မယ်ဆိုင် - တာချီလိတ်လမ်းကြောင်းမှ ပြည်တော်ပြန် (၁၆၄) ဦးအနက် (၅၄)ဦးကို တာချီလိတ်တွင် quarantine ထားရှိ

မယ်ဆိုင် - တာချီလိတ်လမ်းကြောင်းမှ ပြည်တော်ပြန် (၁၆၄) ဦးအနက် (၅၄)ဦးကို တာချီလိတ်တွင် quarantine ထားရှိ
ဇွန် 23, 2020
By 🌸
မယ်ဆိုင် - တာချီလိတ်လမ်းကြောင်းမှ ပြည်တော်ပြန် (၁၆၄) ဦးအနက် (၅၄)ဦးကို တာချီလိတ်တွင် quarantine ထားရှိ

မယ်ဆိုင် - တာချီလိတ်လမ်းကြောင်းမှတစ်ဆင့် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၃)ရက်နေ့၌ ပြည်တော်ပြန်လာသူ (၁၆၄) ဦးအနက် တာချီလိတ်မြို့နယ်အတွင်းမှ (၅၄) ဦးကို  COVID 19 စစ်ဆေးရန် မိုးကုတ်ဝိပဿနာ တရားရိပ်သာ၌ quarantine ထားရှိပြီး ကျန်(၁၁၀)ဦးကို နေရပ်အသီးသီးသို့ ပြန်ပို့ထားသည်။

"တိုင်းနဲ့ပြည်နယ်တွေက ပြည်တော်ပြန်တွေဆိုရင် ဒီကနေကားနဲ့စီစဉ်ပြီးတော့ စေလွှတ်လိုက်ပြီဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ပြစ်ဒဏ်က ပြန်လွတ်လာတဲ့သူတွေကျန်မယ်။ တာချီလိတ်မြို့ခံတွေကိုလည်း မိုးကုတ်ဝိပဿနာရိပ်သာမှာ Quantine ထားမှာဖြစ်တယ်။ သူတို့ကိုကျန်းမာရေးစစ်ဆေးမယ်။ Nagative အဖြေထွက်မှ သက်ဆိုင်ရာ ရပ်ကွက်တွေ၊ ကျေးရွာတွေပြန်လွှတ်ပြီး ကျန်တဲ့ Quarantine  ရက် ထပ်ဝင်ရမှာ ဖြစ်ပါတယ်"

ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ် (၂)တံတားမှ ပြည်တော်ပြန်ဝင်လာသည့် မြန်မာနိုင်ငံသား (၁၆၄) ဦးကို တာချီလိတ်ဘက်မှ တာဝန်ရှိသူများက ကျန်းမာရေးစစ်ဆေးခြင်း၊ နိုင်ငံသားစိစစ်လက်ခံခြင်းများ လုပ်ဆောင်ပြီးနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ပြန်လိုသည့် (၁၁၀) ဦးတို့ကို တာချီလိတ်မြို့ အားကစားဝင်းအတွင်းမှတစ်ဆင့် မော်တော်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်ပေးထားခြင်းဖြစ်သည်။

ပြည်တော်ပြန်များ နေရပ်ပြန်မည့် ဒေသအသီးသီးမှ တာဝန်ရှိသူများ ချိတ်ဆက်ပြီး စီစဉ်ထားသည့် မော်တော်ယာဉ်များဖြင့် ချိတ်ဆက်ပို့ဆောင်ပေးထားကာ နေရပ်အသီးသီး၌ (၂၁) ရက် quarantine ဝင်ကြရမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ရှိ မိုးကုတ်ဝိပဿနာတရားရိပ်သာ quarantine center တွင် ဇွန်လ (၂၃)ရက်နေ့က ပြည်တော်ပြန်လာသည့် တာချီလိတ်မြို့နယ်အတွင်းမှ (၅၄) ဦးနှင့် ပြစ်ဒဏ်စေ့ (၂၃)ဦး ထပ်တိုးရောက်လာပြီး ဇွန်လ (၁၅)ရက်နေ့ကတည်းက ထိုင်းဘက်က ဝင်လာသည့် ပြစ်ဒဏ်စေ့နှင့် ပြည်တော်ပြန် (၁၂၃)ဦးမှာ ဓာတ်ခွဲအဖြေစောင့်နေကြဆဲဖြစ်သည်။

တာချီလိတ်မိုးကုတ်ဝိပဿနာ တရားရိပ်သာတွင် quarantine ဝင်သူများအနေဖြင့် စားစရိတ်မျှဝေကျခံသည့်စနစ်ဖြင့် နေထိုင်ရမည်ဖြစ်ပြီး ပြစ်ဒဏ်စေ့များမှ ငွေကြေးမတတ်နိုင်သူများပါရှိပါက စားသောက်စရိတ်ကို တာချီလိတ်ခရိုင်/မြို့နယ် COVID ကော်မတီမှ ကျခံပေးပြီး နေရပ်ပြန်နိုင်ရေးအတွက်လည်း ခရီးစရိတ်ကိုလည်း ကျခံပေးနေရကြောင်း သိရသည်။

Tachileik News Agency 
သတင်း -ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~