ႏိုင္ငံ့လက္ေရြးစင္အျဖစ္ ေရြးခ်ယ္ခံႏိုင္မည့္ ေရႊမဟာေဘာလံုးအကယ္ဒမီက သင္တန္းေၾကးအခမဲ့ျဖင့္ တက္ေရာက္ႏိုင္မည့္ လူငယ္မ်ားေရြးခ်ယ္မႈကို ဧၿပီလ(၄)ရက္ေန႔တြင္ ျပဳလုပ္မည္

ႏိုင္ငံ့လက္ေရြးစင္အျဖစ္ ေရြးခ်ယ္ခံႏိုင္မည့္ ေရႊမဟာေဘာလံုးအကယ္ဒမီက သင္တန္းေၾကးအခမဲ့ျဖင့္ တက္ေရာက္ႏိုင္မည့္ လူငယ္မ်ားေရြးခ်ယ္မႈကို ဧၿပီလ(၄)ရက္ေန႔တြင္ ျပဳလုပ္မည္
ဧပြီ 1, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသအတြင္း တာခ်ီလိတ္ၿမို႕ႏွင့္ မိုင္းဆက္ၿမို႕တို႔တြင္ ႏိုင္ငံလက္ေရြးစင္အျဖစ္ တိုက္ရိုက္ေရြးခ်ယ္ခံႏိုင္သည့္ ေရႊမဟာေဘာလံုးအကယ္ဒမီေက်ာင္းမွ သင္းတန္းေၾကးအခမဲ့ျဖင့္ တက္ေရာက္ႏိုင္မည့္ လူငယ္အားကစားသမားေရြးခ်ယ္ပြဲကို ၂၀၁၉ခုနွစ္ ဧၿပီလ (၄) ရက္ေန႔တြင္ က်င္းပျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ဧၿပီလ (၄) ရက္ေန႔က်ရင္ တာခ်ီလိတ္က ျဖစ္ျဖစ္ ဘယ္ကေလးေတြမဆို အသက္ (၁၁) ႏွစ္ကေန (၁၆) ႏွစ္ေအာက္ ကေလးေတြ ေဘာလံုးမွ ာစိတ္၀င္စားတယ္။ ေဘာလံုးနဲ႔ပတ္သက္ၿပီး ႏိုင္ငံ့လက္ေရြးစင္အျဖစ္သြားခ်င္တဲ့သူေတြကို သင္တန္းေၾကးအခမဲ့ေရြးခ်ယ္ပြဲလုပ္မယ္။ မနက္ (၈) နာရီမွာေရြးမယ္။ အေျခခံကစားနည္းေတြနဲ႔ ပံုပန္းသ႑ာန္ေတြၾကည့္မယ္။ သင္တန္းေၾကးအခမဲ့နဲ႔ေရြးမယ္။ ျမန္မာ့လက္ေရြးစင္ေရြးတဲ့အခါမွာ က်န္တဲ့အကယ္ဒမီေတြနဲ႔အတူ သြားအေရြးခံရမွာေပါ့။ သင္တန္းကာလက (၁) ႏွစ္ပါ"ဟု ေရႊမဟာေဘာလံုးအကယ္ဒမီေက်ာင္းမွ ေက်ာင္းအုပ္ဆရာႀကီး ဦးခင္ေမာင္ျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေရႊမဟာေဘာလံုးအကယ္ဒမီေက်ာင္းအေနျဖင့္ ႏိုင္ငံေတာ္မွဖြင့္လွစ္ထားသည့္ ရန္ကုန္၊ မႏၱေလး၊ ေနျပည္ေတာ္ႏွင့္ ပုသိမ္ၿမို႕တို႔ရိွ ေဘာလံုးအကယ္ဒမီေက်ာင္းမ်ားႏွင့္တန္းတူ ႏိုင္ငံ့လက္ေရြးစင္အျဖစ္တိုက္ရိုက္ေရြးခ်ယ္ခံႏိုင္မည္ျဖစ္ၿပီး စိတ္ပါ၀င္စားသူမ်ားအေနျဖင့္  ဖုန္း 09447251560 သို႔ ဆက္သြယ္ေမးျမန္း စံုစမ္းႏိုင္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း တာချီလိတ်မြို့နှင့် မိုင်းဆက်မြို့တို့တွင် နိုင်ငံလက်ရွေးစင်အဖြစ် တိုက်ရိုက်ရွေးချယ်ခံနိုင်သည့် ရွှေမဟာဘောလုံးအကယ်ဒမီကျောင်းမှ သင်းတန်းကြေးအခမဲ့ဖြင့် တက်ရောက်နိုင်မည့် လူငယ်အားကစားသမားရွေးချယ်ပွဲကို ၂၀၁၉ခုနှစ် ဧပြီလ (၄) ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

"ဧပြီလ (၄) ရက်နေ့ကျရင် တာချီလိတ်က ဖြစ်ဖြစ် ဘယ်ကလေးတွေမဆို အသက် (၁၁) နှစ်ကနေ (၁၆) နှစ်အောက် ကလေးတွေ ဘောလုံးမှာစိတ်ဝင်စားတယ်။ ဘောလုံးနဲ့ပတ်သက်ပြီး နိုင်ငံ့လက်ရွေးစင်အဖြစ်သွားချင်တဲ့သူတွေကို သင်တန်းကြေးအခမဲ့ရွေးချယ်ပွဲလုပ်မယ်။ မနက် (၈) နာရီမှာရွေးမယ်။ အခြေခံကစားနည်းတွေနဲ့ ပုံပန်းသဏ္ဍာန်တွကြေည့်မယ်။ သင်တန်းကြေးအခမဲ့နဲ့ရွေးမယ်။ မြန်မာ့လက်ရွေးစင်ရွေးတဲ့အခါမှာ ကျန်တဲ့အကယ်ဒမီတွေနဲ့အတူ သွားအရွေးခံရမှာပေါ့။ သင်တန်းကာလက (၁) နှစ်ပါ"ဟု ရွှေမဟာဘောလုံးအကယ်ဒမီကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရွှေမဟာဘောလုံးအကယ်ဒမီကျောင်းအနဖြေင့် နိုင်ငံတော်မှဖွင့်လှစ်ထားသည့် ရန်ကုန်၊ မန္တလေး၊ နပြေည်တော်နှင့် ပုသိမ်မြို့တို့ရှိ ဘောလုံးအကယ်ဒမီကျောင်းများနှင့်တန်းတူ နိုင်ငံ့လက်ရွေးစင်အဖြစ်တိုက်ရိုက်ရွေးချယ်ခံနိုင်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူများအနဖြေင့် ဖုန်း 09447251560 သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net