မိုင်းလင်းဆရာတော်၏ သက်တော် (၆၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အလှူအဖြစ် တာချီလိတ်မှ မီးပုံးပျံအဖွဲ့ (၃)ဖွဲ့က မီးပုံးပျံများ လွှတ်တင်ပူဇော်မှုအဖြစ် ဇန်န၀ါရီလ(၈)ရက်နေ့တွင် ပြုလုပ်မည်

မိုင်းလင်းဆရာတော်၏ သက်တော် (၆၁)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အလှူအဖြစ် တာချီလိတ်မှ မီးပုံးပျံအဖွဲ့ (၃)ဖွဲ့က မီးပုံးပျံများ လွှတ်တင်ပူဇော်မှုအဖြစ် ဇန်န၀ါရီလ(၈)ရက်နေ့တွင် ပြုလုပ်မည်
ဇန်နဝါရီ 7, 2019
By Tachileik News Agency

တာချီလိတ်မြို့နယ်၊ တာလေမြို့ရှိ မိုင်းလင်းဆရာတော်၏ သက်တော်(၆၁)နှစ်ပြည့် ၀ိဇာတမွေးနေ့ အလှူတော်အား ဇန်န၀ါရီလ(၅)ရက်နေ့ကစ၍ ကျင်းပပြုလုပ်နေလျက်ရှိရာ ၂၀၁၉ခုနှစ် ဇန်န၀ါရီလ(၈)ရက်နေ့ ညပိုင်းတွင် တာချီလိတ်မှ မီးပုံးပျံအဖွဲ့(၃)ဖွဲ့က မီးပုံးပျံ လွှတ်တင်ပူဇော်ခြင်းအား ပြုလုပ်ကြမည် ဖြစ်ကြောင်း သိရသည်။


တာချီလိတ်မြို့နယ်၊ တာလေမြို့ မိုင်းလင်းအနောက်ကျေးရွာအုပ်စုရှိ ဓာတ်စွမ်စိုင့်ဟိုနမ့်တောရ ဝိပဿနာ ကမ္မဌာန်းကျောင်းတိုက်မှ မိုင်းလင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလ(ထမ်းပေါ်ဝန်းမီး)၏ သက်တော်(၆၁)နှစ်ပြည့် ၀ိဇာတမွေးနေ့မင်္ဂလာအလှူတော်အဖြစ် အဆိုပါ ကျောင်းတိုက်တွင် ကျင်းပပြုလုပ်နေလျက်ရှိပြီး ဇန်န၀ါရီလ(၉)ရက်နေ့ နံနက်(၉)နာရီတွင် ဆွမ်းဆန်းစိမ်း လောင်းလှူခြင်းအစီအစဉ်ကို ပြုလုပ်မည်ဖြစ်ပြီး မွန်းတည့်(၁၂)နာရီအချိန်တွင် အလှူတော်မင်္ဂလာ ပေးဆပ်ပွဲ ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချတရားနာကြမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့နယ်၊ တာလမြေို့ရှိ မိုင်းလင်းဆရာတော်၏ သက်တော်(၆၁)နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော်အား ဇန်နဝါရီလ(၅)ရက်နေ့ကစ၍ ကျင်းပပြုလုပ်နေလျက်ရှိရာ ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၈)ရက်နေ့ ညပိုင်းတွင် တာချီလိတ်မှ မီးပုံးပျံအဖွဲ့(၃)ဖွဲ့က မီးပုံးပျံ လွှတ်တင်ပူဇော်ခြင်းအား ပြုလုပ်ကြမည် ဖြစ်ကြောင်း သိရသည်။

မီးပုံးပျံဖြင့် ပူဇော်မည့် အဖွဲ့တွင် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်မှ ညောင်ညိုရိပ် မီးပုံးပျံအဖွဲ့ နှင့် ဆန်းပြားလူငယ် မီးပုံးပျံအဖွဲ့ အပြင် ဝမ်ကောင်းရပ်ကွက် အတွင်းမှ ရှယ်ထောမီးပုံးပျံအဖွဲ့ တို့မှ သွားရောက်၍ ပူဇော်မည် ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ တာလမြေို့ မိုင်းလင်းအနောက်ကျေးရွာအုပ်စုရှိ ဓာတ်စွမ်စိုင့်ဟိုနမ့်တောရ ဝိပဿနာ ကမ္မဌာန်းကျောင်းတိုက်မှ မိုင်းလင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလ(ထမ်းပေါ်ဝန်းမီး)၏ သက်တော်(၆၁)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအလှူတော်အဖြစ် အဆိုပါ ကျောင်းတိုက်တွင် ကျင်းပပြုလုပ်နေလျက်ရှိပြီး ဇန်နဝါရီလ(၉)ရက်နေ့ နံနက်(၉)နာရီတွင် ဆွမ်းဆန်းစိမ်း လောင်းလှူခြင်းအစီအစဉ်ကို ပြုလုပ်မည်ဖြစ်ပြီး မွန်းတည့်(၁၂)နာရီအချိန်တွင် အလှူတော်မင်္ဂလာ ပေးဆပ်ပွဲ ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချတရားနာကြမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရှယ်ထော၊ ဆန်းပြား

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~