မူဆယ္ၿမိဳ႕နယ္တြင္ ကုန္တင္ယာဥ္ႀကီး (၂)စီးျဖင့္ တရားမ၀င္သယ္ေဆာင္လာသည့္ ထိန္းခ်ဳပ္ဓါတုပစၥည္း (၇)မ်ိဳးကို ဖမ္းဆီးရမိ

မူဆယ္ၿမိဳ႕နယ္တြင္ ကုန္တင္ယာဥ္ႀကီး (၂)စီးျဖင့္ တရားမ၀င္သယ္ေဆာင္လာသည့္ ထိန္းခ်ဳပ္ဓါတုပစၥည္း (၇)မ်ိဳးကို ဖမ္းဆီးရမိ
ဒီဇင်ဘာ 9, 2018
By Tachileik News Agency

ထိန္းခ်ဳပ္ဓါတုပစၥည္းမ်ား သယ္ေဆာင္လာသည့္ ကုန္တင္ယာဥ္(၂)စီးကို တရုတ္ - ျမန္မာနယ္စပ္ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕နယ္ မူဆယ္ - လားရႈိးသြား ျပည္ေထာင္စု ကားလမ္းမႀကီး၊ နမ့္ေပၚတံတား ေရွ႕တြင္ ရဲတပ္ဖြဲ႕၊ တပ္မေတာ္ႏွင့္ ျပည္သူ႔စစ္ပူးေပါင္းအဖြဲ႕က သက္ေသမ်ားႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ(၇)ရက္ေန႔ ညေန(၄)နာရီအခ်ိန္တြင္ မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႔စု (၂၂)မူဆယ္မွ တပ္ဖြဲ႔ ဝင္မ်ား၊ နမ့္ေပၚရဲကင္းစခန္းမွ တပ္ဖြဲ႔ဝင္မ်ား၊ တပ္မေတာ္သားမ်ား၊ ျပည္သူ႔စစ္ အဖြဲ႔ဝင္မ်ား ပါဝင္ေသာ ပူးေပါင္းအဖြဲ႔ သည္ သက္ေသမ်ားႏွင့္အတူ နမ့္ေပၚတံတားေရွ႕တြင္ ေရွာင္တခင္ ရွာေဖြစစ္ေဆးရာ မူဆယ္ၿမိဳ႕ဘက္မွ လားရႈိးၿမိဳ႕ဘက္သို႔ ေမာင္းႏွင္လာသည့္ တြဲကားေမာ္ေတာ္ယာဥ္ (၂)စီးတြင္ ထိန္းခ်ဳပ္ဓါတုပစၥည္းမ်ားကို စစ္ေဆးေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေမာ္ေတာ္ယာဥ္ (၂)စီးတြင္ အီသိုင္း/အီသာ (၁၂,၀၀၀) လီတာ၊ ဟိုက္ၿဒိဳကလိုရစ္အက္ဆစ္ (၇၂၀၀) လီတာ၊ အလူမီနီယမ္ဆာလ္ဖိတ္ (၄,၈၀၀) ကီလို၊ အက္စီတစ္အက္ဆစ္ (၁၅၀) လီတာ၊ ဆိုဒီယမ္ဟုိက္ေျဒာဆိုက္ (၉,၄၄၀) လီတာ၊ ဖီႏိုင္းအက္စီတစ္ (၄,၀၀၀) ကီလို၊ အရိုးမီးေသြး (၅၀၀) ကီလိုတို႔ကို စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။

ထိန္းခ်ဳပ္ဓါတုပစၥည္းမ်ားကို တရားမဝင္သယ္ေဆာင္လာသည့္ ယာဥ္ေမာင္းမ်ားျဖစ္ၾကသည့္ အသက္ (၅၄)ႏွစ္အရြယ္ ေအးဝင္းႏွင့္ အသက္ (၂၇)ႏွစ္အရြယ္ ျပည့္ၿဖိဳးတုိ႔ကို မူဆယ္ၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - မူးယစ္ရဲတပ္ဖြဲ႔



~~~~~~~~⊰❂ unicode ~~~~~~~~

ထိန်းချုပ်ဓာတုပစ္စည်းများ သယ်ဆောင်လာသည့် ကုန်တင်ယာဉ်(၂)စီးကို တရုတ် - မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် မူဆယ် - လားရှိုးသွား ပြည်ထောင်စု ကားလမ်းမကြီး၊ နမ့်ပေါ်တံတား ရှေ့တွင် ရဲတပ်ဖွဲ့၊ တပ်မတော်နှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ(၇)ရက်နေ့ ညနေ(၄)နာရီအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (၂၂)မူဆယ်မှ တပ်ဖွဲ့ ဝင်များ၊ နမ့်ပေါ်ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ ပြည်သူ့စစ် အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် သက်သေများနှင့်အတူ နမ့်ပေါ်တံတားရှေ့တွင် ရှောင်တခင် ရှာဖွေစစ်ဆေးရာ မူဆယ်မြို့ဘက်မှ လားရှိုးမြို့ဘက်သို့ မောင်းနှင်လာသည့် တွဲကားမော်တော်ယာဉ် (၂)စီးတွင် ထိန်းချုပ်ဓာတုပစ္စည်းများကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ် (၂)စီးတွင် အီသိုင်း/အီသာ (၁၂,ဝဝဝ) လီတာ၊ ဟိုက်ဒြိုကလိုရစ်အက်ဆစ် (၇၂၀၀) လီတာ၊ အလူမီနီယမ်ဆာလ်ဖိတ် (၄,၈၀၀) ကီလို၊ အက်စီတစ်အက်ဆစ် (၁၅၀) လီတာ၊ ဆိုဒီယမ်ဟိုက်ဒြောဆိုက် (၉,၄၄၀) လီတာ၊ ဖီနိုင်းအက်စီတစ် (၄,ဝဝဝ) ကီလို၊ အရိုးမီးသွေး (၅၀၀) ကီလိုတို့ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

ထိန်းချုပ်ဓာတုပစ္စည်းများကို တရားမဝင်သယ်ဆောင်လာသည့် ယာဉ်မောင်းများဖြစ်ကြသည့် အသက် (၅၄)နှစ်အရွယ် အေးဝင်းနှင့် အသက် (၂၇)နှစ်အရွယ် ပြည့်ဖြိုးတို့ကို မူဆယ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒဖြေင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - မူးယစ်ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~