ကယားပြည်နယ် လွိုင်ကော်မြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး

ကယားပြည်နယ် လွိုင်ကော်မြို့တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး
မေ 6, 2020
By Tachileik News Agency
ကယားပြည်နယ် လွိုင်ကော်မြို့တွင် အမျိုးသားတစ်ဦး  ကြိုးဆွဲချ သေဆုံး

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ နမ့်ဘော်ဝမ်(က)ရပ်ကွက်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ၂၀၂၀ခုနှစ် မေလ(၆)ရက်နေ့အကူး နံနက်(၁)နာရီခွဲ ဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူ အသက်(၂၆)နှစ်ရှိ အမျိုးသားသည် နေအိမ်ခြံဝန်းအတွင်း အင်သားတိုင် (၂)တိုင်တွင် ကြိုးဆွဲချသေဆုံးနေခြင်း ဖြစ်၍ အလောင်းအား ရွှေလွိုင်ကော်(ကယား)ပရတိတအသင်းက ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
သေဆုံးသူ ကိုကိုဦးသည် နေ့စဉ်အရက်အား အလွန်အကျွံ သောက်သုံးသူဖြစ်ကြောင်းသိရပြီး သေဆုံးရာတွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမရှိကြောင်း နှင့် သေဆုံးမှု နှင့် ပတ်သက်၍ လွိုင်ကော်မြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၉/၂၀၂၀ ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
ဓါတ်ပုံ - ရွှေလွိုင်ကော်(ကယား)ပရတိတအသင်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~