေလွာင္တမံႏွင့္ ေရလႊဲဆည္မ်ား၊ ေရထိန္းတမံမ်ား၏ အရည္အေသြးႀကံ့ခိုင္မႈမ်ားကို ႏွစ္စဥ္တိုင္းတာစစ္ေဆးမႈမ်ား လုပ္ေဆာင္ ေနၿပီး လက္ရွိအခ်ိန္အထိ ၄င္းတမံမ်ား၊ ဆည္မ်ား၊ ေရလႊဲဆည္မ်ား၌ စိုးရိမ္ရသည့္ ထိခိုက္ပ်က္စီးမႈမရွိေၾကာင္း ဆည္ေျမာင္းႏွင့္ ေရအသံုးခ်မႈ စီမံခန္႔ခြဲေရးဦးစီးဌာနထံမွ သိရသည္။

သတင္း#ေနၿဖိဳးျမင့္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
လူမှုကွန်ယက်တွင် ပျံ့နှံ့နေသည့် လားရှိုးမြို့ ဟူးမွန်ဆည်ရေထိန်းနံရံရေယိုစိမ့်မှုကို စစ်ဆေးထားပြီး ရေယိုသည့်နေရာကို ပြုပြင်နေ
***********
လူမှုကွန်ယက်တွင်ပျံ့နှ့ံနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ ဟူးမွန်ဆည်တွင် ရေထိန်းနံရံများ အက်ကွဲနေသည့် အကြောင်းအရာနှင့်ပတ်သက်၍ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ကွင်းဆင်းစစ်ဆေးထားပြီး လိုအပ်သည့်ပြင်ဆင်မှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

ဆည်ရေထိန်းနံရံမှ ရေယိုစိမ့်မှုဖြစ်နေသည့်ဓါတ်ပုံကို အဆိုပါဆည်သို့အလည်အပတ်သွားသူတစ်ဦးက ဓါတ်ပုံရိုက်၍ လူမှုကွန်ယက်တွင် တင်လိုက်ရာမှ သတင်းပျံ့နှံ့နေသဖြင့် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (တောင်ကြီး)မှ ညွှန်ကြားရေးမှုးနှင့် ဒုတိယ ညွှန်ကြားရေးမှူး၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲမှုဦးစီးဌာန လားရှိုးခရိုင်မှ တာဝန်ရှိသူများက ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၂)ရက်နေ့တွင် သွားရောက်စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

"မိုးတွင်းကာလမှာ မိုးရွာသွန်းမှုများတဲ့အချိန်တွေက ဆည်မြောင်းရဲ့ တစ်ချို့နေရာတွေမှာ မြေသားအနည်းငယ် ကျွံပြီး ရေယိုစိမ့်တာတွေရှိတယ်။ သဲအိတ်တွေနဲ့ ယာယီစီတားပြီး ကာထားခဲ့ရတယ်။ အခုမြေပြင်ကွင်းဆင်းပြီး စစ်ဆေးတဲ့အခါမှာ အဲဒီလိုနေရာတွေကို အခိုင်အမာပြုပြင်သင့်တာတွေကို တစ်ခါတည်းပြုပြင်တယ်။ တစ်ချို့ နေရာတွေကို ကွန်ကရစ်လောင်းပြီး အခိုင်အမာလုပ်ဆောင်ဖို့စီစဉ်ထားပါတယ်" ဟု ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(လားရှိုး)မှ ဒုတိယဦးစီးမှူး(မြို့ပြ) ဦးအောင်မင်းစိုးက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ဟူးမွန်ရေလှောင်တမံ၏အောက်ဘက် ပေ ( ၃၀၀၀) အကွာရှိ ဟူးမွန်ရေထိန်းတမံ ( အလယ်ဆည် ) ရေလွှတ်နေရာများအနီးတွင် ရေယိုစိမ့်နေသည်ကိုတွေ့ရသဖြင့် ပြုပြင်နေပြီဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့နယ်အတွင်းရှိ ကောက်ကွေ့ရေလှောင်တမံ၊ ဟူးမွန်ရေလှောင်တမံ၊ နမ့်ကျန်ရေလှောင်တမံနှင့် ရေလွှဲဆည်များ၊ ရေထိန်းတမံများ၏ အရည်အသွေးကြံ့ခိုင်မှုများကို နှစ်စဉ်တိုင်းတာစစ်ဆေးမှုများ လုပ်ဆောင် နေပြီး လက်ရှိအချိန်အထိ ၄င်းတမံများ၊ ဆည်များ၊ ရေလွှဲဆည်များ၌ စိုးရိမ်ရသည့် ထိခိုက်ပျက်စီးမှုမရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနထံမှ သိရသည်။

သတင်း#နေဖြိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net