ယာဥ္(၃)စီးျဖင့္ တရားမ၀င္ တင္ေဆာင္လာသည့္ သစ္မ်ားကို ဖမ္းဆီးရမိ

ယာဥ္(၃)စီးျဖင့္ တရားမ၀င္ တင္ေဆာင္လာသည့္ သစ္မ်ားကို ဖမ္းဆီးရမိ
ဧပြီ 29, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) သိန္းနီၿမိဳ႕ရွိ တိုးဂိတ္ ႏွင့္ ေရပူအၿမဲတမ္း စစ္ေဆးေရးဂိတ္တို႔တြင္ ေမာ္ေတာ္ယာဥ္ (၃)စီးျဖင့္ တရားမ၀င္ တင္ေဆာင္လာသည့္ သစ္မ်ားအား ဖမ္းဆီး ရမိေၾကာင္း သိရသည္။

၂၀၁၈ခုႏွစ္ ဧၿပီလ (၂၈)ရက္ေန႔ ေန႔လယ္ (၁၁)နာရီ (၄၅)မိနစ္ဝန္းက်င္က သိန္းနီၿမိဳ႕နယ္ ေရပူအၿမဲတမ္း စစ္ေဆးေရးစခန္းတြင္ အေကာက္ခြန္ဦးစီးဌာနမွ တာဝန္ရွိသူမ်ား ပါဝင္သည့္ ပူးေပါင္းအဖြဲ႔ျဖင့္ စစ္ေဆးေရး လုပ္ငန္းမ်ား လုပ္ေဆာင္ေနစဥ္ မသကၤာဖြယ္ရာ ယာဥ္တစ္စီးအား တားဆီးစစ္ေဆးရာမွ တရားမဝင္ တင္ေဆာင္လာၿပီး အေလးခ်ိန္ (၀.၇၁၆၈)တန္ရွိသည့္ ပိေတာက္ဓားေရြတံုး (၂၃) တံုးတို႔ကို စစ္ေဆးေတြ႕ရွိရၿပီး တင္ေဆာင္လာသည့္ ယာဥ္ေမာင္းမွာ ထြက္ေျပး လြတ္ေျမာက္သြားေၾကာင္း သိရွိရသည္။

"ေရပူစစ္ေဆးေရးဂိတ္မွာ မိတာက ပိုင္ရွင္မဲ့ ဖမ္းဆီးရမိတာျဖစ္ပါတယ္၊ အဲ့ဒီေနာက္ သိန္းနီ တိုးဂိတ္မွာေတာ့ ဓားေရြတံုးေတြ တင္လာတဲ့ ယာဥ္တစ္စီးနဲ႔ အဲဒီကားအတြက္ လမ္းရွင္းတဲ့ ယာဥ္တစ္စီးကေန ယာဥ္ေမာင္းေတြကိုပါ ဖမ္းမိခဲ့လို႔ သိန္းနီၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္ အေရးယူထားပါတယ္” ဟု လားရိႈးၿမိဳ႕ ၿမိဳ႕နယ္သစ္ေတာဦးစီး ဌာနမွ ေတာအုပ္ႀကီး ဦးစိုးတင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ေန႔လယ္(၂)နာရီ၀န္းက်င္ အခ်ိန္တြင္ သိန္းနီၿမိဳ႕အထြက္ တိုးဂိတ္၌ မသကၤာဖြယ္ရာ  ကားတစ္စီးအား စစ္ေဆးရာတြင္ အေလးခ်ိန္(၀.၅၆၁၆)တန္ရွိသည့္ တရားမ၀င္ တမလန္းဓားေရြတံုး (၁၉)တံုး ကို တင္ေဆာင္လာသည့္ ယာဥ္ႏွင့္ ယာဥ္ေမာင္း ေအာင္ေအာင္ဦးႏွင့္ ၎ယာဥ္အတြက္ လမ္းရွင္းရန္လာေရာက္သည့္ ယာဥ္မွ ယာဥ္ေမာင္း ဦးလွေရႊတို႔ကို ဖမ္းဆီး ရမိထားေၾကာင္း သိရသည္။

တရားမဝင္သစ္မ်ားအား ေရာင္းခ်ရန္အလို႔ငွာ သိုဝွက္သယ္ေဆာင္လာသည့္ ယာဥ္ႏွစ္စီး ႏွင့္ လမ္းရွင္းရန္ လာေရာက္သည့္ ယာဥ္တစ္စီး စုစုေပါင္း ယာဥ္ (၃)စီးမွ ဖမ္းဆီးရမိခဲ့သည့္ ယာဥ္ေမာင္း (၂)ဦးကို သိန္းနီၿမိဳ႕မရဲစခန္းတြင္(ပ) ၈၆/၂၀၁၈ ႏွင့္ (ပ)၈၇/၂၀၁၈၊ ပုဒ္မ ၆(၁)ျဖင့္  အမႈဖြင့္အေရးယူထားေၾကာင္း သိရွိရသည္။

သတင္း - #ေနၿဖဳိးျမင့္
ဓာတ္ပံု - လားရႈိးသစ္ေတာ




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့ရှိ တိုးဂိတ် နှင့် ရေပူအမြဲတမ်း စစ်ဆေးရေးဂိတ်တို့တွင် မော်တော်ယာဉ် (၃)စီးဖြင့် တရားမဝင် တင်ဆောင်လာသည့် သစ်များအား ဖမ်းဆီး ရမိကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဧပြီလ (၂၈)ရက်နေ့ နေ့လယ် (၁၁)နာရီ (၄၅)မိနစ်ဝန်းကျင်က သိန်းနီမြို့နယ် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းတွင် အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးရေး လုပ်ငန်းများ လုပ်ဆောင်နေစဉ် မသင်္ကာဖွယ်ရာ ယာဉ်တစ်စီးအား တားဆီးစစ်ဆေးရာမှ တရားမဝင် တင်ဆောင်လာပြီး အလေးချိန် (ဝ.၇၁၆၈)တန်ရှိသည့် ပိတောက်ဓားရွေတုံး (၂၃) တုံးတို့ကို စစ်ဆေးတွေ့ရှိရပြီး တင်ဆောင်လာသည့် ယာဉ်မောင်းမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရှိရသည်။

"ရေပူစစ်ဆေးရေးဂိတ်မှာ မိတာက ပိုင်ရှင်မဲ့ ဖမ်းဆီးရမိတာဖြစ်ပါတယ်၊ အဲ့ဒီနောက် သိန်းနီ တိုးဂိတ်မှာတော့ ဓားရွေတုံးတွေ တင်လာတဲ့ ယာဉ်တစ်စီးနဲ့ အဲဒီကားအတွက် လမ်းရှင်းတဲ့ ယာဉ်တစ်စီးကနေ ယာဉ်မောင်းတွေကိုပါ ဖမ်းမိခဲ့လို့ သိန်းနီမြို့မရဲစခန်းမှာ အမှုဖွင့် အရေးယူထားပါတယ်” ဟု လားရှိုးမြို့ မြို့နယ်သစ်တောဦးစီး ဌာနမှ တောအုပ်ကြီး ဦးစိုးတင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နေ့လယ်(၂)နာရီဝန်းကျင် အချိန်တွင် သိန်းနီမြို့အထွက် တိုးဂိတ်၌ မသင်္ကာဖွယ်ရာ ကားတစ်စီးအား စစ်ဆေးရာတွင် အလေးချိန်(ဝ.၅၆၁၆)တန်ရှိသည့် တရားမဝင် တမလန်းဓားရွေတုံး (၁၉)တုံး ကို တင်ဆောင်လာသည့် ယာဉ်နှင့် ယာဉ်မောင်း အောင်အောင်ဦးနှင့်၎င်းယာဉ်အတွက် လမ်းရှင်းရန်လာရောက်သည့် ယာဉ်မှ ယာဉ်မောင်း ဦးလှရွှေတို့ကို ဖမ်းဆီး ရမိထားကြောင်း သိရသည်။

တရားမဝင်သစ်များအား ရောင်းချရန်အလို့ငှါ သိုဝှက်သယ်ဆောင်လာသည့် ယာဉ်နှစ်စီး နှင့် လမ်းရှင်းရန် လာရောက်သည့် ယာဉ်တစ်စီး စုစုပေါင်း ယာဉ် (၃)စီးမှ ဖမ်းဆီးရမိခဲ့သည့် ယာဉ်မောင်း (၂)ဦးကို သိန်းနီမြို့မရဲစခန်းတွင်(ပ) ၈၆/၂၀၁၈ နှင့် (ပ)၈၇/၂၀၁၈၊ ပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

သတင်း - #နဖြေိုးမြင့်
ဓာတ်ပုံ - လားရှိုးသစ်တော

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~