တာခ်ီလိတ္တြင္ ဂ်ပန္စကားေျပာအေျခခံ (၃)လသင္တန္း အခမဲ့သင္ၾကားေပးမည္

တာခ်ီလိတ္တြင္ ဂ်ပန္စကားေျပာအေျခခံ (၃)လသင္တန္း အခမဲ့သင္ၾကားေပးမည္
မတ် 18, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ အေမ့ေမတၱာပညာပန္းခင္း (အခမဲ့)ပညာဒါနေက်ာင္း၌ ဂ်ပန္စကားေျပာ အေျခခံသင္တန္းကို ၂၀၁၉ ခုႏွစ္၊ မတ္လ (၂၅)ရက္ေန႔မွစ၍ ဖြင့္လွစ္မည္ျဖစ္၍ သင္တန္းတက္ေရာက္လိုသူမ်ား စာရင္းေပးသြင္းနိုင္ေၾကာင္း သိရသည္။

အဆိုပါသင္တန္းကို တနလၤာမွ ေသာၾကာအထိ နံနက္ (၈)နာရီမွ (၉)နာရီအထိ (၃)လၾကာ သင္ၾကားမည္ျဖစ္ၿပီး သင္ေထာက္ကူပစၥည္းမ်ားအပါအဝင္ သင္တန္းေၾကးအခမဲ့ျဖစ္ေၾကာင္း သိရသည္။

ဂ်ပန္စာကို အေျခခံမွစ၍ ေလ့လာလိုသူမ်ားအတြက္ ဂ်ပန္အရည္အခ်င္းစစ္စာေမးပြဲအတုိင္း အေျခခံကို သင္ၾကားေပးသြားမည္ျဖစ္၍ သင္တန္းၿပီးဆံုးသည္အထိ အမွန္တကယ္တက္ေရာက္လိုသူမ်ားကို လူဦးေရအကန္႔အသတ္ျဖင့္ လက္ခံမည္ျဖစ္ေၾကာင္း သိရသည္။

သင္တန္းႏွင့္ပတ္သက္၍ အေသးစိတ္ဆက္သြယ္စံုစမ္း စာရင္းေပးသြင္းလုိပါက ေဒၚခင္ေဌးဝင္း ၀၉ ၄၅၇၇၁၅၆၀၄ ႏွင့္ ေဒၚေသာ္ေသာ္မိုး ၀၉ ၇၉၇၆၃၉၃၆၅ တုိ႔သို႔ ဆက္သြယ္ႏုိင္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် ဂျပန်စကားပြောအခြေခံ (၃)လသင်တန်း အခမဲ့သင်ကြားပေးမည်
**********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ အမေ့မေတ္တာပညာပန်းခင်း (အခမဲ့)ပညာဒါနကျောင်း၌ ဂျပန်စကားပြော အခြေခံသင်တန်းကို ၂၀၁၉ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့မှစ၍ ဖွင့်လှစ်မည်ဖြစ်၍ သင်တန်းတက်ရောက်လိုသူများ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို တနင်္လာမှ သောကြာအထိ နံနက် (၈)နာရီမှ (၉)နာရီအထိ (၃)လကြာ သင်ကြားမည်ဖြစ်ပြီး သင်ထောက်ကူပစ္စည်းများအပါအဝင် သင်တန်းကြေးအခမဲ့ဖြစ်ကြောင်း သိရသည်။

ဂျပန်စာကို အခြေခံမှစ၍ လေ့လာလိုသူများအတွက် ဂျပန်အရည်အချင်းစစ်စာမေးပွဲအတိုင်း အခြေခံကို သင်ကြားပေးသွားမည်ဖြစ်၍ သင်တန်းပြီးဆုံးသည်အထိ အမှန်တကယ်တက်ရောက်လိုသူများကို လူဦးရေအကန့်အသတ်ဖြင့် လက်ခံမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းနှင့်ပတ်သက်၍ အသေးစိတ်ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းလိုပါက ဒေါ်ခင်ဌေးဝင်း ၀၉ ၄၅၇၇၁၅၆၀၄ နှင့် ဒေါ်သော်သော်မိုး ၀၉ ၇၉၇၆၃၉၃၆၅ တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net