ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပျဉ်းမြို့မှ (၂)နှစ်သားအရွယ် ကလေးငယ်တွင် Covid-19 တွေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပျဉ်းမြို့မှ (၂)နှစ်သားအရွယ် ကလေးငယ်တွင် Covid-19 တွေ့
အောက်တိုဘာ 20, 2020
By Tachileik News Agency

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းပျဉ်းမြို့မှ (၂)နှစ်သားအရွယ် ကလေးငယ်တွင် Covid-19 တွေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊  မိုင်းပျဉ်းမြို့တွင် ရန်ကုန်မှပြန်လာသည့်မိသားစုမှ အသက် (၂) နှစ်အရွယ်ကလေးငယ်တွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်နေ့၌ ဓာတ်ခွဲအဖြေရရှိသဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် စစ်ဆေးတွေ့ရသည့် COVID 19 အတည်ပြုလူနာများတွင် အသက်အငယ်ဆုံးအတည်ပြုလူနာတွေ့ရခြင်းဖြစ်သည်။
“မိုင်းပျဉ်းက (၂) နှစ်သမီးလေး။ ရန်ကုန်ကပြန်လာလို့ Quarantine ထားတဲ့အထဲက တွေ့တာပါ။ သူ့အမေနဲ့ အဒေါ်ကတော့ Negative ဖြစ်တယ်။ သူတို့က ပြန်ရောက်တာနဲ့ quarantine ချက်ချင်းဝင်ထားတာ။ ဒါပေမဲ့ နောက်ထပ် contact ဖြစ်တာတွေကိုတော့ ကျွန်တော်တို့ စုံစမ်းနေတယ်။ ကလေးကိုတော့ ဘယ်ဆေးရုံမှာ ကုပေးမယ်ဆိုတာ ကော်မတီက အစည်းအဝေးဆုံးဖြတ်မယ်ခင်ဗျ။ နောက်ဆုံး guideline အရဆိုရင်တော့ တခြားရောဂါအခံမရှိဘူးဆိုရင် မြို့နယ်ဆေးရုံမှာ ကုသပေးလို့ရပါတယ်”ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အောက်တိုဘာလ (၂၀)ရက်နေ့အထိ အတည်ပြုလူနာစုစုပေါင်း (၁၀)ဦး ရှိသည့်အနက် (၆)ဦးမှာ ဆေးရုံဆင်းသွားပြီဖြစ်ပြီး လက်ရှိတွင် မိုင်းတုံပြည်သူ့ဆေးရုံ၌ အတည်ပြုလူနာ (၁)ဦး၊ ကျိုင်းတုံပြည်သူ့ဆေးရုံ၌ အတည်ပြုလူနာ (၁)ဦး၊ မိုင်းဆတ်ပြည်သူ့ဆေးရုံ၌ အတည်ပြုလူနာ (၁)ဦးနှင့် မိုင်းပျဉ်းမှ အတည်ပြုလူနာ (၁)ဦးတို့ ကုသမှုခံယူနေဆဲဖြစ်သည်။
ဆေးရုံများ၌ ကုသမှုခံယူနေဆဲ အတည်ပြုလူနာများမှာ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက် 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~