ကျိုင်းတုံ ပြည်သူ့ဆေးရုံကြီးတွင် လူနာစောင့်များအတွက် ထိုင်ခုံ အလုံး(၁၀၀)လိုအပ်နေ၍ မည်သူမဆို ပါဝင်လှူဒါန်းနိုင်
ကျိုင်းတုံ ပြည်သူ့ဆေးရုံကြီးတွင် လူနာစောင့်များအတွက် ထိုင်ခုံ အလုံး(၁၀၀)လိုအပ်နေ၍ မည်သူမဆို ပါဝင်လှူဒါန်းနိုင်
မတျ 25, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့အထွေထွေရောဂါကုဆေးရုံကြီးတွင် လူနာစောင့်များအတွက် ထိုင်ခုံအလုံး (၁၀၀) လိုအပ်နေသည့် အတွက် စေတနာရှင်များအနေဖြင့် ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။
ကျိုင်းတုံအထွေထွေရောဂါကုဆေးရုံကြီးတွင် လူနာစောင့်ထိုင်ခုံများ အလုံအလောက်မရှိသဖြင့် လူနာစောင့်အများစုမှာ ဆေးရုံကြမ်းခင်းတွင် ဖျာခင်းနေထိုင်ရခြင်း၊ လူနာကုတင်လွတ်များပေါ်တွင် ထိုင်နေခြင်းများပြုလုပ်နေရပြီး လူနာသစ်များရောက်ရှိလာပါက အခက်အခဲများဖြစ်ပေါ်နေသဖြင့် ထိုင်ခုံအလှူရှင်များလိုအပ်နေခြင်း ဖြစ်သည်။
အလျား(၃)ပေ အနံ(၁)ပေ အမြင့် (၁)ပေခွဲရှိ လူနာစောင့် ထိုင်ခုံတစ်လုံးလျှင် ကျပ် (၃၃,၀၀၀) နှုန်းဖြင့်ပါဝင်လှူဒါန်းနိုင်ပြီး ထိုင်ခုံတွင် အလှူရှင်ကမ္ဗည်းထိုးပေးမည်ဖြစ်ရာ ပါဝင်လှူဒါန်းလိုသူများအနေဖြင့် ဆေးရုံအုပ်ကြီး ဒေါက်တာဥာဏ်မြင့် ၏ ဖုန်း - ၀၉၉၅၃၃၂၁၅၁၁ နှင့်  ဆေးလူမှုအရာရှိ ဒေါ်ဝင်ဌေး ၏  ဖုန်း ၀၉၄၀၁၆၁၉၉၂၉  သို့ ဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ပြီး ရပ်ဝေးမှ အလှူရှင်များ ဘဏ်စာရင်း KBZ 33530199904783401 သို့ လွှဲပို့  လှူဒါန်းနိုင်ကြောင်း သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့အထွေထွေရောဂါကုဆေးရုံကြီးတွင် လူနာစောင့်များအတွက် ထိုင်ခုံအလုံး (၁၀၀) လိုအပ်နေသည့် အတွက် စေတနာရှင်များအနဖြေင့် ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။
"လှူမယ်ဆိုရင်တော့ (၂) ခုရှိတာပေါ့။ ပစ္စည်းကိုကိုယ့်ဘာသာ ဝယ်ပြီးတော့လှူရင်လည်း လှူလို့ရပါတယ်။ ဒါမှမဟုတ် ကျွန်တော်တို့က ဈေးနှုန်းလေးမေးထားတော့ (၃၃,ဝဝဝ) ပြောတယ်။ အဲဒီဟာကို ကျွန်တော်တို့ဆီ ငွေလှူပြီး ကျွန်တော်တို့ကတဆင့် လက်သမားဆရာကို လုပ်ခိုင်းလို့ရပါတယ်။ လှူပြီးရင်တစ်ချက်အကြောင်းကြားပေးပေါ့။ ဘဏ်အကောင့်ကိုလွှဲရင် မသိလိုက်မှာစိုးလို့။ အရင်ကတော့ ကုတင်နဲ့ခုံနဲ့က အကိုက်ရှိတာပေါ့။ နောက်တော့လူနာစောင့်တွေ ဟိုရွှေ့ဒီရွှေ့ဆိုတော့ ခုံတွေက မကောင်းတော့ပဲပျက်ကုန်တာ။ အဲဒါကြောင့် အကူအညီတောင်းတဲ့ သဘောပါ"ဟု ကျိုင်းတုံပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဉာဏ်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၂၅)ရက်နေ့က ပြောသည်။
ကျိုင်းတုံအထွေထွေရောဂါကုဆေးရုံကြီးတွင် လူနာစောင့်ထိုင်ခုံများ အလုံအလောက်မရှိသဖြင့် လူနာစောင့်အများစုမှာ ဆေးရုံကြမ်းခင်းတွင် ဖျာခင်းနေထိုင်ရခြင်း၊ လူနာကုတင်လွတ်များပေါ်တွင် ထိုင်နခြေင်းများပြုလုပ်နေရပြီး လူနာသစ်များရောက်ရှိလာပါက အခက်အခဲများဖြစ်ပေါ်နေသဖြင့် ထိုင်ခုံအလှူရှင်များလိုအပ်နခြေင်း ဖြစ်သည်။
အလျား(၃)ပေ အနံ(၁)ပေ အမြင့် (၁)ပေခွဲရှိ လူနာစောင့် ထိုင်ခုံတစ်လုံးလျှင် ကျပ် (၃၃,ဝဝဝ) နှုန်းဖြင့်ပါဝင်လှူဒါန်းနိုင်ပြီး ထိုင်ခုံတွင် အလှူရှင်ကမ္ဗည်းထိုးပေးမည်ဖြစ်ရာ ပါဝင်လှူဒါန်းလိုသူများအနဖြေင့် ဆေးရုံအုပ်ကြီး ဒေါက်တာဉာဏ်မြင့်၏ ဖုန်း - ဝ၉၉၅၃၃၂၁၅၁၁ နှင့် ဆေးလူမှုအရာရှိ ဒေါ်ဝင်ဌေး၏ ဖုန်း ဝ၉၄၀၁၆၁၉၉၂၉ သို့ ဆက်သွယ်မေးမြန်းလှူဒါန်းနိုင်ပြီး ရပေ်ဝးမှ အလှူရှင်များ ဘဏ်စာရင်း KBZ 33530199904783401 သို့ လွှဲပို့ လှူဒါန်းနိုင်ကြောင်း သိရသည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net