လွတ်ငြိမ်းသက်သာဖြင့် လွှတ်မြောက်လာတဲ့ ထိုင်းနိုင်ငံသားကို ပြည်နှင်ဒဏ်ပေး

လွတ်ငြိမ်းသက်သာဖြင့် လွှတ်မြောက်လာတဲ့ ထိုင်းနိုင်ငံသားကို ပြည်နှင်ဒဏ်ပေး
မေ 12, 2020
By Tachileik News Agency
 

လွတ်ငြိမ်းသက်သာဖြင့် လွှတ်မြောက်လာတဲ့ ထိုင်းနိုင်ငံသားကို ပြည်နှင်ဒဏ်ပေး

 နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းသက်သာနဲ့ နှစ်ဆန်းတစ်ရက်နေ့က မြင်းခြံအကျဉ်းထောင်က လွတ်မြောက်လာတဲ့ ထိုင်းနိုင်ငံသား တစ်ဦးကို ၂၀၂၀ခုနှစ် မေလ(၁၂)ရက်နေ့ နေ့လည်ပိုင်းက မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ ချစ်ကြည်ရေး အမှတ်(၂)တံတားကနေ ပြည်နှင်ဒဏ်ပေးကာ လွှဲပြောင်းပေးလိုက်ပါတယ်။

အခု ပြန်လည်လွှတ်မြောက်လာတဲ့ အသက်(၆၂)နှစ်ရှိ ထိုင်းနိုင်ငံသား နိုင်းဆွန်ဖုန်းဟာ  ၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၂၂)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က တာချီလိတ်ဘက်မှာ သူငယ်ချင်းဖြစ်သူထံ လာရောက်ခဲ့ပြီးနောက် နိုဝင်ဘာလ (၂၃)ရက်နေ့မှာ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်သို့အပြန် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၁)ပေါ်မှာ တာချီလိတ်ဘက်က ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုအရ စိတ်ကြွဆေးပြား (၈)ပြားနှင့် အိုက်စ် (ဝ.၁)ဂရမ်တို့ ကို တွေ့ရှိ ဖမ်းမိလို့  ကျိုင်းတုံမြို့နယ်တရားရုံးက စုစုပေါင်း ထောင်ဒဏ် (၂၂)နှစ် ချမှတ်ခံရသူပဲ ဖြစ်ပါတယ်။

အခုလိုပဲ နှစ်ဆန်းတစ်ရက်နေ့က နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းသက်သာနဲ့ ကျိုင်းတုံအကျဉ်းထောင်က လွှတ်မြောက်လာတဲ့ ထိုင်းနိုင်ငံသားများကိုလည်း ဧပြီလ(၃၀)ရက်နေ့ ချစ်ကြည်ရေး အမှတ်(၂)တံတားကနေပဲ လွဲပြောင်းကာ ပြည်နှင်ဒဏ်ပေးပြီး ဖြစ်ပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်း ၊  ရိုက်ကူး - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~