
ဧပွီ 11, 2019
By 🌸



~~~~~~~~⊰❂ Unicode Version ~~~~~~~~
မိုင်းဆတ်မြို့၌ ပထမအကြိမ် အာခါအမျိုးသားစာပေနှင့်ယဉ်ကျေးမှုသင်တန်းမှ အာခါတိုင်းရင်းသား လူငယ် ၁၆၉ ဦး သင်တန်းဆင်း
**********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်ရှိ အာခါတိုင်းရင်းသားတို့၏ ပထမကြိမ် အာခါအမျိုးသားစာပေနှင့် ယဉ်ကျေးမှုသင်တန်းဆင်းသည့် အာခါတိုင်းရင်းသားလူငယ် (၁၆၉)ဦးကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့က သင်တန်းဆင်းလက်မှတ်ချီးမြှင့်သည်။

သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီလ (၁၀)ရက်နေ့ နံနက် (၁၀)နာရီက ကုန်းကုလားကျေးရွာရှိ အာခါစာပေနှင့် ယဉ်ကျေးမှုကော်မတီခန်းမဆောင်၌ ကျင်းပခြင်းဖြစ်ပြီး အာခါတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးအာဗေလှနှင့် အာခါအမျိုးသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီ(ဗဟို)ဥက္ကဌ  ဦးသောင်းကျော်တို့လည်း တက်ရောက်ကြသည်။

ရက်သတ္တပတ် (၃)ပတ်ကြာသင်တန်းတွင် ထူးချွန်ဆုရလူငယ်များနှင့် သင်တန်းဖြစ်မြောက်ရေး ဝိုင်းဝန်းကူသညီသည့် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြောင်း သိရသည်။

သတင်း၊ဓါတ်ပုံ #သန်းဇော်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net