ကယားျပည္နယ္ေန႔ ပြဲေတာ္ကာလအတြင္း မီးအလွျပပြဲေတာ္ ထည့္သြင္းက်င္းပေန

ကယားျပည္နယ္ေန႔ ပြဲေတာ္ကာလအတြင္း မီးအလွျပပြဲေတာ္ ထည့္သြင္းက်င္းပေန
ဇန်နဝါရီ 16, 2019
By Tachileik News Agency

ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕၌ က်င္းပေနသည့္ (၆၇)ႏွစ္ေျမာက္ ကယားျပည္နယ္ေန႔ပြဲေတာ္တြင္ LED မီးလံုးသန္းေပါင္း(၁၀၀)ေက်ာ္ျဖင့္ တစ္ဧကခြဲခန္႔အက်ယ္တြင္ အလွဆင္ထားသည့္ မီးအလွျပပြဲေတာ္ကို Fortune Joyce International Co.,Ltd က ပါဝင္ ျပသေနသည္ကို ေတြ႔ရသည္။

အဆိုပါ LED မီးအလွျပသျခင္းအား ကယားေဒးကြင္းအတြင္း တုိင္းရင္းသားပြဲၾကည့္စင္ အဝင္လမ္းေဘးရိွ ေျမကြက္လပ္အား တစ္ရက္လွ်င္ ေျမငွားရမ္းခ က်ပ္(၁)သိန္းႏႈန္းျဖင့္ ငွားရမ္းျပသေနျခင္းျဖစ္ၿပီး ဇန္နဝါရီလ (၁၀)ရက္ေန႔မွ (၂၀)ရက္ေန႔အထိ အခေၾကးေငြျဖင့္ ျပသထားျခင္းျဖစ္ေၾကာင္း သိရသည္။

(၆၇) ႏွစ္ေျမာက္ ကယားျပည္နယ္ေန႔ပြဲေတာ္အား ဇန္နဝါရီလ (၁၀) ရက္ေန႔မွ (၁၉) ရက္ေန႔အထိ ကယားေဒး ကြင္းတြင္ က်င္းပသြားမည္ျဖစ္ၿပီး အားကစားၿပိဳင္ပြဲမ်ား၊ ရိုးရာအကၿပိဳင္ပြဲမ်ား၊ အၿငိမ့္သဘင္၊ ဇာတ္သဘင္၊ စတိတ္ရႈိးေဖ်ာ္ေျဖေရးမ်ား ထည့္သြင္းက်င္းပမည္ျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - Fortune Joyce


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ကျင်းပနေသည့် (၆၇)နှစ်မြောက် ကယားပြည်နယ်နေ့ပွဲတော်တွင် LED မီးလုံးသန်းပေါင်း(၁၀၀)ကျော်ဖြင့် တစ်ဧကခွဲခန့်အကျယ်တွင် အလှဆင်ထားသည့် မီးအလှပြပွဲတော်ကို Fortune Joyce International Co.,Ltd က ပါဝင် ပြသနေသည်ကို တွေ့ရသည်။

အဆိုပါ LED မီးအလှပြသခြင်းအား ကယားဒေးကွင်းအတွင်း တိုင်းရင်းသားပွဲကြည့်စင် အဝင်လမ်းဘေးရှိ မြေကွက်လပ်အား တစ်ရက်လျှင် မြေငှါးရမ်းခ ကျပ်(၁)သိန်းနှုန်းဖြင့် ငှါးရမ်းပြသနခြေင်းဖြစ်ပြီး ဇန်နဝါရီလ (၁၀)ရက်နေ့မှ (၂၀)ရက်နေ့အထိ အခကြေးငွဖြေင့် ပြသထားခြင်းဖြစ်ကြောင်း သိရသည်။

(၆၇) နှစ်မြောက် ကယားပြည်နယ်နေ့ပွဲတော်အား ဇန်နဝါရီလ (၁၀) ရက်နေ့မှ (၁၉) ရက်နေ့အထိ ကယားဒေး ကွင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး အားကစားပြိုင်ပွဲများ၊ ရိုးရာအကပြိုင်ပွဲများ၊ အငြိမ့်သဘင်၊ ဇာတ်သဘင်၊ စတိတ်ရှိုးဖျော်ဖြေရေးများ ထည့်သွင်းကျင်းပမည်ဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - Fortune Joyce

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~