မိုင်းဆတ်မြို့တွင် Mask မတပ်ဘဲ သွားလာနေသူ (၁၄)ဦးကို Mask (၁၀)ခုစီ ဝယ်ခိုင်းသည့်စနစ်ဖြင့် ဒဏ်ပေး

မိုင်းဆတ်မြို့တွင် Mask မတပ်ဘဲ သွားလာနေသူ (၁၄)ဦးကို Mask (၁၀)ခုစီ ဝယ်ခိုင်းသည့်စနစ်ဖြင့် ဒဏ်ပေး
မေ 22, 2020
By Tachileik News Agency

မိုင်းဆတ်မြို့တွင် Mask မတပ်ဘဲ သွားလာနေသူ (၁၄)ဦးကို Mask (၁၀)ခုစီ ဝယ်ခိုင်းသည့်စနစ်ဖြင့် ဒဏ်ပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့ရှိ မြို့မဈေးရှေ့တွင် Covid-19 ကာကွယ်ရေးအတွက် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးချိန်တွင် တွေ့ရှိရသည့် နှာခေါင်းစည်း(Mask)မတပ်သူ (၁၄)ဦးကို Mask (၁၀)ခုစီ ဝယ်ခိုင်းစေသည့်  ပြစ်ဒဏ်ဖြင့် အသိပညာပေးလိုက်ကြောင်း သိရသည်။

မိုင်းဆတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်စိုးဦး ပါဝင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ နှင့် သက်ဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ၂၀၂၀ခုနှစ် မေလ(၂၂)ရက်နေ့ နံနက်(၈)နာရီအချိန်က မြို့မဈေးရှေ့တွင် စစ်ဆေးမှုများ လုပ်ဆောင်ရာ Mask မတပ်သူ စုစုပေါင်း (၁၄)ဦးကို စစ်ဆေးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

မိုင်းဆတ်မြို့တွင် နေအိမ်ပြင်ပသို့ မဖြစ်မနေ သွားလာပါက Mask တပ်ဆင်သွားလာရန် အသိပညာပေးထားပြီးနောက် စစ်ဆေးမှုများ ဆောင်ရွက်ရာ mask မတပ်သူများကို တွေ့ရှိရသည့်အတွက် တစ်ဦးလျှင် Mask (၁၀)ခုစီ ဝယ်ယူခိုင်းစေပြီး Mask (၅)ခုအား မြို့နယ် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ လှူဒါန်းစေပြီး ကျန်(၅)ခုထဲက တစ်ခုအား ချက်ချင်းအသုံးပြုစေပြီး (၄)ခုကို အိမ်သို့ ပြန်ယူသွားခိုင်းစေသည့် နည်းဖြင့် ဒဏ်ပေးကာ အသိပညာပေး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

မိုင်းဆတ်မြို့တွင် မဖြစ်မနေ အပြင်သွားလာရသူများအနေဖြင့် mask တပ်ရန်၊ mask တပ်ခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရပါက mask (၁၀)ခု ဝယ်ယူစေသည့် နည်းဖြင့် ဒဏ်ပေးမည်ဖြစ်ပြီး mask မဝယ်နိုင်ပါက အချုပ်ကားပေါ်တွင် နာရီပိုင်းချုပ်နှောင်ထားသည့် အပြစ်ပေးစနစ်ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ၂၀၂၀ခုနှစ် မေလ(၁၅)ရက်နေ့က ကျင်းပပြုလုပ်သည့် မိုင်းဆတ်ခရိုင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး ညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 Tachileik News Agency
သတင်း - မြင့်မောင်(မိုင်းဆတ်)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~