စင်ကာပူအလွတ်တန်း ဖိတ်ခေါ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် မြန်မာအဖွဲ့က ရွှေတံဆိပ် (၆)ခု ရရှိ

စင်ကာပူအလွတ်တန်း ဖိတ်ခေါ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် မြန်မာအဖွဲ့က ရွှေတံဆိပ် (၆)ခု ရရှိ
မတျ 29, 2019
By Tachileik News Agency



ပထမနေ့ဖြစ်သည့် မတ်လ (၂၈)ရက်နေ့ပြိုင်ပွဲရလဒ်များအရ ဟောင်ကောင်က ရွှေတံဆိပ် (၃)ခု၊ ငွေတံဆိပ် (၂)ခု၊ ကြေးတံဆိပ်(၁)ခု စုစုပေါင်း ဆုတံဆိပ် (၆)ခုဖြင့် ပထမနေရာ၊ ထိုင်းနိုင်ငံက ရွှေတံဆိပ် (၃)ခု၊ ငွေတံဆိပ် (၁)ခု၊ ကြေးတံဆိပ် (၁)ခု စုစုပေါင်း ဆုတံဆိပ် (၅)ခုဖြင့် ဒုတိယနေရာနှင့် မြန်မာက ရွှေတံဆိပ် (၃)ခု၊ ကြေးတံဆိပ် (၁)ခု စုစုပေါင်း ဆုတံဆိပ် (၄)ခုဖြင့် တတိယနေရာတို့တွင်ရှိနေပြီး ယင်းနောက်တွင် တရုတ်နိုင်ငံ တိုင်ပေ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ လာအိုနှင့် ဘရူနိုင်းတို့ ရှိနေခြင်းဖြစ်သည်။

မြန်မာပြေးခုန်ပစ်အဖွဲ့အား အဖွဲ့ခေါင်းဆောင်အဖြစ် မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဦးကျော်ခင်၊ အသင်း အုပ်ချုပ်သူ ဦးတင်ထွန်း၊ နည်းပြ ဒေါ်အေးအေးနွယ်တို့လိုက်ပါလျက် အားကစားသမား (၁၁)ဦးဖြင့် သွားရောက်ယှဉ်ပြိုင်နေကြခြင်းဖြစ်သည်။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

(၈၁)ကြိမ်မြောက် စင်ကာပူအလွတ်တန်း ဖိတ်ခေါ် ပြေးခုန်ပစ်ပြိုင်ပွဲတွင် မြန်မာအသင်းက ရွှေတံဆိပ် (၆)ခုအပါအဝင် ဆုတံဆိပ်ပေါင်း (၉)ခု ရရှိသွားကြောင်း မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်ထံမှ သိရသည်။

ပြိုင်ပွဲကို ၂၀၁၉ခုနှစ် မတ်လ (၂၈)ရက်နှင့် (၂၉)ရက်နေ့များတွင် ကျင်းပခြင်းဖြစ်ပြီး မြန်မာအဖွဲ့မှ အမျိုးသား၊ အမျိုးသမီး ပြိုင်ပွဲဝင်များက ရွှေတံဆိပ် (၆)ခု၊ ငွေတံဆိပ်(၁)ခုနှင့် ကြေးတံဆိပ် (၂)ခု ရရှိသွားခြင်းဖြစ်သည်။

အမျိုးသမီး မီတာ (၅,ဝဝဝ)နှင့် မီတာ (၁၀,ဝဝဝ)တွင် မြင့်မြင့်အေးက ရွှေတံဆိပ် (၂)ခု၊ မီတာ (၂၀,ဝဝဝ) လမ်းလျှောက် သန်းသန်းစိုးက ရွှေတံဆိပ်၊ မီတာ (၃,ဝဝဝ) အတားအဆီးကျော်တွင် အေးအေးမြို့က ရွှေတံဆိပ်၊ မီတာ (၁,၅၀၀)ပြိုင်ပွဲနှင့် မီတာ (၈၀၀)ပြိုင်ပွဲများတွင် အေးအေးအောင်က ရွှေတံဆိပ်နှင့် ကြေးတံဆိပ်၊ ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲတွင် ရဲထက်အောင် ရွှေတံဆိပ်၊ မီတာ (၅,ဝဝဝ)တွင် ဇာနည်ထွန်းက ငွေတံဆိပ်၊ မီတာ (၁,၅၀၀)တွင် ဖြိုးကျော်ဇင်ဦးက ကြေးတံဆိပ်များအသီးသီး ရရှိထားကြခြင်းဖြစ်သည်။

ပထမနေ့ဖြစ်သည့် မတ်လ (၂၈)ရက်နေ့ပြိုင်ပွဲရလဒ်များအရ ဟောင်ကောင်က ရွှေတံဆိပ် (၃)ခု၊ ငွေတံဆိပ် (၂)ခု၊ ကြေးတံဆိပ်(၁)ခု စုစုပေါင်း ဆုတံဆိပ် (၆)ခုဖြင့် ပထမနေရာ၊ ထိုင်းနိုင်ငံက ရွှေတံဆိပ် (၃)ခု၊ ငွေတံဆိပ် (၁)ခု၊ ကြေးတံဆိပ် (၁)ခု စုစုပေါင်း ဆုတံဆိပ် (၅)ခုဖြင့် ဒုတိယနေရာနှင့် မြန်မာက ရွှေတံဆိပ် (၃)ခု၊ ကြေးတံဆိပ် (၁)ခု စုစုပေါင်း ဆုတံဆိပ် (၄)ခုဖြင့် တတိယနေရာတို့တွင်ရှိနပြေီး ယင်းနောက်တွင် တရုတ်နိုင်ငံ တိုင်ပေ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ တောင်ကိုရီးယား၊ လာအိုနှင့် ဘရူနိုင်းတို့ ရှိနခြေင်းဖြစ်သည်။

မြန်မာပြေးခုန်ပစ်အဖွဲ့အား အဖွဲ့ခေါင်းဆောင်အဖြစ် မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးဦးကျော်ခင်၊ အသင်း အုပ်ချုပ်သူ ဦးတင်ထွန်း၊ နည်းပြ ဒေါ်အေးအေးနွယ်တို့လိုက်ပါလျက် အားကစားသမား (၁၁)ဦးဖြင့် သွားရောက်ယှဉ်ပြိုင်နကြခြေင်းဖြစ်သည်။

Tachileik News Agency
Photo: Daniel Lim , မြန်မာ့ပြေးခုန်ပစ်အဖွဲ့ချုပ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net