ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီက ရှမ်းပြည်နယ်အတွင်း (၅၅)ဦး ဝင်ရောက် ယှဉ်ပြိုင်မည်

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီက ရှမ်းပြည်နယ်အတွင်း (၅၅)ဦး ဝင်ရောက် ယှဉ်ပြိုင်မည်
သြဂုတ် 8, 2020
By Tachileik News Agency

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက ရှမ်းပြည်နယ်အတွင်း (၅၅)ဦး ဝင်ရောက် ယှဉ်ပြိုင်မည်

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)က ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရေးကောက်ပွဲတွင် ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားမဲဆန္ဒနယ်များ  အပါအဝင် စုစုပေါင်း (၅၅)ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ၂၀၂၀ခုနှစ် ဩဂုတ်လ(၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ (UBP)က ရှမ်းပြည်နယ်အတွင်း၌ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း နေရာတွင် (၆)နေရာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းနေရာတွင် (၇)နေရာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာတွင် (၁၄)နေရာ နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာတွင် (၂၈)နေရာ စုစုပေါင်း (၅၅)နေရာ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(Union Betterment Party - UBP )အား ဦးဆောင်သူမှာ သူရဉီးရွှေမန်းဖြစ်ပြီး ၎င်းပါတီသည် နိုင်ငံရေးပါတီများ ပါတီမှတ်ပုံတင် အမှတ် (၁၁၂) ဖြင့် ၂၀၁၉ ခုနှစ် ဧပြီလ (၄) ရက်နေ့က ပါတီဖွဲ့စည်းတည်ထောင်ခွင့်ရရှိထားသည့် ပါတီတစ်ခုဖြစ်ပြီး၊ မြန်မာနိုင်ငံအတွင်း မြို့နယ်ပေါင်း (၃၃၀) ကျော်အနက် မြို့နယ် (၂၅၀) ကျော်တွင် ပါတီရုံးခွဲများ ဖွင့်လှစ်ထားရှိပြီး ပါတီဝင်အင်အား (၅) သိန်းကျော်ရှိနေကြောင်း သိရသည်။

Tachileik News Agency

b nm7

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~