ျပည္တြင္းစစ္မ်ားႏွင့္ ပတ္သက္၍ ၿငိမ္းခ်မ္းေရးလႈပ္ရွားမႈအျဖစ္ ၿငိမ္းခ်မ္းေရးဆိုင္ကယ္စီးအဖြဲ႕ လိြဳင္ေကာ္ၿမိဳ႕မွ ရွမ္းျပည္နယ္ဘက္သို႔ ျပန္လည္ ထြက္ခြာ

ျပည္တြင္းစစ္မ်ားႏွင့္ ပတ္သက္၍ ၿငိမ္းခ်မ္းေရးလႈပ္ရွားမႈအျဖစ္ ၿငိမ္းခ်မ္းေရးဆိုင္ကယ္စီးအဖြဲ႕ လိြဳင္ေကာ္ၿမိဳ႕မွ ရွမ္းျပည္နယ္ဘက္သို႔ ျပန္လည္ ထြက္ခြာ
မတ် 29, 2019
By Tachileik News Agency

ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕သို႔ ၂၀၁၉ ခုႏွစ္၊ မတ္လ (၂၈)ရက္ေန႔က ေရာက္ရိွေနသည့္ ၿငိမ္းခ်မ္းေရးဆိုင္ကယ္စီးခရီးစဥ္အဖြဲ႕သည္ မတ္လ (၂၉)ရက္ေန႔တြင္ လိြဳင္ေကာ္မွ ရွမ္းျပည္နယ္ဘက္သို႔ ျပန္လည္ထြက္ခြာသြားၿပီျဖစ္သည္။

ႏုိင္ငံအတြင္း ၿငိမ္းခ်မ္းေရးရရိွေစေရး လူထုပူးေပါင္းပါဝင္လာေစရန္ လႈပ္ရွားမႈအျဖစ္ အဆုိပါ ဆိုင္ကယ္စီးခရီးစဥ္အား လုပ္ေဆာင္ျခင္းျဖစ္သည္ဟု သိရၿပီး မတ္လ (၂၇) ရက္ေန႔တြင္ ရန္ကုန္ၿမိဳ႕မွစတင္ထြက္ခြာလာျခင္းျဖစ္ေၾကာင္း သိရသည္။

ဆုိင္ကယ္ (၁၀)စီးႏွင့္ အထက္ပါဝင္သည့္ အဆိုပါ ဆုိင္ကယ္စီးအဖြဲ႕သည္ လိြဳင္ေကာ္ၿမိဳ႕မွေန၍ ဆီဆိုင္ ၊ ဟိုပုန္း ၊ေတာင္ႀကီး ၊မိုင္း႐ွဴး ၊ေက်ာက္မဲ ၊ေနာင္ခ်ိဳ ၊ ျပင္ဦးလြင္ ၊ မႏၱေလး ၿမိဳ႕မ်ားသို႔ ဆက္လက္စီးနင္းမည္ျဖစ္ေၾကာင္း သိရသည္။

" ကြၽန္ေတာ္တို႔ ခရီးစဥ္က အားလုံးေပါင္း မိုင္ (၁,၅၀၀) ေက်ာ္တယ္။ အဓိက ကေတာ့ ျပည္တြင္းစစ္ေတြရပ္စဲေပးဖို႔ ၿငိမ္းခ်မ္းေရးမွာ ျပည္သူလူထုေတြ ပိုၿပီးပူးေပါင္းပါဝင္ ေဆာင္ရြက္လာဖို႔ ျဖစ္ပါတယ္ " ခရီးစဥ္တြင္ပါဝင္သည့္ ကိုမင္းေသြးသစ္ကေျပာသည္။

တစ္ႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈမ်ား ရပ္တန္႔ေပးေရး ၊ ၿငိမ္းခ်မ္းေရးအတြက္ ေတြ႔ဆံုေဆြးေႏြး အေျဖရွာၾကရန္ ႏွင့္ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္မ်ားတြင္ လူထု ပါ၀င္မႈအား ပိုမိုျမႇင့္တင္ႏိုင္္ေရး အတြက္ ၿငိမ္းခ်မ္းေရး ဆိုင္ကယ္စီး ခရီးစဥ္အားျပဳလုပ္ရျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု -  ဆန္းၿဖိဳးထြန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~


ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ ၂၀၁၉ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့က ရောက်ရှိနေသည့် ငြိမ်းချမ်းရေးဆိုင်ကယ်စီးခရီးစဉ်အဖွဲ့သည် မတ်လ (၂၉)ရက်နေ့တွင် လွိုင်ကော်မှ ရှမ်းပြည်နယ်ဘက်သို့ ပြန်လည်ထွက်ခွာသွားပြီဖြစ်သည်။

နိုင်ငံအတွင်း ငြိမ်းချမ်းရေးရရှိစေရေး လူထုပူးပေါင်းပါဝင်လာစေရန် လှုပ်ရှားမှုအဖြစ် အဆိုပါ ဆိုင်ကယ်စီးခရီးစဉ်အား လုပ်ဆောင်ခြင်းဖြစ်သည်ဟု သိရပြီး မတ်လ (၂၇) ရက်နေ့တွင် ရန်ကုန်မြို့မှစတင်ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ် (၁၀)စီးနှင့် အထက်ပါဝင်သည့် အဆိုပါ ဆိုင်ကယ်စီးအဖွဲ့သည် လွိုင်ကော်မြို့မှနေ၍ ဆီဆိုင်၊ ဟိုပုန်း၊တောင်ကြီး၊မိုင်းရှူး၊ကျောက်မဲ၊နောင်ချို၊ ပြင်ဦးလွင်၊ မန္တလေး မြို့များသို့ ဆက်လက်စီးနင်းမည်ဖြစ်ကြောင်း သိရသည်။

" ကျွန်တော်တို့ ခရီးစဉ်က အားလုံးပေါင်း မိုင် (၁,၅၀၀) ကျော်တယ်။ အဓိက ကတော့ ပြည်တွင်းစစ်တွေရပ်စဲပေးဖို့ ငြိမ်းချမ်းရေးမှာ ပြည်သူလူထုတွေ ပိုပြီးပူးပေါင်းပါဝင် ဆောင်ရွက်လာဖို့ ဖြစ်ပါတယ် " ခရီးစဉ်တွင်ပါဝင်သည့် ကိုမင်းသွေးသစ်ကပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုများ ရပ်တန့်ပေးရေး၊ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာကြရန် နှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် လူထု ပါဝင်မှုအား ပိုမိုမြှင့်တင်နိုင်ရေး အတွက် ငြိမ်းချမ်းရေး ဆိုင်ကယ်စီး ခရီးစဉ်အားပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net