Tour of 2019 Eastern to Thailand South Myanmar ခရီးစဥ္မွ စက္ဘီးသမား (၆)ဦး ထုိင္းႏိုင္ငံဘက္သို႔ စတင္ ျဖတ္သန္း စီးနင္း

Tour of 2019 Eastern to Thailand South Myanmar ခရီးစဥ္မွ စက္ဘီးသမား (၆)ဦး ထုိင္းႏိုင္ငံဘက္သို႔ စတင္ ျဖတ္သန္း စီးနင္း
ဇန်နဝါရီ 12, 2019
By Tachileik News Agency
ျမန္မာႏိုင္ငံအေရွ႕ပိုင္း၊ က်ဳိင္းတံုႏွင့္ တာခ်ီလိတ္မွတစ္ဆင့္ ထိုင္းႏိုင္ငံကို ေက်ာ္ျဖတ္ကာ ျမန္မာႏုိင္ငံ ေတာင္ဘက္ဖ်ား ေကာ့ေသာင္းၿမိဳ႕အထိ ကီလိုမီတာ (၄,၀၀၀)ေက်ာ္ စက္ဘီးစီးနင္းမည့္ Tour of  2019 Eastern  to Thailand South Myanmar ခရီးစဥ္မွ စက္ဘီးသမား (၆)ဦးတုိ႔သည္ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁၂)ရက္ေန႔ နံနက္၌ တာခ်ီလိတ္မွ ထုိင္းႏိုင္ငံဘက္သို႔ စတင္ထြက္ခြာသြားၿပီျဖစ္သည္။

အဆိုပါ ခရီးစဥ္ကို က်ဳိင္းတုံၿမိဳ႕ရိွ MTB မွ ကိုလွျမင့္မိုး(ခ)ကိုတူး၊ ဦးစိုင္းရီဆိုင္ (ခ)ပီနန္၊ ကိုေလာလူ၊ ကိုအိုက္တီးအြန္၊ တာခ်ီလိတ္မွ ကိုေနဇာ(Only Biker)ႏွင့္ တာေလမွ ကိုစိုင္းခမ္းရွဲန္တို႔ ပါဝင္သည့္အဖြဲ႕က မိမိ အစီအစဥ္ျဖင့္ မိမိစီးနင္းျခင္းျဖစ္ေသာ္လည္း ထုိင္းႏိုင္ငံမွ ျဖတ္သန္းမည့္လမ္းေၾကာင္းအတြက္ ကိုစုိင္းေနာ္ခမ္းက လမ္းေၾကာင္းေျမပံုမ်ား စီစဥ္ေပးျခင္း၊ တာခ်ီလိတ္ၿမိဳ႕ ၾကယ္တံခြန္ကုန္စံုဆုိင္က ဘတ္ (၆၀၀၀)ႏွင့္ ေဒၚတင္ေမထြန္းက ဘတ္(၂၀၀၀)တို႔ကို လမ္းခရီးတြင္ အသံုးျပဳႏုိင္ရန္ ပါဝင္ကူညီၾကေၾကာင္း သိရသည္။

အဆိုပါ ခရီးစဥ္တြင္ ကိုလွျမင့္မိုး(ခ)ကိုတူး၊ ဦးစိုင္းရီဆိုင္ (ခ)ပီနန္က ကရင္ျပည္နယ္ ေကာ့ကရိတ္အထိ လည္းေကာင္း၊ က်န္ (၄)ဦးသည္ ေကာ့ေသာင္းအထိ လည္းေကာင္း အသီးသီးစီးနင္းၾကမည္ျဖစ္ၿပီး  အျပန္ခရီးတြင္ တာခ်ီလိတ္ၿမိဳ႕မွ ကိုေနဇာ(Only Biker)ႏွင့္ တာေလၿမိဳ႕႔မွ ကိုစိုင္းခမ္းရွဲန္တို႔က ေကာ့ေသာင္းမွ ထိုင္းႏိုင္ငံကိုျဖတ္သန္းၿပီး ရေနာင္း - ခြ်န္းေဖာ၊ ေဟြဟင္၊ လမ္းပန္း၊ ခ်င္းရိုင္း၊ မယ္ဆိုင္ - တာခ်ီလိတ္ လမ္းေၾကာင္း စက္ဘီးျဖင့္ျပန္လာမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာနိုင်ငံအရှေ့ပိုင်း၊ ကျိုင်းတုံနှင့် တာချီလိတ်မှတစ်ဆင့် ထိုင်းနိုင်ငံကို ကျော်ဖြတ်ကာ မြန်မာနိုင်ငံ တောင်ဘက်ဖျား ကော့သောင်းမြို့အထိ ကီလိုမီတာ (၄,ဝဝဝ)ကျော် စက်ဘီးစီးနင်းမည့် Tour of 2019 Eastern to Thailand South Myanmar ခရီးစဉ်မှ စက်ဘီးသမား (၆)ဦးတို့သည် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၂)ရက်နေ့ နံနက်၌ တာချီလိတ်မှ ထိုင်းနိုင်ငံဘက်သို့ စတင်ထွက်ခွာသွားပြီဖြစ်သည်။

အဆိုပါ ခရီးစဉ်ကို ကျိုင်းတုံမြို့ရှိ MTB မှ ကိုလှမြင့်မိုး(ခ)ကိုတူး၊ ဦးစိုင်းရီဆိုင် (ခ)ပီနန်၊ ကိုလောလူ၊ ကိုအိုက်တီးအွန်၊ တာချီလိတ်မှ ကိုနေဇာ(Only Biker)နှင့် တာလေမှ ကိုစိုင်းခမ်းရှဲန်တို့ ပါဝင်သည့်အဖွဲ့က မိမိ အစီအစဉ်ဖြင့် မိမိစီးနင်းခြင်းဖြစ်သော်လည်း ထိုင်းနိုင်ငံမှ ဖြတ်သန်းမည့်လမ်းကြောင်းအတွက် ကိုစိုင်းနော်ခမ်းက လမ်းကြောင်းမြေပုံများ စီစဉ်ပေးခြင်း၊ တာချီလိတ်မြို့ ကြယ်တံခွန်ကုန်စုံဆိုင်က ဘတ် (၆၀၀၀)နှင့် ဒေါ်တင်မေထွန်းက ဘတ်(၂၀၀၀)တို့ကို လမ်းခရီးတွင် အသုံးပြုနိုင်ရန် ပါဝင်ကူညီကြကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်တွင် ကိုလှမြင့်မိုး(ခ)ကိုတူး၊ ဦးစိုင်းရီဆိုင် (ခ)ပီနန်က ကရင်ပြည်နယ် ကော့ကရိတ်အထိ လည်းကောင်း၊ ကျန် (၄)ဦးသည် ကော့သောင်းအထိ လည်းကောင်း အသီးသီးစီးနင်းကြမည်ဖြစ်ပြီး အပြန်ခရီးတွင် တာချီလိတ်မြို့မှ ကိုနေဇာ(Only Biker)နှင့် တာလမြေို့မှ ကိုစိုင်းခမ်းရှဲန်တို့က ကော့သောင်းမှ ထိုင်းနိုင်ငံကိုဖြတ်သန်းပြီး ရနောင်း - ချွန်းဖော၊ ဟွေဟင်၊ လမ်းပန်း၊ ချင်းရိုင်း၊ မယ်ဆိုင် - တာချီလိတ် လမ်းကြောင်း စက်ဘီးဖြင့်ပြန်လာမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~