တာချီလိတ်မြို့တွင် အမှတ်(၂)တံတားမှ စ၍ မိုင်းဖုန်း နှင့် မိုင်းကိုးကျေးရွာအုပ်စုများအထိ လျှပ်စစ်မီး နေ့တစ်ပိုင်း ပြတ်တောက်မည်

တာချီလိတ်မြို့တွင် အမှတ်(၂)တံတားမှ စ၍ မိုင်းဖုန်း နှင့် မိုင်းကိုးကျေးရွာအုပ်စုများအထိ လျှပ်စစ်မီး နေ့တစ်ပိုင်း ပြတ်တောက်မည်
ဇူလိုင် 4, 2020
By Tachileik News Agency

 တာချီလိတ်မြို့တွင် အမှတ်(၂)တံတားမှ စ၍ မိုင်းဖုန်း နှင့် မိုင်းကိုးကျေးရွာအုပ်စုများအထိ  လျှပ်စစ်မီး နေ့တစ်ပိုင်း ပြတ်တောက်မည်

တာချီလိတ်မြို့ရှိ ပါလျှံမီးပွိုင့်တွင် ဓါတ်မီးတိုင်များ နှင့် မီးလိုင်းကြိုးများ ရွှေ့ပြောင်းမည်ဖြစ်သည့်အတွက် ဇူလိုင်လ(၅)ရက်နေ့ နေ့တစ်ပိုင်း လျှပ်စစ်မီး မြို့ပြင် ကျေးရွာများအထိ ပြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ မိကျောင်းဝပ်ရှော့ရှေ့မှ ပါလျှံ(၃) မီးပွိုင့်အထိ မီးတိုင်များ နှင့် 22KV လိုင်းကြိုးများကို ရွှေ့ပြောင်းမည် ဖြစ်သည့်အတွက် ၂၀၂၀ခုနှစ် ဇူလိုင်လ(၅)ရက်နေ့ နံနက်(၉)နာရီမှ နေ့လည်(၁၂)နာရီအထိ လျှပ်စစ်မီး နေ့တစ်ပိုင်း ပြတ်တောက်မည်ဖြစ်သည်။

လျှပ်စစ်မီးပြတ်တောက်ရာတွင် တာချီလိတ်တစ်မြို့လုံးမဟုတ်ဘဲ မယ်ခေါင်ရပ်ကွက်ရှိ   မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၂) တံတားမှ စ၍ ရန်အောင်မြေ၊ ဝိန်းကျောက်၊ ပါဆတ် နှင့် ဆေခမ်း ရပ်ကွက်များ အပါအဝင် ဝမ်လုံးကျေးရွာအုပ်စု၊ ဖန်မင်ကျေးရွာအုပ်စု၊ မိုင်းကိုးကျေးရွာအုပ်စု၊ မိုင်းဖုန်း(က)နှင့် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုတို့အထိ ဖြစ်သည်။

လုပ်ငန်းအမြန်ဆုံးပြီးမြောက်ပါက သတ်မှတ်အချက်ထက် စော၍ လွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~