တာခ်ီလိတ္တြင္ ျမန္မာ - ထုိင္းႏွစ္ႏုိင္ငံ ႏွစ္သစ္ကူးစုေပါင္းဆြမ္းေလာင္းလွဴပြဲက်င္းပစဥ္ တံတား(၁)၌ ယာဥ္ျဖတ္သန္းသြားလာမႈ ေခတၱဆိုင္းငံ့ထားမည္ျဖစ္ေသာ္လည္း ေျခလ်င္ျဖတ္သန္းသူမ်ား ပံုမွန္အတုိင္းသြားလာႏုိင္

တာခ်ီလိတ္တြင္ ျမန္မာ - ထုိင္းႏွစ္ႏုိင္ငံ ႏွစ္သစ္ကူးစုေပါင္းဆြမ္းေလာင္းလွဴပြဲက်င္းပစဥ္ တံတား(၁)၌ ယာဥ္ျဖတ္သန္းသြားလာမႈ ေခတၱဆိုင္းငံ့ထားမည္ျဖစ္ေသာ္လည္း ေျခလ်င္ျဖတ္သန္းသူမ်ား ပံုမွန္အတုိင္းသြားလာႏုိင္
ဒီဇင်ဘာ 27, 2018
By Tachileik News Agency

ျမန္မာ - ထုိင္းႏွစ္ႏုိင္ငံ စုေပါင္းဆြမ္းေလာင္းလွဴပြဲကို ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတားအမွတ္(၁)၌ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁)ရက္ေန႔ ျမန္မာစံေတာ္ခ်ိန္ နံနက္ (၇)နာရီခြဲတြင္ စတင္ေလာင္းလွဴမည္ျဖစ္ၿပီး ဆြမ္းေလာင္းသည့္ အခ်ိန္အတြင္း ေမာ္ေတာ္ယာဥ္မ်ားကို ေခတၱဆိုင္းငံ့ထားမည္ ျဖစ္ေသာ္လည္း ေျခလ်င္ျဖတ္သန္း သြားလာသူမ်ားအေနျဖင့္ ပံုမွန္အတိုင္း သြားလာႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

“မယ္ဆိုင္ဘက္ Custom (အေကာက္ခြန္ရံုး)ကေန သံဃာေတြ စၿပီးၾကြလာၿပီး တာခ်ီလိတ္ဘက္ တံတားထိပ္ အဝိုင္းပတ္ကေန မယ္ဆိုင္ဘက္ကို ျပန္ၾကြမွာပါ။ ကၽြန္ေတာ္တုိ႔ ျမန္မာႏုိင္ငံဘက္ျခမ္းက ဆြမ္းေလာင္းလွဴမယ့္ သူေတြ အေနနဲ႔ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ သယ္ရလြယ္ကူတဲ့ ပစၥည္းတင္စရာ စားပြဲေလး ဘာေလးယူလာၿပီး မနက္(၆)နာရီေလာက္ ေနရာ ယူရင္ရပါၿပီ။ တံတားေပၚမွာဆိုေတာ့ လမ္းလည္း မပိတ္ေအာင္ ဆြမ္းေလာင္းတာလည္း အဆင္ေျပေအာင္ေပါ့။ ေနရာသတ္မွတ္တာေတြ လုပ္မထားပါဘူး။ လြတ္လြတ္ လပ္လပ္ အဆင္ေျပသလို ေနရာယူၿပီး ကိုယ့္ျမန္မာဘက္ျခမ္းကေန ေလာင္းလွဴႏုိင္ပါတယ္။ ႏွစ္ႏုိင္ငံ စုေပါင္းလွဴဒါန္းၾကတာဆိုေတာ့ ကိုယ့္ျမန္မာဘက္ကလည္း စုေပါင္း ပါဝင္လွဴဒါန္းၾကဖို႔ တုိက္တြန္းခ်င္ပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ့ေစာက ႏွစ္ႏုိင္ငံ ႏွစ္သစ္မဂၤလာ စုေပါင္းဆြမ္းေလာင္းလွဴပြဲအတြက္ အခမ္းအနား က်င္းပေရးလုပ္ငန္းညိႇႏိႈင္း အစည္းအေဝးတြင္ ေျပာသည္။

ႏွစ္ႏုိင္ငံစုေပါင္းဆြမ္းေလာင္းလွဴပြဲအတြက္ အခမ္းအနား က်င္းပေရးေကာ္မတီႏွင့္ လုပ္ငန္းေကာ္မတီမ်ား ဖြဲ႕စည္း တာဝန္ေပးျခင္းအစည္းအေဝးကို ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာလ(၂၇)ရက္ေန႔ နံနက္ (၁၀)နာရီခြဲက တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္စုေပါင္းရံုး အစည္းအေဝးခန္းမတြင္ က်င္းပျခင္းျဖစ္သည္။

ႏွစ္ႏုိင္ငံႏွစ္သစ္ကူး ဆြမ္းေလာင္းလွဴပြဲသို႔ တာခ်ီလိတ္ၿမိဳ႕မွ နဂါးႏွစ္ေကာင္ေက်ာင္းတုိက္မွ သံဃာအပါး(၄၀)၊ ေငြေတာင္ဦးကမၼ႒ာန္းေက်ာင္းတုိက္မွ အပါး(၄၀)၊ ပုန္းထြန္ရွမ္းေက်ာင္းမွ (၁၀)ပါး၊ ေတာင္တန္း သာသနာျပဳ(ဗဟို)ေက်ာင္းတုိက္မွ (၂၅)ပါး၊ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတုိက္မွ အပါး (၃၀)၊ ဆန္ဆိုင္းေက်ာင္းတုိက္မွ အပါး(၂၀)၊ မဟာဂႏၶာရံုေက်ာင္းတုိက္မွ အပါး(၃၀)၊ ပါလွ်ံဘုရားႀကီး ေက်ာင္းတုိက္မွ (၅)ပါး၊ ပါလွ်ံအလိုေတာ္ျပည့္ေက်ာင္းတိုက္မွ (၅)ပါး၊ လႊမ္းမိုးေတာရေက်ာင္းမွ (၅)ပါး၊  ပရဟိတေအာင္မဂၤလာေတာရေက်ာင္းမွ အပါး (၂၀)၊  ေနာင္ခမ္းေအာင္ဆုပန္ ဘ/ကေက်ာင္းမွ အပါး (၂၀)၊ ေရႊေတာင္တန္းပရဟိတေက်ာင္းတုိက္ မွ အပါး (၂၀)၊ မယ္ေခါင္ေက်ာင္းတိုက္မွ (၁၀)ပါး၊ ေဝဠဳဝန္ေက်ာင္းမွ (၅)ပါး၊ သီရိဟံသာေက်ာင္းတိုက္မွ (၁၅)ပါး စုစုေပါင္း သံဃာေတာ္ အပါး(၃၀၀)ကို ပင့္ဖိတ္မည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ သံဃာေတာ္အပါး(၃၀၀)အား တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္စုေပါင္းရံုးတြင္ နံနက္(၅)နာရီ၌ အာရုဏ္ဆြမ္း ဆက္ကပ္မည္ျဖစ္ရာ ယာယီမ႑ပ္မ်ားကို လူမႈကူညီေရးအဖြဲ႕မ်ားျဖစ္သည့္ မဇၨ်ိမလူမႈကူညီေရးအသင္း၊ ေရႊတာခ်ီလူမႈကူညီေရးအသင္းႏွင့္ အလင္းေရာင္ပရဟိတအသင္း တို႔က ကူညီေပးမည္ျဖစ္ေၾကာင္း သိရသည္။

ဆရာေတာ္မ်ားအား ဆြမ္းဆက္ကပ္ရန္အတြက္ ပညာေရးဌာနႏွင့္ အိမ္တြင္းမႈဦးစီးဌာနတို႔မွ လူအင္အား (၅၀)ကူညီ မည္ျဖစ္ၿပီး ပြဲက်င္းပေရးေကာ္မတီႏွင့္ ဆပ္ေကာ္မတီ အသီးသီးတြင္ သက္ဆုိင္ရာဌာန အသီးသီးႏွင့္ တာခ်ီလိတ္ၿမိဳ႕မွ လူမႈကူညီေရးအဖြဲ႕မ်ားက ပူးေပါင္းကူညီေဆာင္ရြက္ၾကမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဆြမ္းေလာင္းလွဴပြဲေတာ္ က်င္းပေရးအတြက္ က်င္းပေရးလုပ္ငန္းေကာ္မတီ၊ ဆရာေတာ္ႀကီးမ်ား ပင့္ေဆာင္/ ပို႔ေဆာင္ေရး ဆပ္ေကာ္မတီ၊ ပင့္သံဃာေတာ္မ်ား ႀကိဳတင္ပင့္ဖိတ္ျခင္းႏွင့္ အလွဴရွင္မ်ား ဖိတ္ၾကားေရးဆပ္ေကာ္မတီ၊ ႀကိဳဆိုေနရာခ်ထားေရးႏွင့္ သံဃာေတာ္စာရင္းေကာက္ယူေရးဆပ္ေကာ္မတီ၊ အခမ္းအနားျပင္ဆင္ေရးဆပ္ေကာ္မတီ၊ ဆြမ္းဆက္ကပ္လွဴဒါန္းျခင္းႏွင့္ ဧည့္ခံေကၽြးေမြးေရးဆပ္ေကာ္မတီ၊ လံုၿခံဳေရးဆပ္ေကာ္မတီ၊ ဘ႑ာေငြရွာေဖြေရးဆပ္ေကာ္မတီႏွင့္ သတင္းႏွင့္ျပန္ၾကားေရး ဆပ္ေကာ္မတီတို႔ျဖင့္ ဖြဲ႕စည္းတာဝန္ေပးအပ္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ခ်ယ္ရီထိုက္


~~~~~~~~⊰❂Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနှစ်နိုင်ငံ စုပေါင်းဆွမ်းလောင်းလှူပွဲကို မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁)၌ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့ မြန်မာစံတော်ချိန် နံနက် (၇)နာရီခွဲတွင် စတင်လောင်းလှူမည်ဖြစ်ပြီး ဆွမ်းလောင်းသည့် အချိန်အတွင်း မော်တော်ယာဉ်များကို ခေတ္တဆိုင်းငံ့ထားမည် ဖြစ်သော်လည်း ခြေလျင်ဖြတ်သန်း သွားလာသူများအနဖြေင့် ပုံမှန်အတိုင်း သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

“မယ်ဆိုင်ဘက် Custom (အကောက်ခွန်ရုံး)ကနေ သံဃာတွေ စပြီးကြွလာပြီး တာချီလိတ်ဘက် တံတားထိပ် အဝိုင်းပတ်ကနေ မယ်ဆိုင်ဘက်ကို ပြန်ကြွမှာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံဘက်ခြမ်းက ဆွမ်းလောင်းလှူမယ့် သူတွေ အနေနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် သယ်ရလွယ်ကူတဲ့ ပစ္စည်းတင်စရာ စားပွဲလေး ဘာလေးယူလာပြီး မနက်(၆)နာရီလောက် နေရာ ယူရင်ရပါပြီ။ တံတားပေါ်မှာဆိုတော့ လမ်းလည်း မပိတ်အောင် ဆွမ်းလောင်းတာလည်း အဆင်ပြေအောင်ပေါ့။ နေရာသတ်မှတ်တာတွေ လုပ်မထားပါဘူး။ လွတ်လွတ် လပ်လပ် အဆင်ပြေသလို နေရာယူပြီး ကိုယ့်မြန်မာဘက်ခြမ်းကနေ လောင်းလှူနိုင်ပါတယ်။ နှစ်နိုင်ငံ စုပေါင်းလှူဒါန်းကြတာဆိုတော့ ကိုယ့်မြန်မာဘက်ကလည်း စုပေါင်း ပါဝင်လှူဒါန်းကြဖို့ တိုက်တွန်းချင်ပါတယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက နှစ်နိုင်ငံ နှစ်သစ်မင်္ဂလာ စုပေါင်းဆွမ်းလောင်းလှူပွဲအတွက် အခမ်းအနား ကျင်းပရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောသည်။

နှစ်နိုင်ငံစုပေါင်းဆွမ်းလောင်းလှူပွဲအတွက် အခမ်းအနား ကျင်းပရေးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်း တာဝန်ပေးခြင်းအစည်းအဝေးကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(၂၇)ရက်နေ့ နံနက် (၁၀)နာရီခွဲက တာချီလိတ်ခရိုင်/မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပခြင်းဖြစ်သည်။

နှစ်နိုင်ငံနှစ်သစ်ကူး ဆွမ်းလောင်းလှူပွဲသို့ တာချီလိတ်မြို့မှ နဂါးနှစ်ကောင်ကျောင်းတိုက်မှ သံဃာအပါး(၄၀)၊ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်မှ အပါး(၄၀)၊ ပုန်းထွန်ရှမ်းကျောင်းမှ (၁၀)ပါး၊ တောင်တန်း သာသနာပြု(ဗဟို)ကျောင်းတိုက်မှ (၂၅)ပါး၊ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်မှ အပါး (၃၀)၊ ဆန်ဆိုင်းကျောင်းတိုက်မှ အပါး(၂၀)၊ မဟာဂန္ဓာရုံကျောင်းတိုက်မှ အပါး(၃၀)၊ ပါလျှံဘုရားကြီး ကျောင်းတိုက်မှ (၅)ပါး၊ ပါလျှံအလိုတော်ပြည့်ကျောင်းတိုက်မှ (၅)ပါး၊ လွှမ်းမိုးတောရကျောင်းမှ (၅)ပါး၊ ပရဟိတအောင်မင်္ဂလာတောရကျောင်းမှ အပါး (၂၀)၊ နောင်ခမ်းအောင်ဆုပန် ဘ/ကကျောင်းမှ အပါး (၂၀)၊ ရွှေတောင်တန်းပရဟိတကျောင်းတိုက် မှ အပါး (၂၀)၊ မယ်ခေါင်ကျောင်းတိုက်မှ (၁၀)ပါး၊ ဝေဠုဝန်ကျောင်းမှ (၅)ပါး၊ သီရိဟံသာကျောင်းတိုက်မှ (၁၅)ပါး စုစုပေါင်း သံဃာတော် အပါး(၃၀၀)ကို ပင့်ဖိတ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သံဃာတော်အပါး(၃၀၀)အား တာချီလိတ်ခရိုင်/မြို့နယ်စုပေါင်းရုံးတွင် နံနက်(၅)နာရီ၌ အာရုဏ်ဆွမ်း ဆက်ကပ်မည်ဖြစ်ရာ ယာယီမဏ္ဍပ်များကို လူမှုကူညီရေးအဖွဲ့များဖြစ်သည့် မဇ္ဇျိမလူမှုကူညီရေးအသင်း၊ ရွှေတာချီလူမှုကူညီရေးအသင်းနှင့် အလင်းရောင်ပရဟိတအသင်း တို့က ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။

ဆရာတော်များအား ဆွမ်းဆက်ကပ်ရန်အတွက် ပညာရေးဌာနနှင့် အိမ်တွင်းမှုဦးစီးဌာနတို့မှ လူအင်အား (၅၀)ကူညီ မည်ဖြစ်ပြီး ပွဲကျင်းပရေးကော်မတီနှင့် ဆပ်ကော်မတီ အသီးသီးတွင် သက်ဆိုင်ရာဌာန အသီးသီးနှင့် တာချီလိတ်မြို့မှ လူမှုကူညီရေးအဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွမ်းလောင်းလှူပွဲတော် ကျင်းပရေးအတွက် ကျင်းပရေးလုပ်ငန်းကော်မတီ၊ ဆရာတော်ကြီးများ ပင့်ဆောင်/ ပို့ဆောင်ရေး ဆပ်ကော်မတီ၊ ပင့်သံဃာတော်များ ကြိုတင်ပင့်ဖိတ်ခြင်းနှင့် အလှူရှင်များ ဖိတ်ကြားရေးဆပ်ကော်မတီ၊ ကြိုဆိုနေရာချထားရေးနှင့် သံဃာတော်စာရင်းကောက်ယူရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးဆပ်ကော်မတီနှင့် သတင်းနှင့်ပြန်ကြားရေး ဆပ်ကော်မတီတို့ဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ထားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ချယ်ရီထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~