ကျိုင်းတုံမြို့ရှိ ယန်းခမ်းအဝေးပြေးယာဉ်ရပ်နားစခန်းတွင် COVID-19 ကာကွယ်ရေးအတွက် ခရီးသယ်ယာဉ်များကို ဆေးဖြန်းကာ အသိပညာပေးနေ

ကျိုင်းတုံမြို့ရှိ ယန်းခမ်းအဝေးပြေးယာဉ်ရပ်နားစခန်းတွင် COVID-19 ကာကွယ်ရေးအတွက် ခရီးသယ်ယာဉ်များကို ဆေးဖြန်းကာ အသိပညာပေးနေ
မေ 22, 2020
By Tachileik News Agency
ကျိုင်းတုံမြို့ရှိ ယန်းခမ်းအဝေးပြေးယာဉ်ရပ်နားစခန်းတွင် COVID-19 ကာကွယ်ရေးအတွက် ခရီးသယ်ယာဉ်များကို ဆေးဖြန်းကာ အသိပညာပေးနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ယန်းခမ်းအဝေးပြေးယာဉ်ရပ်နားစခန်းတွင် ပြန်လည်ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်များအား covid-19 ကာကွယ်ရေးအတွက် အသိပညာပေးနေပြီး ပိုးသတ်ဆေးဖြန်းခြင်းကိုပါ   ပူးပေါင်းအဖွဲ့ဖြင့် လုပ်ဆောင်နေကြောင်း သိရသည်။

ထွက်သမျှကားတွေကို ပိုးသတ်ဆေးဖြန်းပေးနေတာပါ၊ ဒီက ထွက်တဲ့ကားတွေရော တောင်ကြီးက လာပြီး ဆက်ထွက်မဲ့ ကားတွေကိုပါ ဖြန်းပေးတာပါ၊  ကျွန်တော်တို့ ကျန်းမာရေး အသိပညာ‌ပေးတယ်၊ ပြီးရင် အချက်(၅)ချက်နဲ့အညီ ဆောင်ရွက်ပေးတယ်

ဟု ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တွဲဖက်ပြည်နယ်ရုံး(ကျိုင်းတုံ)မှ စစ်ဆေးရေးမှူး(၂) ဦးအောင်မိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့ ယန်းခမ်းအဝေးပြေးယာဉ်ရပ်နားစခန်းတွင် ပြန်လည်ပြေးဆွဲနေသည့် ယာဉ်များကိုသာ ကျန်းမာရေး အသိပေးကာ covid-19 ကာကွယ်ရေး အချက်(၅)ချက်ဖြင့် ပူးပေါင်းအဖွဲ့က ဆောင်ရွက်ပေးနေရာတွင် ၂၀၂၀ခုနှစ် မေလ(၁၉)ရက်နေ့က စတင်ဆောင်ရွက်ရာ မေလ(၂၂)ရက်နေ့ အပါအဝင် (၄)ကြိမ်ရှိပြီ ဖြစ်ကြောင်း သိရသည်။

ယာဉ်မောင်းများအတွက် ကျန်းမာရေး အသိပညာပေးကာ ရောဂါမကူးစက်ရန် ကာကွယ်ရေး အစီအမံများ ဆောင်ရွက်မှုနှင့် ပတ်သက်၍ ယာဉ်မောင်းတိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်မောင်းနှင်ရန်၊ ယာဉ်ပေါ် အတက်/အဆင်းတိုင်း လက်သန့်စင်ဆေးရည်ဖြင့် ဆေးကြောရန်၊ ခရီးသည်တင် ယာဉ်ဖြစ်ပါက ခရီးသည်များ  နှာခေါင်းစည်း(Mask)တင်ဆင်ရန်၊ ယာဉ်ပေါ်ရှိ ထိုင်ခုံများတွင် ခရီးသည်များ နေရာယူရာ၌ သတ်မှတ် အကွာအဝေးရှိ စေရန် နှင့် မော်တော်ယာဉ်များ တစ်ခေါက်ပြေးဆွဲပြီးတိုင်း ပိုးသတ်ဆေးဖြန်းရန် စသည်တို့ကို ပူးပေါင်းအဖွဲ့ဖြစ် နေ့စဉ် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

အသိပညာပေးလုပ်ငန်းများကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(တွဲဘက်ပြည်နယ်ရုံး)၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လုပ်ငန်းလိုင်စင်နှင့်သယ်ယူပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာန၊ ကုန်းလမ်းပို့ဆောင်ရေး၊ အမှတ်(၁၁၈)ယာဉ်ထိန်းရဲတပ်ဖွဲ့တပ်ဖွဲ့နှင့် မြို့နယ်ပုဂ္ဂလိကယာဉ်လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီတို့မှ ပူးပေါင်း လုပ်ဆောင်နေကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကညန


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~