တာချီလိတ်ခရိုင်ဆေးရုံကြီးအတွင်း ခြင်အန္တရာယ်ကင်းဝေးရေး မြက်ပင်များကို စုပေါင်းရှင်းလင်း
တာချီလိတ်ခရိုင်ဆေးရုံကြီးအတွင်း ခြင်အန္တရာယ်ကင်းဝေးရေး မြက်ပင်များကို စုပေါင်းရှင်းလင်း
ဇှနျ 24, 2018
By Tachileik News Agency
အဆိုပါ ဆေးရုံကြီးအတွင်း မြက်ပင်များနှင့် ချုံနွယ်သစ်ပင်များ ပေါက်ရောက်နေမှုမှာ များပြားနေသည့် အတွက် ခြင်အန္တရာယ်များ ကင်းဝေးရန်အတွက် စုပေါင်းရှင်းလင်းရန် လိုအပ်နေပြီး လက်ရှိတွင် မြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ နှင့် မဇ္ဈိမလူမှုကူညီရေးအသင်း တို့ ပူးပေါင်း လုပ်ဆောင်နေပြီး နောက်ပတ်များတွင် လူမှုရေးအသင်းအဖွဲ့များ နှင့် ရဲတပ်ဖွဲ့ဝင်များဖြင့် စုပေါင်း၍ ဆက်လက် လုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။
ဓါတ်ပုံ - UTS
~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးအတွင်း ပေါက်ရောက်နေသော မြက်ပင်များနှင့် ချုံနွယ်များအား စုပေါင်း ခုတ်ထွင်ရှင်းလင်းမှု အဖြစ် တာချီလိတ်မြို့နယ်မီးသတ်တပ်ဖွဲ့ နှင့် မဇ္ဈိမလူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ၂၀၁၈ခုနှစ် ဇွန်လ(၂၄)ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
"ဆေးရုံကြီးထဲမှာ ပေါက်နေတဲ့ မြက်ပင်ကြီးတွေကို ရှင်းဖို့အတွက် အပတ်စဉ် လုပ်သွားဖို့ အစီအစဉ် ရှိပါတယ်၊ အားလုံးပူးပေါင်းလုပ်ဖို့ စီစဉ်ထားပေမဲ့ ထီးတင်ပွဲ အတွက် ပြင်ဆင်နကြေသူတွေလည်း လည်းရှိနေတော့ ဒီနေတော့ ကျွန်တော်တို့အသင်းနဲ့ မြို့နယ်မီးသတ်တို့ပဲ ပေါင်းပြီး ရှင်းလင်းခဲ့ပါတယ်။ အများကြီးကျန်သေးတယ်။ နောက်အပတ်မှာ ဆက်ပြီး စုပေါင်းရှင်းလင်းသွားမှာပါ၊ အားလုံးရဲ့ လုပ်အားအကူအညီတွေလည်း လိုအပ်နေပါတယ်"ဟု တာချီလိတ်မြို့ မဇ္ဈိမလူမှုကူညီရေးအသင်း အတွင်းရေးမှူး ကိုနေမျိုးက ပြောသည်။
အဆိုပါ ဆေးရုံကြီးအတွင်း မြက်ပင်များနှင့် ချုံနွယ်သစ်ပင်များ ပေါက်ရောက်နေမှုမှာ များပြားနေသည့် အတွက် ခြင်အန္တရာယ်များ ကင်းေဝးရန်အတွက် စုပေါင်းရှင်းလင်းရန် လိုအပ်နပြေီး လက်ရှိတွင် မြို့နယ် မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ နှင့် မဇ္ဈိမလူမှုကူညီရေးအသင်း တို့ ပူးပေါင်း လုပ်ဆောင်နပြေီး နောက်ပတ်များတွင် လူမှုရေးအသင်းအဖွဲ့များ နှင့် ရဲတပ်ဖွဲ့ဝင်များဖြင့် စုပေါင်း၍ ဆက်လက် လုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ - UTS
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~