ေအာင္ပန္းၿမို႕ရွိ ဗိုလ္မွဴးဗထူး အထိမ္းအမွတ္ေက်ာက္တိုင္ကို ေကာ္မတီသေဘာတူညီခ်က္ျဖင့္ ေရြ႕ေျပာင္းျခင္းျဖစ္ၿပီး ဗထူးပန္းၿခံတြင္ ပံုစံတူ ျပန္လည္ထားရွိမည္

ေအာင္ပန္းၿမို႕ရွိ ဗိုလ္မွဴးဗထူး အထိမ္းအမွတ္ေက်ာက္တိုင္ကို ေကာ္မတီသေဘာတူညီခ်က္ျဖင့္ ေရြ႕ေျပာင္းျခင္းျဖစ္ၿပီး ဗထူးပန္းၿခံတြင္ ပံုစံတူ ျပန္လည္ထားရွိမည္
မတ် 28, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေအာင္ပန္းၿမိဳ႕တြင္း (၄)လမ္းသြားလမ္းခ်ဲ႕ရာတြင္ ဗိုလ္မွဴးဗထူးေက်ာက္တိုင္ရင္ျပင္ ေျမေနရာ အနည္းငယ္ ပါဝင္ေနသျဖင့္ ေက်ာက္တုိင္အား ဗိုလ္မွဴးဗထူးပန္းၿခံ၌ ေျပာင္းေရႊ႕ တည္ေဆာက္ရန္ ေကာ္မတီ၏ သေဘာတူဆံုးျဖတ္ခ်က္ျဖင့္ ေရႊ႕ေျပာင္းျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အထိမ္းအမွတ္ေက်ာက္တုိင္ေရႊ႕ေျပာင္းေရးႏွင့္ပတ္သက္၍ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ အုပ္ခ်ဳပ္ေရးအဖြဲ႕အစည္းမ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ လူမႈေရးအဖြဲ႕အစည္းမ်ားႏွင့္ ပါတီေပါင္းစံုပါဝင္သည့္ ေအာင္ပန္းၿမိဳ႕တြင္း ျပည္ေထာင္စုလမ္းမႀကီး AC ကတၱရာလမ္းခင္းျခင္းအေထာက္အကူျပဳေကာ္မတီမွ အႀကိမ္ႀကိမ္အ စည္းအေဝးလုပ္ၿပီးေနာက္ လက္ရွိေနရာအား ဖယ္ရွားက ေရႊ႕ေျပာင္းရန္ ဆံုးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ေတြ႕ဆံုေဆြးေႏြးတာေတာ့ မ်ားတယ္ဗ်။ ကၽြန္ေတာ္မေရာက္ခင္ကတည္းက အစည္းအေ၀းေတြမွာ ဆံုးျဖတ္ၿပီးသား။ ဒီဟာကိုေရြ႕မယ္ဆိုတာက ၾကာၿပီဗ်။ ေအာင္ပန္းက ၿမို႕မိၿမိဳ႕ဖေတြေရာ၊ လူမႈေရးအသင္းအဖြဲ႕ေတြေရာ ေဆြးေႏြးညိႇႏိႈင္းၿပီးမွ လုပ္ၾကတာဗ်"ဟု ကေလာၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခင္မင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေအာင္ပန္းၿမိဳ႕တြင္းရိွ ဗိုလ္မွဴးဗထူးေက်ာက္တိုင္ ရွင္းလင္းဖယ္ရွားမႈကို ၂၀၁၉ ခုႏွစ္၊ မတ္လ (၂၈) ရက္ေန႔တြင္ ျပဳလုပ္လိုက္ၿပီး ဖ်က္လိုက္သည့္ ေက်ာက္တိုင္ပံုစံတူအား ဗထူးပန္ၿခံအတြင္း ထားရွိသြားမည္ျဖစ္ေၾကာင္းႏွင့္ ဖယ္ရွားသည့္အခ်ိန္တြင္ လူဦးေရ (၃၀၀) ခန္႔လာေရာက္ၾကည့္ရႈခဲ့ေၾကာင္း သိရသည္။

"အစည္းအေ၀း (၄) ႀကိမ္လုပ္ခဲ့တယ္။ ေကာ္မတီနဲ႔လုပ္တာ။ ေကာ္မတီမွာ ပါတီေပါင္းစံုပါတယ္။ ရပ္မိရပ္ဖေတြပါတယ္"ဟု ကေလာၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန္းထိုက္ကေျပာသည္။

(၄၈) ေပအက်ယ္ လမ္းေဖာက္လုပ္ရာတြင္ ဗိုလ္မွဴးဗထူးေက်ာက္တိုင္၏ ရင္ျပင္အနည္းငယ္ ပါရိွသြားၿပီး သမိုင္း၀င္ အထိမ္းအမွတ္ျဖစ္သျဖင့္ လမ္းမႀကီးေဘးတြင္ ထားရိွရန္ မသင့္ေတာ္ေသာေၾကာင့္ ေျပာင္းေရႊ႕လိုပါက လမ္းေဖါက္လုပ္သည့္ကုမၸဏီမွ စိုက္ထုတ္က်ခံေပးမည္ျဖစ္ေၾကာင္း တင္ျပခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

" လႊတ္ေတာ္ကိုယ္စားလွယ္ အသီးသီးေရာ ၿမိဳ႕အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြေရာ၊ လမ္းဦးစီးဌာနေရာ၊ ၿမိဳ႕မိၿမိဳ႕ဖအဖြဲ႕ေတြေရာ ဒါေတြအားလံုးစုေပါင္းၿပီးမွ အားလံုးသေဘာတူညီတဲ့ သေဘာထားအရ ဗိုလ္မွဴးႀကီးဗထူးပန္းၿခံထဲကိုေရႊ႕မွာ ျဖစ္ပါတယ္။ ေတာင္ေပၚေဒသလမ္းေဆာက္လုပ္ေရးကုမၸဏီက မူလလက္ရာမပ်က္ တည္ေဆာက္ေပးမွာ ျဖစ္ပါတယ္"ဟု ေတာင္ႀကီးခ႐ိုင္လမ္းဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး (ၿမိဳ႕ျပ) ဦးမ်ိဳးလြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မိတၳီလာ- ေတာင္ႀကီး လမ္းပိုင္းအား  B.O.T စနစ္ျဖင့္ လုပ္ကိုင္ခြင့္ရထားသည့္ ေတာင္ေပၚေဒသလမ္းေဆာက္လုပ္းေရးကုမၸဏီက (၄၈)ေပအက်ယ္ခ်ဲ႕၍ AC ကတၱရာခင္းျခင္းလုပ္ငန္းကို ေဆာင္ရြက္ေနျခင္းျဖစ္သည္။

သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - Ba Gyee Soe @ ABN


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့တွင်း (၄)လမ်းသွားလမ်းချဲ့ရာတွင် ဗိုလ်မှူးဗထူးကျောက်တိုင်ရင်ပြင် မြေနေရာ အနည်းငယ် ပါဝင်နေသဖြင့် ကျောက်တိုင်အား ဗိုလ်မှူးဗထူးပန်းခြံ၌ ပြောင်းရွှေ့ တည်ဆောက်ရန် ကော်မတီ၏ သဘောတူဆုံးဖြတ်ချက်ဖြင့် ရွှေ့ပြောင်းခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အထိမ်းအမှတ်ကျောက်တိုင်ရွှေ့ပြောင်းရေးနှင့်ပတ်သက်၍ မြို့မိမြို့ဖများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပါတီပေါင်းစုံပါဝင်သည့် အောင်ပန်းမြို့တွင်း ပြည်ထောင်စုလမ်းမကြီး AC ကတ္တရာလမ်းခင်းခြင်းအထောက်အကူပြုကော်မတီမှ အကြိမ်ကြိမ်အ စည်းအဝေးလုပ်ပြီးနောက် လက်ရှိနေရာအား ဖယ်ရှားက ရွှေ့ပြောင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"တွေ့ဆုံဆွေးနွေးတာတော့ များတယ်ဗျ။ ကျွန်တော်မရောက်ခင်ကတည်းက အစည်းအေဝးတွေမှာ ဆုံးဖြတ်ပြီးသား။ ဒီဟာကိုရွေ့မယ်ဆိုတာက ကြာပြီဗျ။ အောင်ပန်းက မြို့မိမြို့ဖတွေရော၊ လူမှုရေးအသင်းအဖွဲ့တွေရော ဆွေးနွေးညှိနှိုင်းပြီးမှ လုပ်ကြတာဗျ"ဟု ကလောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အောင်ပန်းမြို့တွင်းရှိ ဗိုလ်မှူးဗထူးကျောက်တိုင် ရှင်းလင်းဖယ်ရှားမှုကို ၂၀၁၉ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် ပြုလုပ်လိုက်ပြီး ဖျက်လိုက်သည့် ကျောက်တိုင်ပုံစံတူအား ဗထူးပန်ခြံအတွင်း ထားရှိသွားမည်ဖြစ်ကြောင်းနှင့် ဖယ်ရှားသည့်အချိန်တွင် လူဦးရေ (၃၀၀) ခန့်လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

"အစည်းအေဝး (၄) ကြိမ်လုပ်ခဲ့တယ်။ ကော်မတီနဲ့လုပ်တာ။ ကော်မတီမှာ ပါတီပေါင်းစုံပါတယ်။ ရပ်မိရပ်ဖတွေပါတယ်"ဟု ကလောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်ကပြောသည်။

(၄၈) ပေအကျယ် လမ်းဖောက်လုပ်ရာတွင် ဗိုလ်မှူးဗထူးကျောက်တိုင်၏ ရင်ပြင်အနည်းငယ် ပါရှိသွားပြီး သမိုင်းဝင် အထိမ်းအမှတ်ဖြစ်သဖြင့် လမ်းမကြီးဘေးတွင် ထားရှိရန် မသင့်တော်သောကြောင့် ပြောင်းရွှေ့လိုပါက လမ်းဖောက်လုပ်သည့်ကုမ္ပဏီမှ စိုက်ထုတ်ကျခံပေးမည်ဖြစ်ကြောင်း တင်ပြခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

" လွှတ်တော်ကိုယ်စားလှယ် အသီးသီးရော မြို့အုပ်ချုပ်ရေးအဖွဲ့တွေရော၊ လမ်းဦးစီးဌာနရော၊ မြို့မိမြို့ဖအဖွဲ့တွေရော ဒါတွေအားလုံးစုပေါင်းပြီးမှ အားလုံးသဘောတူညီတဲ့ သဘောထားအရ ဗိုလ်မှူးကြီးဗထူးပန်းခြံထဲကိုရွှေ့မှာ ဖြစ်ပါတယ်။ တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီက မူလလက်ရာမပျက် တည်ဆောက်ပေးမှာ ဖြစ်ပါတယ်"ဟု တောင်ကြီးခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးမျိုးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိတ္ထီလာ- တောင်ကြီး လမ်းပိုင်းအား B.O.T စနစ်ဖြင့် လုပ်ကိုင်ခွင့်ရထားသည့် တောင်ပေါ်ဒေသလမ်းဆောက်လုပ်းရေးကုမ္ပဏီက (၄၈)ပေအကျယ်ချဲ့၍ AC ကတ္တရာခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်နခြေင်းဖြစ်သည်။

သတင်း - #ဟန်စိုးထိုက်
ဓာတ်ပုံ - Ba Gyee Soe @ ABN

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net