တာချီလိတ်မြို့၏ ပထမဆုံး covid-19 အတည်ပြုလူနာ မေလ(၂၀)ရက်နေ့တွင် ကျိုင်းတုံဆေးရုံက ဆင်းခွင့်ရမည်

တာချီလိတ်မြို့၏ ပထမဆုံး covid-19 အတည်ပြုလူနာ မေလ(၂၀)ရက်နေ့တွင် ကျိုင်းတုံဆေးရုံက ဆင်းခွင့်ရမည်
မေ 19, 2020
By Tachileik News Agency
တာချီလိတ်မြို့၏ ပထမဆုံး covid-19 အတည်ပြုလူနာ မေလ(၂၀)ရက်နေ့တွင် ကျိုင်းတုံဆေးရုံက ဆင်းခွင့်ရမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့် COVID 19 အတည်ပြုလူနာ (၃)ဦး အနက် ပြန်လည်ဓါတ်ခွဲစစ်ဆေးမှုတွင် နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရတော့သည့် တာချီလိတ်မြို့၏ ပထမဆုံး အတည်ပြုလူနာ (Case 96) ကို ၂၀၂၀ ခုနှစ်၊ မေလ (၂၀) ရက်နေ့၌ ဆေးရုံဆင်းခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

မနက်ဖြန် မနက် (၉)နာရီမှာ ဆေးရုံဆင်းခွင့်ရမယ်လို့ ပြောပါတယ်။ အိမ်ပြန်ရောက်တဲ့အချိန်မှာ လိုက်နာဆောင်ရွက်ရမှာတွေကတော့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း ဖြစ်ပါတယ်။ ဆေးရုံအုပ်ကြီးကလည်း ဆေးရုံဆင်းမှတ်တမ်းမှာ ဒါတွေအားလုံး ရေးပေးလိုက်မယ်လို့လည်း ပြောပါတယ်။ တာချီလိတ်ဆေးရုံက လူနာတင်ယာဉ်နဲ့ လာခေါ်ပေးမှာပါ။

ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ပထမဆုံးအတည်ပြုလူနာအဖြစ် မိုင်းဖြတ်မြို့မှ အမျိုးသားတစ်ဦးကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၅)ရက်နေ့က COVID 19 အတည်ပြုလူနာ (Case 64) အဖြစ် စတင်တွေ့ရှိပြီး တာချီလိတ်မှ အမျိုးသားတစ်ဦး (Case 96)အမျိုးသားကို ဧပြီလ (၁၈)ရက်နေ့က ဒုတိယမြောက်လူနာအဖြစ် တွေ့ခဲ့ရကာ ဧပြီလ (၂၀) ရက်နေ့တွင် တတိယမြောက်လူနာအဖြစ် တာချီလိတ်မှ သူနာပြုဆရာမကို (Case 112) အဖြစ် ဓါတ်ခွဲတွေ့ခဲ့ရခြင်းဖြစ်သည်။

အဆိုပါ အတည်ပြုလူနာများအား ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ကုသပေးနေပြီး ပြန်လည်ဓါတ်ခွဲစစ်ဆေးရာ အတည်ပြုလူနာ (Case 96) မှာ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရတော့ကြောင်း ဓါတ်ခွဲအဖြေရ၍ မေလ (၅)ရက်နေ့မှစ၍ ဆေးရုံတွင် စောင့်ကြည့်ထားခြင်းဖြစ်ပြီး မေလ (၂၀)ရက်နေ့၌ ဆေးရုံဆင်းခွင့်ပြုမည်ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~