က်ိဳင္းတံုမွ တကၠသိုလ္(၂)ခု ပူးေပါင္း၍ ေရေဘးသင့္မ်ား ကူညီေရးအတြက္ အလွဴေငြမ်ား ေကာက္ခံ

က်ိဳင္းတံုမွ တကၠသိုလ္(၂)ခု ပူးေပါင္း၍ ေရေဘးသင့္မ်ား ကူညီေရးအတြက္ အလွဴေငြမ်ား ေကာက္ခံ
သြဂုတ် 24, 2018
By Tachileik News Agency

ႏုိင္ငံအတြင္း ေရေဘးသင့္ေဒသမ်ားအား ကူညီေရးအတြက္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕ရိွ ကြန္ပ်ဴတာတကၠသိုလ္ႏွင့္ နည္းပညာတကၠသိုလ္တို႔၏ ေက်ာင္းသားမ်ား သမဂၢမ်ား ပူးေပါင္း၍ တစ္ရက္တာ အလွဴေငြေကာက္ခံၾကေၾကာင္း သိရသည္။

"တကၠသိုလ္(၂)ခုက ေက်ာင္းသား၊ေက်ာင္းသူေတြ စုေပါင္းၿပီးေတာ့ မနက္ကတည္းက မိုးရြာထဲမွာ လိုက္အလွဴခံခဲ့တာျဖစ္ပါတယ္။ အလွဴခံဖို႔ အတြက္ကိုလည္း ကၽြန္ေတာ္တို႔က လုပ္ထုံးလုပ္နည္းမ်ားအတိုင္း ၿမိဳ႕နယ္ေထြအုပ္ကို တရားဝင္စာတင္ၿပီးေတာ့ ခြင့္ျပဳမိန္႔ရၿပီးမွ အလွဴခံခဲ့တာျဖစ္ပါတယ္။ ရရိွလာတဲ့ အလွဴေငြေတြကိုလည္း ရွမ္းျပည္နယ္အစိုးရကို ျပန္လွဴေပးၿပီးေတာ့ ျပည္နယ္အစိုးရကတစ္ဆင့္ ေရေဘးသင့္ေနတဲ့ သက္ဆိုင္ရာ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အစိုးရေတြကို လွဴဒါန္းသြားမွာျဖစ္ပါတယ္"ဟု ကြန္ပ်ဴတာတကၠသိုလ္က်ိဳင္းတုံ ေက်ာင္းသားမ်ားသမဂၢ ဥကၠဌ ကိုေကာင္းျမတ္စံက တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေက်ာင္းသားမ်ားက ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လ(၂၃)ရက္ေန႔တြင္ က်ိဳင္းတုံၿမိဳ႕ရိွ ၿမိဳ႕မေစ်း၊ ဌာနဆိုင္ရာရုံးမ်ား၊ က်ိဳင္းတုံတကၠသိုလ္ႏွင့္ ပညာေရးေကာလိပ္တို႔တြင္ လိုက္လံအလွဴေငြေကာက္ခံခဲ့ၾကျခင္းျဖစ္ၿပီး စုစုေပါင္းအလွဴေငြ (၉၆၀,၀၀၀)က်ပ္ရခဲ့ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ နည္းပညာတကၠသိုလ္နဲ႔ ကြန္ပ်ဴတကၠသိုလ္တို႔မွာေတာ့ ကိုယ့္ေက်ာင္းမွာကိုယ္ အလွဴခံပါဦးမယ္။ အဲဒီကရလာတဲ့ အလွဴေငြနဲ႔ ဒီေန႔ရတဲ့ အလွဴေငြေတြကို အကုန္ေပါင္းၿပီးေတာ့မွ ရွမ္းျပည္နယ္ အစိုးရကို လွဴဒါန္းသြားပါမယ္"ဟု နည္းပညာတကၠသိုလ္က်ိဳင္းတုံ ေက်ာင္းသားမ်ားသမဂၢ ျဖစ္ေျမာက္ေရးေကာ္မတီ ဥကၠဌ ကိုမိုးရန္ပိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ေျပာသည္။

ေရေဘးသင့္မ်ားအတြက္ စုေပါင္းအလွဴခံျခင္းကို တကၠသိုလ္(၂)ခု ႏွင့္ ေက်ာင္းသား၊ေက်ာင္းသူ (၅၀)ဦးခန္႔ ပူးေပါင္းေဆာင္ရြက္ခဲ့ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ျပည့္ၿဖိဳးေအာင္၊ ေဝၿဖိဳး၊ ထြန္းလင္းေဇာ္



~~~~~~~~⊰❂ unicode ~~~~~~~~


နိုင်ငံအတွင်း ရေဘေးသင့်ဒေသများအား ကူညီရေးအတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တို့၏ ကျောင်းသားများ သမဂ္ဂများ ပူးပေါင်း၍ တစ်ရက်တာ အလှူငွေကောက်ခံကြကြောင်း သိရသည်။

"တက္ကသိုလ်(၂)ခုက ကျောင်းသား၊ကျောင်းသူတွေ စုပေါင်းပြီးတော့ မနက်ကတည်းက မိုးရွာထဲမှာ လိုက်အလှူခံခဲ့တာဖြစ်ပါတယ်။ အလှူခံဖို့ အတွက်ကိုလည်း ကျွန်တော်တို့က လုပ်ထုံးလုပ်နည်းများအတိုင်း မြို့နယ်ထွေအုပ်ကို တရားဝင်စာတင်ပြီးတော့ ခွင့်ပြုမိန့်ရပြီးမှ အလှူခံခဲ့တာဖြစ်ပါတယ်။ ရရှိလာတဲ့ အလှူငွေတွေကိုလည်း ရှမ်းပြည်နယ်အစိုးရကို ပြန်လှူပေးပြီးတော့ ပြည်နယ်အစိုးရကတစ်ဆင့် ရေဘေးသင့်နေတဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေကို လှူဒါန်းသွားမှာဖြစ်ပါတယ်"ဟု ကွန်ပျူတာတက္ကသိုလ်ကျိုင်းတုံ ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုကောင်းမြတ်စံက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

ကျောင်းသားများက ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၂၃)ရက်နေ့တွင် ကျိုင်းတုံမြို့ရှိ မြို့မဈေး၊ ဌာနဆိုင်ရာရုံးများ၊ ကျိုင်းတုံတက္ကသိုလ်နှင့် ပညာရေးကောလိပ်တို့တွင် လိုက်လံအလှူငွေကောက်ခံခဲ့ကြခြင်းဖြစ်ပြီး စုစုပေါင်းအလှူငွေ (၉၆၀,ဝဝဝ)ကျပ်ရခဲ့ကြောင်း သိရသည်။

"ကျွန်တော်တို့ နည်းပညာတက္ကသိုလ်နဲ့ ကွန်ပျူတက္ကသိုလ်တို့မှာတော့ ကိုယ့်ကျောင်းမှာကိုယ် အလှူခံပါဦးမယ်။ အဲဒီကရလာတဲ့ အလှူငွေနဲ့ ဒီနေ့ရတဲ့ အလှူငွေတွေကို အကုန်ပေါင်းပြီးတော့မှ ရှမ်းပြည်နယ် အစိုးရကို လှူဒါန်းသွားပါမယ်"ဟု နည်းပညာတက္ကသိုလ်ကျိုင်းတုံ ကျောင်းသားများသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ကိုမိုးရန်ပိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ရေဘေးသင့်များအတွက် စုပေါင်းအလှူခံခြင်းကို တက္ကသိုလ်(၂)ခု နှင့် ကျောင်းသား၊ကျောင်းသူ (၅၀)ဦးခန့် ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ပြည့်ဖြိုးအောင်၊ ဝဖြေိုး၊ ထွန်းလင်းဇော်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~