တာချီလိတ်ဘက်သို့ မူးယစ်ဆေးသယ်လာသည့်ယာဉ်အား လိုက်လံဖမ်းဆီးမှုမှ စိတ်ကြွရူးသွပ်ဆေးပြား (၆၄)သိန်း ဖမ်းမိ

တာချီလိတ်ဘက်သို့ မူးယစ်ဆေးသယ်လာသည့်ယာဉ်အား လိုက်လံဖမ်းဆီးမှုမှ စိတ်ကြွရူးသွပ်ဆေးပြား (၆၄)သိန်း ဖမ်းမိ
သြဂုတ် 8, 2020
By Tachileik News Agency
တာချီလိတ်ဘက်သို့ မူးယစ်ဆေးသယ်လာသည့်ယာဉ်အား လိုက်လံဖမ်းဆီးရာမှ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း (၆၄)သိန်း ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့သို့ တာချီလိတ် - မိုင်းဆတ်လမ်းကြောင်းမှ မူးယစ်ဆေး သယ်လာသည့်  မော်တော်ယာဉ် တစ်စီးအား ရဲတပ်ဖွဲ့က ပိတ်ဆို့ဖမ်းဆီးရာ ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့ရပြီး စိတ်ကြွရူးသွပ်ဆေးပြား (၆၄)သိန်းကို ဖမ်းမိထားကြောင်း သိရသည်။

တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေး၊ မြို့မရဲစခန်းမှူး ဒုရဲမှူး ကျော်ထွန်းနိုင်နှင့် တပ်ဖွဲ့ဝင်များ၊ သက်သေများ ပါဝင်သည့် အဖွဲ့သည် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၇) ရက်နေ့ ညနေပိုင်းက တာချီလိတ် - မိုင်းဆတ်လမ်းတွင် ပိတ်ဆို့ ဖမ်းဆီးမှု လုပ်ဆောင်နေရာ ယန်းခေါင်ကျေးရွာဘက်မှ တာချီလိတ်ဘက် မောင်းနှင်လာသည့် Fortuner အမျိုးအစား မော်တော်ယာဉ်တစ်စီးအား တားစီးရာ မောင်းနှင်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

ထွက်ပြေးသွားသည့် မော်တော်ယာဉ်အား လိုက်လံဖမ်းဆီးရာ လမ်းဘေးတွင် ရပ်တန့်ထားခဲ့သည့် မော်တော်ယာဉ်ကိုသာ တွေ့ရပြီး ယာဉ်မောင်းထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်ကြောင်း သိရသည်။

ရပ်တန့်ထားခဲ့သည့် မော်တော်ယာဉ်အတွင်း ပူးပေါင်းအဖွဲ့မှဖမ်းဆီးရမိသည့် မော်တော်ယာဉ်အတွင်း ရှာဖွေရာ ဆာလာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၆၄)သိန်းပြားကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိမှုအား တာချီလိတ်မြို့မရဲစခန်းတွင် မူးယစ် (ပ) ၁၀၉/ ၂၀၂၀၊ မူး/စိတ် ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်စုံစမ်းနေကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~