က်ဳိင္းတံုကြန္ပ်ဴတာတကၠသိုလ္တြင္ ေက်ာင္းသားမ်ားသမဂၢဖြဲ႔စည္းႏိုင္ေရးအတြက္ ေက်ာင္းသား၊ ေက်ာင္းသူ(၁၂)ဦးျဖင့္ ေကာ္မတီတစ္ရပ္ ဖြဲ႔စည္း

က်ဳိင္းတံုကြန္ပ်ဴတာတကၠသိုလ္တြင္ ေက်ာင္းသားမ်ားသမဂၢဖြဲ႔စည္းႏိုင္ေရးအတြက္ ေက်ာင္းသား၊ ေက်ာင္းသူ(၁၂)ဦးျဖင့္ ေကာ္မတီတစ္ရပ္ ဖြဲ႔စည္း
ဇွန် 15, 2018
By Tachileik News Agency

က်ဳိင္းတံု ကြန္ပ်ဴတာတကၠသိုလ္၏  ေက်ာင္းသားမ်ားသမဂၢ ဖြဲ႔စည္းႏိုင္ေရး အတြက္  ျဖစ္ေျမာက္ေရး ေကာ္မတီကို ေက်ာင္းသား၊ ေက်ာင္းသူ (၁၂)ဦးျဖင့္ ၂၀၁၈ခုႏွစ္ ဇြန္လ(၁၅)ရက္ေန႔ ေန႔လယ္ပိုင္းက ဖြဲ႔စည္းလိုက္ေၾကာင္း သိရသည္။

"ေက်ာင္းသားသမဂၢဖြဲ႕ဖို႔ အတြက္ ပထမဆုံးအေနနဲ႔ ျဖစ္ေျမာက္ေရး ေကာ္မတီကို ဒီေန႔မွာ ဖြဲ႕စည္း ခဲ့တာျဖစ္ပါတယ္။ ဒီေကာ္မတီက သမဂၢ ဖြဲ႕စည္းပုံေတြ၊ စည္းမ်ဥ္းစည္းကမ္းေတြကို ေရးဆြဲ သြားမွာျဖစ္ပါတယ္။ ေရးဆြဲၿပီးတဲ့ေနာက္မွာ ရရိွလာတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို ေက်ာင္းမွာရိွတဲ့ ဆရာမ်ားသမဂၢနဲ႔ ေက်ာင္းသား၊ ေက်ာင္းသူအားလုံးကို ခ်ျပၿပီးေတာ့ အမ်ားဆႏၵခံယူၿပီးေတာ့ ဒီစည္းမ်ဥ္း စည္းကမ္းေတြကို အတည္ျပဳသြားမွာျဖစ္ပါတယ္။"ဟု က်ိဳင္းတုံ ကြန္ပ်ဴတာတကၠသိုလ္ ေက်ာင္းသားမ်ား သမဂၢျဖစ္ေျမာက္ေရးေကာ္မတီမွ ကိုေကာင္းျမတ္စံက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

သမဂၢျဖစ္ေျမာက္ေရးေကာ္မတီမွ သမဂၢဖြဲ႕စည္းပုံနွင့္ စည္းမ်ဥ္းစည္းကမ္းမ်ားကို ေရးဆြဲကာ ရရိွလာသည့္ ဖြဲ႕စည္းပုံ(မူၾကမ္း)ကို ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ ဆႏၵခံယူကာ အတည္ျပဳသြားမည္ျဖစ္ျပီး ဖြဲ႕စည္းပုံပါ အတိုင္း ေရြးေကာက္ပြဲတစ္ရပ္ က်င္းပကာ အမႈေဆာင္မ်ားကို ေရြးခ်ယ္တင္ေျမႇာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"သမဂၢရဲ႕ ဖြဲ႕စည္းပုံနဲ႔ စည္းမ်ဥ္းစည္းကမ္းေတြကို အတတ္ႏိုင္ဆုံး ျမန္ျမန္ေရးဆြဲႏိုင္ေအာင္ ေကာ္မတီက ႀကိဳးစားသြားမွာျဖစ္ပါတယ္။ ေနာက္ျပီးေတာ့ သမဂၢေရြးေကာက္ပြဲကိုလည္း ေနာက္လအတြင္းမွာ က်င္းပႏိုင္ေအာင္ ႀကိဳးစားသြားမွာျဖစ္ျပီးေတာ့ ေက်ာင္းသား၊ ေက်ာင္းသူေတြအေနနဲ႕လည္း သမဂၢအတြင္းမွာ ပါ၀င္ေဆာင္ရြက္လာေအာင္ ႀကိဳးစားသြားမွာျဖစ္ပါတယ္။"ဟု ၎က ဆိုသည္။

ကြန္ပ်ဴတာတကၠသိုလ္(က်ိဳင္းတုံ) ေက်ာင္းသားမ်ားသမဂၢျဖစ္ေျမာက္ေရးေကာ္မတီ၀င္မ်ားအျဖစ္ ပဥၥမႏွစ္အတန္းမွ ကိုစိုင္း၀န္းရွဲန္၊ မအဲလစ္ဇဘက္၊ စတုတၳႏွစ္အတန္းမွ ေမာင္ေကာင္းျမတ္စံ၊ မျဖိဳးျဖိဳးေသာ္၊ တတိယႏွစ္အတန္းမွ ေမာင္ေအာင္သူရဦး၊ မနန္းဟြမ္ေဖာင္း၊ ဒုတိယႏွစ္အတန္းမွ ေမာင္စိုင္းရွဲန္ဟိန္း၊ မသက္ဖူးေ၀၊ ပထမႏွစ္(က)အတန္းမွ ေမာင္ခုပ္ခင္းတြမ္၊ နန္းဟြမ္ဟြမ္ဟတ္၊ ပထမႏွစ္(ခ)အတန္းမွ ေမာင္ထြန္းလင္းေဇာ္၊ နန္းေလာင္ခမ္းဆိုင္တို႕ပါ၀င္ေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ကျိုင်းတုံ ကွန်ပျူတာတက္ကသိုလ်၏ ကျောင်းသားများသမဂ္ဂ ဖွဲ့စည်းနိုင်ရေး အတွက် ဖြစ်မြောက်ရေး ကော်မတီကို ကျောင်းသား၊ ကျောင်းသူ (၁၂)ဦးဖြင့် ၂၀၁၈ခုနှစ် ဇွန်လ(၁၅)ရက်နေ့ နေ့လယ်ပိုင်းက ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

"ကျောင်းသားသမဂ္ဂဖွဲ့ဖို့ အတွက် ပထမဆုံးအနေနဲ့ ဖြစ်မြောက်ရေး ကော်မတီကို ဒီနေ့မှာ ဖွဲ့စည်း ခဲ့တာဖြစ်ပါတယ်။ ဒီကော်မတီက သမဂ္ဂ ဖွဲ့စည်းပုံတွေ၊ စည်းမျဉ်းစည်းကမ်းတွေကို ရေးဆွဲ သွားမှာဖြစ်ပါတယ်။ ရေးဆွဲပြီးတဲ့နောက်မှာ ရရှိလာတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကျောင်းမှာရှိတဲ့ ဆရာများသမဂ္ဂနဲ့ ကျောင်းသား၊ ကျောင်းသူအားလုံးကို ချပြပြီးတော့ အများဆန္ဒခံယူပြီးတော့ ဒီစည်းမျဉ်း စည်းကမ်းတွေကို အတည်ပြုသွားမှာဖြစ်ပါတယ်။"ဟု ကျိုင်းတုံ ကွန်ပျူတာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂဖြစ်မြောက်ရေးကော်မတီမှ ကိုကောင်းမြတ်စံက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သမဂ္ဂဖြစ်မြောက်ရေးကော်မတီမှ သမဂ္ဂဖွဲ့စည်းပုံနှင့် စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲကာ ရရှိလာသည့် ဖွဲ့စည်းပုံ(မူကြမ်း)ကို ကျောင်းသား၊ ကျောင်းသူများ၏ ဆန္ဒခံယူကာ အတည်ပြုသွားမည်ဖြစ်ပြီး ဖွဲ့စည်းပုံပါ အတိုင်း ရွေးကောက်ပွဲတစ်ရပ် ကျင်းပကာ အမှုဆောင်များကို ရွေးချယ်တင်မြှောက်သွားမည်ဖြစ်ကြောင်း သိရသည်။

"သမဂ္ဂရဲ့ ဖွဲ့စည်းပုံနဲ့ စည်းမျဉ်းစည်းကမ်းတွေကို အတတ်နိုင်ဆုံး မြန်မြန်ရေးဆွဲနိုင်အောင် ကော်မတီက ကြိုးစားသွားမှာဖြစ်ပါတယ်။ နောက်ပြီးတော့ သမဂ္ဂရွေးကောက်ပွဲကိုလည်း နောက်လအတွင်းမှာ ကျင်းပနိုင်အောင် ကြိုးစားသွားမှာဖြစ်ပြီးတော့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့လည်း သမဂ္ဂအတွင်းမှာ ပါဝင်ဆောင်ရွက်လာအောင် ကြိုးစားသွားမှာဖြစ်ပါတယ်။"ဟု၎င်းက ဆိုသည်။

ကွန်ပျူတာတက္ကသိုလ်(ကျိုင်းတုံ) ကျောင်းသားများသမဂ္ဂဖြစ်မြောက်ရေးကော်မတီဝင်များအဖြစ် ပဉ္စမနှစ်အတန်းမှ ကိုစိုင်းဝန်းရှဲန်၊ မအဲလစ်ဇဘက်၊ စတုတ္ထနှစ်အတန်းမှ မောင်ကောင်းမြတ်စံ၊ မဖြိုးဖြိုးသော်၊ တတိယနှစ်အတန်းမှ မောင်အောင်သူရဦး၊ မနန်းဟွမ်ဖောင်း၊ ဒုတိယနှစ်အတန်းမှ မောင်စိုင်းရှဲန်ဟိန်း၊ မသက်ဖူးေဝ၊ ပထမနှစ်(က)အတန်းမှ မောင်ခုပ်ခင်းတွမ်၊ နန်းဟွမ်ဟွမ်ဟတ်၊ ပထမနှစ်(ခ)အတန်းမှ မောင်ထွန်းလင်းဇော်၊ နန်းလောင်ခမ်းဆိုင်တို့ပါဝင်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~