
နိုဝငျဘာ 26, 2018
By 🌸
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လူမျိုးမရွေးအသုံးပြုနိုင်မည့် မီးသဂြုင်္ိလ်စက်နှင့် အရိုးပြာမြုပ်နှံမည့်နေရာများပါဝင်မည့် သုသာန်တည်ဆောက်ရေးအတွက် ပုံလို့ဆရာတော်က လှူဒါန်းသည့် မြေ(၁၆)ဧကအတွင်း တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်နေ့တွင် စတင်နေပြီဖြစ်သည်။

အဆိုပါမီးသဂြိုလ်စက်နှင့် အရိုးပြာမြုပ်နှံသည့်အဆောက်အဦများတည်ဆောက်ရေးအတွက် ကျပ်သိန်းပေါင်း တစ်သောင်းကျော်ကုန်ကျမည်ဟု ခန့်မှန်းထားပြီး မီးသဂြုင်္ိလ်စက် (၂)လုံး၊ သန့်စင်ခန်း(၂၀)လုံး၊ ကားရပ်နားကွင်း၊ အရိုးပြာအိုးများထည့်သွင်းမြုပ်နှံရန်အကန့်များပါမည့် အရိုးပြာမြုပ်နှံရာအဆောက်အဦများ၊ ပန်းအလှစိုက်ပျိုးရေးနှင့် မြေယာရှုခင်းအလှပြင်ဆင်ခြင်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။


မီးသဂြုင်္ိလ်စက်ပါဝင်သည့် သုဿန်တစ်ခု ဖေါ်ဆောင်နိုင်ရန် ဒေသခံ လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးအားဖာ(တပင်ရွှေထီး)က ထိုင်းဘတ်ငွေ (၂)သန်း မတည်ကာ သုသာန်တည်ဆောက်ရေး စတင်ဆောင်ရွက်ရာ မြို့နှင့် (၂)မိုင်ခန့်အကွာရှိ တောင်ကြောပေါ်တွင် မြေ(၁၆)ဧကကို သုဿန်မြေအဖြစ် အသုံးပြုနိုင်ရန် တာချီလိတ်မြို့ ပုံလို့တောရကျောင်းတိုက်၏ ဦးစီး နာယကဆရာတော် အဘိဝိသေသလဇ္ဇိပေသလ သာသနာလင်္ကာရ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာစာရ အဂ္ဂဓမ္မက ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့တွင် စည်ပင်သာယာရေးဌာနသို့ လွှဲပြောင်းလှူဒါန်းလိုက်ခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် လက်ရှိအသုံးပြုနေသည့် မြို့မသုဿန်မှာ လူနေအိမ်ခြေများနှင့် နီးကပ်နေပြီး ကားတာယာ ဟောင်းများဖြင့် မီးရှို့သဂြုင်္ိလ်နေရသဖြင့် ပတ်ဝန်းကျင်အနှောင့်အယှက်ဖြစ်နေရကာ နဂါးနှစ်ကောင်ဆရာတော်၏ မီးသဂြိုလ်စက်မှာလည်း စည်ပင်သာယာရေးဦးစီးဌာနနှင့် မသက်ဆိုင်သည့်အတွက် အများပြည်သူအသုံးပြုခွင့်မရှိသဖြင့် မြို့အတွက် လိုအပ်နေသည့် မီးသဂြိုလ်စက်ပါဝင်သည့် သုဿန်ကို မြို့လူထုထည့်ဝင်ငွေဖြင့် သက်ဆိုင်ရာဌာနတို့က ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ -UTS, UST

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့လူထုထည့်ဝင်ငွေဖြင့် ပုံလို့ဆရာတော်လှူဒါန်းမြေနေရာတွင် မြို့မသုဿန်သစ် စတင်တည်ဆောက်နေ
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လူမျိုးမရွေးအသုံးပြုနိုင်မည့် မီးသဂြုႋလ်စက်နှင့် အရိုးပြာမြုပ်နှံမည့်နေရာများပါဝင်မည့် သုသာန်တည်ဆောက်ရေးအတွက် ပုံလို့ဆရာတော်က လှူဒါန်းသည့် မြေ(၁၆)ဧကအတွင်း တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်နေ့တွင် စတင်နေပြီဖြစ်သည်။

အဆိုပါမီးသဂြိုလ်စက်နှင့် အရိုးပြာမြုပ်နှံသည့်အဆောက်အဦများတည်ဆောက်ရေးအတွက် ကျပ်သိန်းပေါင်း တစ်သောင်းကျော်ကုန်ကျမည်ဟု ခန့်မှန်းထားပြီး မီးသဂြုႋလ်စက် (၂)လုံး၊ သန့်စင်ခန်း(၂၀)လုံး၊ ကားရပ်နားကွင်း၊ အရိုးပြာအိုးများထည့်သွင်းမြုပ်နှံရန်အကန့်များပါမည့် အရိုးပြာမြုပ်နှံရာအဆောက်အဦများ၊ ပန်းအလှစိုက်ပျိုးရေးနှင့် မြေယာရှုခင်းအလှပြင်ဆင်ခြင်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

မြို့လူထုထည့်ဝင်ငွေဖြင့် ဆောင်ရွက်မည့် အဆိုပါတည်ဆောက်ရေးလုပ်ငန်းများ စီမံခန့်ခွဲရန် ကော်မတီတစ်ရပ်ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ဖွဲ့စည်းထားကြောင်း သိရသည်။

မီးသဂြုႋလ်စက်ပါဝင်သည့် သုဿန်တစ်ခု ဖေါ်ဆောင်နိုင်ရန် ဒေသခံ လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးအားဖာ(တပင်ရွှေထီး)က ထိုင်းဘတ်ငွေ (၂)သန်း မတည်ကာ သုသာန်တည်ဆောက်ရေး စတင်ဆောင်ရွက်ရာ မြို့နှင့် (၂)မိုင်ခန့်အကွာရှိ တောင်ကြောပေါ်တွင် မြေ(၁၆)ဧကကို သုဿန်မြေအဖြစ် အသုံးပြုနိုင်ရန် တာချီလိတ်မြို့ ပုံလို့တောရကျောင်းတိုက်၏ ဦးစီး နာယကဆရာတော် အဘိဝိသေသလဇ္ဇိပေသလ သာသနာလင်္ကာရ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာစာရ အဂ္ဂဓမ္မက ၂၀၁၈ ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့တွင် စည်ပင်သာယာရေးဌာနသို့ လွှဲပြောင်းလှူဒါန်းလိုက်ခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် လက်ရှိအသုံးပြုနေသည့် မြို့မသုဿန်မှာ လူနေအိမ်ခြေများနှင့် နီးကပ်နေပြီး ကားတာယာ ဟောင်းများဖြင့် မီးရှို့သဂြုႋလ်နေရသဖြင့် ပတ်ဝန်းကျင်အနှောင့်အယှက်ဖြစ်နေရကာ နဂါးနှစ်ကောင်ဆရာတော်၏ မီးသဂြိုလ်စက်မှာလည်း စည်ပင်သာယာရေးဦးစီးဌာနနှင့် မသက်ဆိုင်သည့်အတွက် အများပြည်သူအသုံးပြုခွင့်မရှိသဖြင့် မြို့အတွက် လိုအပ်နေသည့် မီးသဂြိုလ်စက်ပါဝင်သည့် သုဿန်ကို မြို့လူထုထည့်ဝင်ငွေဖြင့် သက်ဆိုင်ရာဌာနတို့က ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ -UTS, UST

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~