ကျောက်မဲမြို့နယ်အတွက် ရွေးကောက်ပွဲ မဲရုံမှူး၊ ဒုမဲရုံမှူး လုပ်ငန်းလမ်းညွှန်သင်တန်း နှစ်ရက်တာပို့ချနေ

ကျောက်မဲမြို့နယ်အတွက် ရွေးကောက်ပွဲ မဲရုံမှူး၊ ဒုမဲရုံမှူး လုပ်ငန်းလမ်းညွှန်သင်တန်း နှစ်ရက်တာပို့ချနေ
အောက်တိုဘာ 25, 2020
By Tachileik News Agency
ကျောက်မဲမြို့နယ်အတွက် ရွေးကောက်ပွဲ မဲရုံမှူး၊ ဒုမဲရုံမှူး လုပ်ငန်းလမ်းညွှန်သင်တန်း နှစ်ရက်တာပို့ချနေ
ရှမ်းပြည်နယ် (မြောက်ပိုင်း)  ကျောက်မဲမြို့နယ်အတွင်း ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား နောက်ဆုံးအကြိမ် လုပ်ငန်းလမ်းညွှန်သင်တန်းကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်နေ့မှစ၍ နှစ်ရက်တာပို့ချပေးနေပြီဖြစ်သည်။

“သင်တန်းသားတွေအားလုံးကို Social Distance ပုံစံအရ (၂) ရက်ခွဲပြီးတော့ တစ်ရက်ကို (၁၅၆) ဦးစီ၊ စာသင်ခန်း (၅) ခန်းခွဲပြီးတော့ သင်ကြားပေးတာပါ။ သင်တန်းပို့ချပေးတာကတော့ ခေါင်းစဉ် (၆) မျိုးပါဝင်ပါတယ်။ အဲဒါတွေကို သင်တန်းဆရာ (၁၂) ဦးက စာတွေ့၊ လက်တွေ့ လေ့ကျင့်ခန်းတွေနဲ့ အလှည့်ကျ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ဒီသင်တန်းပြီးသွားရင် အခုသင်တန်းက သင်တန်းသားတွေက သူတို့ကျရောက်မယ့် နေရာတွေမှာ ဆင့်ပွားသင်တန်းတွေပြန်ပို့ချပေးရမှာပါ။ အခုသင်တန်းက သင်တန်းသားတွေမှာ ရပ်/ကျေး အတွင်းရေးမှူးတွေလည်း ပါပါတယ် ” 

ဟု ကျောက်မဲမြို့နယ် အထွေထွေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှအဖွဲ့ဝင် ဒေါ်နန်းခင်အုန်းပွင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ဝန်ထမ်းတစ်ဦးချင်းစီ၏ တာဝန်ဝတ္တရားများ၊ မဲရုံသုံးပစ္စည်းများ၊ မဲရုံသုံးပုံစံများဖြည့်သွင်းခြင်း၊ မဲရုံတွင်ကြိုတင်ပြင်ဆင်ခြင်း၊ မဲပေးခြင်း လုပ်ငန်းစဉ်အဆင့်ဆင့်၊ မဲပေးစဉ်ကြုံတွေ့လာရနိုင်သည့် အခက်အခဲများအား ဖြေရှင်းခြင်း၊ မဲရုံမှူး/ ဒုမဲရုံမှူးတို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မဲစာရင်း စစ်ဆေးသူ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မဲလက်မှတ်ထုတ်ပေးသူ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ စသည်တို့ ပါဝင်သော ခေါင်းစဉ် (၆) ခုနှင့် ဆောင်ရွက်ရမည့် အချက်အလက်များကို သင်တန်းပို့ချပေးခြင်းဖြစ်သည်။
မဲရုံအတွင်း၊ အပြင်အတွက် ပြင်ဆင်ထားရပုံအဆင့်ဆင့်၊ ကိုဗစ်ကာလအတွင်းဖြစ်သည့်အတွက် ကိုဗစ် ကာကွယ်ရေး နည်းစနစ်များဖြစ်သည့် နှာခေါင်းစည်း mask များအား မဲရုံဝန်ထမ်းများ၊ မဲပေးသူများ တပ်ဆင် မှုရှိစေရန်၊ မဲလာပေးသူများက နှာခေါင်းစည်းမပါလာပါက မဲရုံတာဝန်ရှိသူများက ဝေငှပေးရန် အပါအဝင် ဆောင်ရန်၊ ရှောင်ရန်အချက်များနှင့်တကွ မဲရုံတစ်ရုံ၏ ပုံစံများကို စာတွေ့ လက်တွေ့သင်ကြားပြသ ပေးနေခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ သင်တန်းသို့ ကျောက်မဲဒေသအတွင်းရှိ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံဝန်ထမ်း စုစုပေါင်း (၁၅၆) ဦး တက်ရောက်နေပြီး အောက်တိုဘာ (၂၆) ရက်နေ့တွင် နောက်ထပ် (၁၅၆) ဦးကို ဆက်လက်သင်ကြား ပေးမည်ဖြစ်ကာ သင်တန်းပြီးဆုံးသွားပါက အဆိုပါ သင်တန်းသားများက မိမိတို့ တာဝန်ယူရမည့် မဲရုံရှိရာနေရာများ၌ ဆင့်ပွားသင်တန်းပြန်လည်ပို့ချကြမည်ဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~