သင်သိပါသလား..... ( ညမထွက်ရ အမိန့် )

သင်သိပါသလား..... ( ညမထွက်ရ အမိန့် )
ဇွန် 30, 2020
By Tachileik News Agency

🔘 သင်သိပါသလား ……

🔘 ရှမ်းပြည်နယ်အတွင်း ညမထွက်ရအမိန့် မရုတ်သိမ်းရသေးဘူးဆိုတာ..

🔘 COVID 19 ထိန်းချုပ်ရေးအတွက် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်နေ့ အထိ သက်တမ်းထပ်တိုးထားတဲ့ ကန့်သတ်ချက်တွေနှင့်အတူ ညမထွက်ရအမိန့်ကိုလည်း ရုပ်သိမ်းထားခြင်း မရှိသေးပါဘူး။

🔘 ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ရန် တတ်နိုင်သမျှ မိမိနေအိမ်တွင်သာ နေထိုင်ကြရန် လမ်းညွှန်ထားပြီး ညမထွက်ရအမိန့်နဲ့ပါ တင်းကြပ်စွာ ဆောင်ရွက်ထားတာဖြစ်ပါတယ်။

🔘  ညမထွက်ရအမိန့်အရ ည (၁၂)နာရီမှ နံနက် (၄)နာရီအတွင်း COVID 19 ကာကွယ်ရေးအတွက် တာဝန်ပေးထားသူများ၊ လူနာနှင့် ကုန်တင်ယာဉ်များမှလွဲ၍ အပြင်ထွက် သွားလာခွင့်မရှိပါဘူး။

🔘 ချိုးဖေါက်သူများကို ပုဒ်မ ၁၈၈ ဖြင့် ထောင်ဒဏ် (၁)လမှ (၆)လအထိ ပြစ်ဒဏ်ချမှတ် အရေးယူနေတာဖြစ်ပါတယ်။

🔘 Source: ရှမ်းပြည်နယ် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ