တာချီလိတ် Quarantine Center မှ မယ်ဆိုင်ဘက်ထွက်ပြေးသွားသည့် အမျိုးသားကို ဇွန်လ (၁)ရက်နေ့တွင် ကူးစက်ဥပဒေဖြင့် အမိန့်ချမည်

တာချီလိတ် Quarantine Center မှ မယ်ဆိုင်ဘက်ထွက်ပြေးသွားသည့် အမျိုးသားကို ဇွန်လ (၁)ရက်နေ့တွင် ကူးစက်ဥပဒေဖြင့် အမိန့်ချမည်
ဇွန် 1, 2020
By 🌸

တာချီလိတ် Quarantine Center မှ မယ်ဆိုင်ဘက်ထွက်ပြေးသွားသည့် အမျိုးသားကို ဇွန်လ (၁)ရက်နေ့တွင် ကူးစက်ဥပဒေဖြင့် အမိန့်ချမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မိုးကုတ်ဝိပဿနာတရားရိပ်သာ quarantine center မှ ထွက်ပြေးသွားသည့် အမျိုးသားတစ်ဦးကို ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်မှ ဖမ်းဆီးလွှဲပြောင်းပေးလာပြီဖြစ်၍ ကူးစက်ဥပဒေဖြင့် တရားရင်ဆိုင်ရမည်ဖြစ်သည်။

“မနေ့က နေ့စွဲနဲ့ ကူးစက်ဥပဒေနဲ့ တရားစွဲထားတာပါ။ ဒီနေ့ တရားရုံးတင် အမိန့်ချမယ်လို့ သိရတယ်”

ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မယ်ဆိုင်ဘက်မှ တာဝန်ရှိသူများက မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂) မြန်မာဘက်ခြမ်းသို့ လာရောက်လွှဲပြောင်းပေးရာ တာချီလိတ်ဘက်မှ တာဝန်ရှိသူများက လွှဲပြောင်းလက်ခံကြခြင်းဖြစ်သည်။

အဆိုပါ အမျိုးသားမှာ မေလ (၂၉)ရက်နေ့က ထိုင်းနိုင်ငံမှ ပြစ်ဒဏ်စေ့၍ ပြန်လွှဲလာသူ (၂၈)ဦးအဖွဲ့မှဖြစ်ပြီး ယင်းနေ့မှာပင် ထိုင်းနိုင်ငံမှ ပြန်ဝင်လာသည့်နေရပ်ပြန် (၄၈) ဦးနှင့်အတူ တာချီလိတ်မြို့ရှိ မိုးကုတ်ဝိပဿနာ တရားရိပ်သာ၌ ယာယီကန့်သတ်ထားကာ COVID 19 ဓာတ်ခွဲနမူနာ ရယူစစ်ဆေးနေစဉ် မေလ (၃၁)ရက်နေ့ နံနက်အစောပိုင်းက ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

၎င်းမှာ မယ်ဆိုင်မြို့ဘက်တွင် COVID 19 ကာလအတွင်း လူစုလူဝေးဖြင့် အရက်သောက်၍ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး မယ်ဆိုင်ဘက်၌ ငှားရမ်းထားသည့်နေအိမ်အခန်း ရက်ပြည့်သွားပါက ပစ္စည်းများကို ဖယ်ရှားခံရမည်စိုး၍ ထွက်ပြေးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

Quarantine center မှ ထွက်ပြေးသွားသူအပါအဝင် တာချီလိတ် Quarantine center ရှိ ထိုင်းနိုင်ငံမှ နေရပ်ပြန်များအားလုံး၏ ဓာတ်ခွဲအဖြေ၌ ပိုးမတွေ့ရကြောင်း ဇွန်လ (၁)ရက်နေ့တွင် အဖြေရထား၍ နေရပ်ဒေသအသီးသီးသို့ ပြန်ပို့ပေးထားပြီဖြစ်ပြီး quarantine center မှ ထွက်ပြေးသူကို တရားရုံးတင်ပို့ရန် ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~