မိုင်းယောင်း၌ ခေါင်းအုံးအတွင်း စိတ်ကြွဆေးပြားများထည့်၍ သယ်လာသည့် လူငယ်တစ်ဦးကို ဖမ်းမိ

မိုင်းယောင်း၌ ခေါင်းအုံးအတွင်း စိတ်ကြွဆေးပြားများထည့်၍ သယ်လာသည့် လူငယ်တစ်ဦးကို ဖမ်းမိ
ဇွန် 6, 2020
By 🌸

မိုင်းယောင်း၌ ခေါင်းအုံးအတွင်း စိတ်ကြွဆေးပြားများထည့်၍ သယ်လာသည့် လူငယ်တစ်ဦးကို ဖမ်းမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့ ည(၉)နာရီဝန်းကျင်က ဆီလီကွန်ခေါင်းအုံးအတွင်း ထည့်သွင်းသယ်ဆောင်လာသည့် လူငယ်တစ်ဦးကို စိတ်ကြွဆေးပြား (၂၀၀၀၀)ပြားနှင့်အတူ ဖမ်းမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်နှင့် မိုင်းယောင်းမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မိုင်းယောင်းမြို့နယ် မုန်းလိုက်ကျေးရွာအုပ်စု ဝမ်ဖကျေးရွာအနီး ဝမ်ဖတံတား၌ မိုင်းဖြတ်ဘက်မှ မိုင်းယောင်းဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသူတစ်ဦးအား စစ်ဆေးရာမှ ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

ပါပါး(ခ)ကယ်ကယ်သည် ဆိုင်ကယ်ခွကြားတွင် စီလီကွန်ခေါင်းအုံးတစ်လုံး သယ်ဆောင်လာသည်ကို တွေ့ရသဖြင့် ရှာဖွေရာ  WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား (၂၀၀၀၀) ပြားကို စစ်ဆေးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိသည့် ပါပါး(ခ)ကယ်ကယ်အား မိုင်းယောင်းမြို့မရဲစခန်းတွင်  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - စိုင်းယောင်းခမ်း
ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~